SHWE TOE avatar

Intro myself post

shwetoe

Published: 01 Jan 2018 › Updated: 01 Jan 2018Intro myself post

Intro myself post

ယခု ​ရေးမဲ့အ​ကြောင်းရာသည်​ ​Steemit အတွက်​ Intro post ဖြစ်​သလို ​ကျော်​​တော်​ Online ​ငွေရှာ​လောကအတွင်းဖြတ်​သန်းခဲ့သည့်​အ​တွေ့ကြုံနဲ့ သင်​ခန်းစာတစ်​ချို့ရသည်​ကို အားလုံးသိ​အောင်​​ပြောပြ​ပေးမည်​ဖြစ်​သည်​။

BookofMyselfRuth_640x480-400x297-picsay.jpg

ပထမဆုံး​ကျော်​​တော်​အ​ကြောင်းပဲ အရင်​စ​ပြောပါအုံးမယ်​။ ရိုးရုင်းပါတယ်​။ သာမန်​ဘဝပါပဲ။ လူလတ်​တန်းစားပါ။မိသားစု ၅ ​ယောက်​ရှိပါတယ်​။ လက်​ရှိ​နေတာက​တော့ မိသားစုသုံး​ယောက်​ပါ။ အကို ,အမ နဲ့ကွဲ​နေပါတယ်။ ဘာ​ကြောင့်​ကွဲတာလဲမပြာပြလိုပါ။Parsonal ကိစ္စမို့ပါ။ ​လက်​ရှိ​တော့ နည်းပညာအထက်​တန်း​ကျောင်းမှာ ဒုတိယနှစ်​​အောင်းထားပြီး တက္ကသိုလ်​ ဆက်​မတက်​နိုင်​တာ​ကြောင့်​ အပြင်​အလုပ်​​လုပ်​ပြီး ပိုက်​ဆံစု​နေရပါတယ်​။ ငယ်​တုန်းက စိတ်​ကူးယဉ်​ခဲ့တာက တက္ကသိုလ်​ပြီး အင်​ဂျင်​​နေရာဘွဲ့ရတစ်​​ယောက်​ ​​အေး​ဆေး​ဆေးသာသာယာယာနဲ့အလုပ်​လုပ်​ချင်​တာပါ။ လူတိုင်း​တော့ စိတ်​ကူး​နဲ့လက်​​တွေ့ ထပ်​တူမကြနိုင်​ပါ။ ဒါက​လောကရဲ့ သဘာဝပါပဲ​လေ။ လက်​ရှိ အလုပ်​ကြမ်းလုပ်​​နေရပြီး သူများခိုင်းတာလုပ်​​နေတဲ့ လူကြမ်းသမားပါ။ ဘဝအတွက်​ ရုန်းကန်​​နေရသူပါ။ အခု​တော့ အလုပ်​ကြမ်းဆက်​မလုပ်​​တော့ပါ။ မလုပ်​နိုင်​တာ​တော့​ကြောင့်​ပါ။

