ဝန်ဆောင်မှုကောင်းပါစေ။
ယခင်ပို့စ်မှအဆက်
https://steemit.com/make/@shwetoe/make-good-service
နာမည်ကျော် အထက်တန်းစားသောက်ဆိုင်တစ်ဆိုင်ရှိသည်။ ဆိုင်တွင် စားသုံးသူအရမ်းများသောကြောင့် စားပွဲထိုးကောင်လေး၊ ကောင်းမလေးများ အများပြားငှါးထား၏။ စာသုံးသူကလဲများ၊ ဈေးကလဲကြီးသောကြောင့် စားပွဲထိုးကောင်လေး၊ကောင်မလေးများ တညတည အောက်ဆိုဒ်ကြေး တစ်သောင်းကျပ်မှ သောင်းခွဲ လောက်ထိရကြသည်။ တစ်ခါတစ်ရံ သို့ထက်ပင်ပိုရပါသေးသည်။ မနက် ၆နာရီ မှ ည၉နာရီ ထိအလုပ်လုပ်ရသောကြောင့် နားချိန်တော့ နဲပေသည်။
တနလာင်္နေ့တိုင်းတွင် မန်နေဂျာက စားပွဲထိုးများနှင့် တွေ့ဆုံပြီးအစည်းဝေးထိုင်ဆွေးနွေးကြသည်။ စာသုံးသူများ စားသောက်ပြီးပြန်မည့်ချိန်တွင် အစားသောက်များအိမ်သို့ ထပ်ဝယ်သွားနိုင်မည့် နည်းလမ်းများရှာကြသည်။ အစားသောက်များရောင်းပြီး အပိုငွေ အောက်ဆိုဒ်ကြေးရမည့် နည်းလမ်းများကို ထည့်ပြီးဆွေးနွေးကြသည်။
စားပွဲထိုးနှင့် မန်နေဂျာ စားသောက်ဆိုင်ပိုင်ရှင် ရရှိသော ဝင်ငွေကြေးကို လျှိထားစရာမလို လူတိုင်းခန့်မှန်း၍ ရကြသည်။ တနေ့တွင် စားပွဲထိုးကောင်မလေးသည် အောက်ဆိုဒ်ပိုရသော စားပွဲထိုးများနောက်မှ မကြာမကြာလိုက်နေရသည်ကို မန်နေဂျာက သတိထားမိနေသည်။ ဒီစားပွဲထိုးကောင်းမလေးမှာ ရုပ်လဲမဆိုးလှ၊ သွက်လည်းသွက်သည်။ ဒါဖြင့် မန်နေဂျာမှ သူ့စာရင်းစာအုပ်ထဲ စားပွဲထိုးကောင်းမလေး၏ အောက်ဆိုဒ်ကြေးကို လှန်ကြည့်လေရာ သူမက အရအနဲဆုံးဖြစ်နေသည်။ စားပွဲအရေတွက်ကလဲ သူများနဲ့အတူ၊ စားသုံးသူအရေတွက်လဲ သူများနဲ့အတူတူ၊ ဘာများမှားနေလို့ အောက်ဆိုဒ်ကြေးနဲနေရသလဲလို့ ဟု မန်နေဂျာမှ အဖြေရှာကြည့်လေရာ အဖြေကို သွားတွေ့လေသည်။
အောက်ဆိုဒ်ကြေးနဲသော ထိုကောင်မလေးသည် စားသုံးသူ အစားသောက်မှာသည်ကို တခြားစားပွဲထိုးတွေလို စာရွက်စာတန်းမမှတ်။ သူမက အမှာကိုစိတ်နဲသာမှတ်သည်။ စားသုံးသူများက သူမှတ်ဥာဏ်ကို အထင်ကြီးလေးစားမည်ထင်လေသည်။ သို့သော် စားသုံးသူများမှာ သူ့မှတ်ဥာဏ်ကို အထင်မကြီး၊ အစားသောက်များကို အလွဲများလာချမည်ဟု စိတ်မချဖြစ်ကြသည်။ သူမမှ အစားသောက်မှန် ယူလာသည်ထား သူတို့မှာသည့်အစားစာများမှ ဟုတ်မှဟုတ်ပါမလား ဟု သကာင်္မကင်းကြပေ။ နောက်ပြီး စာသုံးသူကို မသိမသာ ဈေးပိုတွက်တာမျိုးလုပ်သည်။ သူမဆီပဲ အမြဲမှာစားနေသူက သတိမထားမိသော်လည်း တစ်ခြားစားပွဲထိုးကောင်လေး၊ ကောင်းမလေးများနဲ့ ပြောင်းလဲမှာစားနေသူမှာကတော့ သူမဈေးပိုတွက်သည်ကို သတိထားမိ၍ နောက်တစ်ခါ သူ့ဆီမမှာကြတော့ပေ။ ဒါကြောင့် သူမှာတခြား စားပွဲထိုးနောက်သို့ ကပ်၍လိုက်နေရခြင်းဖြစ်ပေသည်။
နောက်ဆုံးတွင် မန်နေဂျာက အကျိုးကြောင်းပြောပြပြီး အကြံပေးတော့ ကောင်မလေးက သူအမှားကို သူမြင်သွားပြီး နောက်ဒီလိုမဖြစ်အောင် သူ့အမှားကို ပြုပြင်သည်။ စားသုံးသူမှာသည်လဲ စာရွက်တွင်ရေးမှတ်သည်။ ဈေးကိုလဲ ပုံမှန်ပဲတွက်တော့သည်။ မကြာမီတွင် သူလည်း အောက်ဆိုဒ်ကြေးပိုရသော စားပွဲထိုးဖြစ်လာပါသည်။
ထိုကြောင့် ဆိုလိုသည်မှာ ရောင်းသူနှင့် ဝယ်သူသည် ဂရုတစိုက်ရှိရန်လိုသလို၊ ဝန်ဆောင်မှုကောင်းရမည်၊ ဈေးသက်သာရမည်၊ ထိုပြင် အစားသောက်ဖြစ်ဖြစ်၊ ကုန်ပစ္စည်းဖြစ်ဖြစ် စာရွက်စာတန်းဖြင့်ရေးမှတ်ပါ။ ဒါဆိုရင်သေချာပေါက် ဖောက်သည်များတိုးပွားနိုင်ကြောင်း ကျော်တော်သေချာပေါက် ပြောရဲပါသည်။
@shwetoe
Photo Credit (Google image)
Leave ဝန်ဆောင်မှုကောင်းပါစေ။ to:
Read more #make posts
Best Posts From SHWE TOE
We have not curated any of shwetoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.