Online ​ငွေရှာ​လောက ​ရောက်​ခဲ့တာ တစ်​နှစ်​ပြည့်​​လောက်​ပါပြီ။ ဒီ​လောကထဲစဝင်​တုန်းက online ​ငွေရှာသင်​တန်းဖွင့်​တယ်​။ သင်​တန်း​ကြေးဘယ်​​လောက်​ဆိုပြီး​တောင်းပြီး မျှ​ဟေသူ​တွေသိပ်​ပြီးမရှိ​သေးတဲ့​ခေတ်​ပါ။အဲ့ဒီတုန်းက​ ​ကျော်​​တော်​ သင်​တန်းမတက်​နိုင်​ခဲ့ဘူး။ အဲ​တော့ Online မှာ​ငွေဘယ်​လိုရှာရမှန်းမသိ ​ရောက်​လည်​လည်​ဖြစ်​​နေခဲ့တယ်​။ တစ်​ချို့ကြ​တော့ Ref ​ကောင်းပြီးအဆင်​​ပြေကြ​ပေမဲ့ ​ကျော်​​တော်​မှာ့  Ref ရှာရမှန်းလဲမသိ ဟိုလူ့လိုက်​​မေးဒီ့လူ့လိုက်​​မေးနဲ့ ​ရောင်​ချာချာဘဝ။ သင်​တန်း​ကြေး​တွေလဲ ​ဈေးမြင့်​ပါတယ်​။ ၅သောင်း ၃သောင်း အနဲဆုံးပါ။ ဒါက သူတို့ လုပ်​စားတာလဲဖြစ်​နိုင်​သလို လိမ်​စားတဲ့ဖြစ်​နိုင်​ပါတယ်​။ ​ကျော်​​တော်မှာတက်​နိုင်​ဖို့​နေ​နေသာသာ ကိုယ်​ဟာနဲ့ စားဖို့​သောက်​ဖို့အနိုင်​နိုင်​ဘဝပါ။ ​ကျော်​​တော်​ Online ​ငွေရှာ​လောကထဲဝင်​လာ​တော့ လူလိမ်​​တွေနဲ့တိုးခဲ့ဖူးတယ်​။ ကိုယ်​တိုင်​အလိမ်​ခံထိခဲ့ဖူးတယ်​။ အဲတုန်းက ခင်​​ဗျားတို့လဲ သိ​ကောင်းသိမှာပါ။ Exchanger ဆိုပြီး Acc တု​တွေလုပ်​ ချလန်​လက်​မှတ်​​တွေ Photoshot လုပ်​ပြီး ​ငွေလွှဲလိုက်​ပြီးဆိုပြီး​ပြော ​နောက်​​ငွေက ကိုယ်​ဆီမ​ရောက်​လာ။ ဒီလို​တွေဖြစ်​​နေတဲ့အချိန်​မှာ ကိုယ်​ကိုတိုင်​လဲ အလိမ်​ခံထိဖူးပါတယ်​။ ဘယ်​လို အလိမ်​ခံထိဖူးလဲဆို​တော့ ??? နိုင်​ငံခြားသားတစ်​​ယောက်​ပါ။ သူဆီမှာ Mining စက်​​တွေရှိတယ်​​ပြောပါတယ်။ ​ဓာတ်​ပုံနဲ့​ကျော်​​တော်​ကိုပြပါတယ်။ ​ကျော်​​တော်​ Photoshot မှန်းမသိခဲ့ဘူး​ဗျ။ သူက Bitcoin(0.5 BTC) ​ချေး​ပေးမယ်​​ပြောတယ်​။ သူက Fee ခအ​နေနဲ့ 10$ အရင်ပို့​ပေးရမယ်​လို​ပြောတယ်​။ အဲတုန်း BTC ​ဈေး 8000$ ​ပေါက်​​ဈေးပါ။ ​ကျော်​​တော်​အယုံလွယ်​ခဲ့မိတယ်​။ မရှိမဲ့ရှိမဲ့ပိုက်​ဆံ ၂သောင်း ​လောက်​ကို ကိုဒီပ​ကျော်​ဆီမှာ BTC 10$ သွားဝယ်​ပြီး သူဆီလွဲ​ပေးလိုက်​တယ်​။ ​နောက်​​တော့ သူဆီလဲ​ရောက်​​ရော သူ့Computer က Software Shutdown ဖြစ်​သွားတယ်​ Acc ဖျက်​​ပေးသွားပါတယ်​။ ဒီ​တော့​သေချာ​ပေါက်​သိလိုက်ပါပြီ။ အယုံလွယ်​လို့ အလိမ်​ခံလိုက်​ရတာပါ။ ဘဝပျက်​နိုင်​တဲ့အတိုင်းတာမဟုတ်​သည်​အတွက်​ ​ကျော်​​တော်​အတွက်​မ​ပြောစ​လောက်​ပါ။ လူလိမ်​​တွေ ဒီ Online ​ငွေရှာ​လောကထဲ​နောက်​မှ ဝင်​လာသူ​တွေကို နည်းအမျိုးမျိုးနဲ့လိမ်​အုံးမှာပါ။ လက်​ရှိက​တော့ အရင်​က​လောက်​​တော့ ဆိုးဆိုးရွားရွားအလိမ်​ခံရတာမ​​တွေ့​တော့​ပေမဲ့ ​ရှိ​တော့ရှိ​နေဆဲပါ။ ခင်​​ဗျားတို့ ​ကျော်​​တော်​လို​တော့ မဖြစ်​ကြ​ပါစေကုန်​နဲ့ ။ ​ကျော်​​တော်​ Steemit ဘက်​စ​လျောက်​မဲ့လိုစိတ်​ကူးခဲ့တာအရင်​ကတည်းကပါ။ အချိန်​မ​ပေးနိုင်တာ​ရယ်​။ Acc ဖွင့်​တာအခက်​ခဲဖြစ်​​နေတာရယ်​​တာ​ကြောင့်​​ပါ။ အခု​တော့ အချိန်​​ပေးနိုင်​ပါပြီ​လေ။ ​ကျော်​​တော့်​ Online မှာအလုပ်​လုပ်​​နေတာ Steemit တစ်ခုတည်း​တော့မဟုတ်​ပါ။ Faucethub ​၊ Hyip​ ၊ Coin trade ဒီသုံးခုကို အ​ဓိကထားလုပ်​​နေပါတယ်​။ Faucethub က​တော့ လက်​ရှိ Ref ​ကောင်း​နေတာ​ကြောင့်​ပင်​ပင်​ပန်းပန်း​တော့လုပ်​စရာမလိုပါ။ Hyip ​က​တော့အရှုံးမြတ်​ရှိပါတယ်​။ Coin trade တာ​က​တော့ မမြတ်​​တောင်​ လက်​ထဲအချိန်​ကြာကြာ​အောင်းထားနိုင်​အရင်း​တော့ ပြန်​ရပါတယ်​။ဒီ​လောက်​ဆိုရင်​​တော့ ​ကျော်​​တော်​ Online မှာ​ငွေဘယ်​လိုရှာလဲ?? Online ​လောကထဲမှာ ဘယ်​လိုကြုံခဲ့ရလဲ အကြမ်းမျဉ်း​လောက်​​တော့ သိ​လောက်​ပါပြီ​လေ။
ယခုသည်​ Intro post ဖြစ်​သည့်​အတွက်​ လိုအပ်​ချက်​များစွာ ရှိနိုင်​ပြီး ဖတ်​ရတာ ​ပေါ့ပျက်​ပျက်​ဖြစ်​​ကောင်း​ကောင်းဖြစ်​နိုင်​ပါမယ်​။ ​​ကျော်​​​တော့်​ထက်​ တက်​ကျွမ်းနားလည်​သူများ comment ​တွေအကြုံပြုပြီးဘယ်​လိုဆက်​​ရေးရမလဲ ဝိုင်းဝန်းအကြုံပြု​ပေးကြပါ​လေ။ မင်္ဂလာရှိ​သော​နေ့ဖြစ်​ပါ​စေ။

shwetoe@shwetoe
Credit - (Google image)

Leave Intro myself post to:

Written by

Read more #myanmar posts


Best Posts From SHWE TOE

We have not curated any of shwetoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From SHWE TOE