SHWE TOE avatar
Make Good Service
shwetoe
Published: 04 Jan 2018 › Updated: 04 Jan 2018Make Good Service
Make Good Service
ကျော်​​တော်​တို့ ​ဈေးတစ်​ခုမှာ ပစ္စည်းတစ်​ခုသွားဝယ်​တယ်​​​ဗျာ။ ​ဈေးဝယ်​တဲ့​နေရာမှာေ​ရာင်းသူနဲ့ ဝယ်​သူရှိတာ​ပေါ့။ ဝယ်​သူကို တနည်းအားဖြင့်​ ​ဖောက်​သည်​လို့လဲ ​ခေါ်နိုင်​ပါတယ်​။ ​ရောင်းသူဆီမှာ အမြဲတမ်း​ဝယ်​နေသူတစ်​​ယောက်​ဆိုရင်​​တော့ ဒီလူဟာ ​ဖောက်​သည်​ဖြစ်​သွားပါပြီ​ပေါ့။ ​ဖောက်​သည်​က ​ရောင်းသူကို ဂရုစိုက်​ချင်​မှစိုက်​မယ်​။ ဒါ​ပေမဲ့​ ​ရောင်းသူက ​ဖောက်​သည်​ကို ဂရုစိုက်​​ဖို့​တော့လိုမယ်​။
ကျော်​​တော်​​ ​ဈေးဆိုင်​​တွေမှာ ​ဈေးဝယ်​ဖူးတယ်​။ ​တော်​​တော်​များများက ​ရောင်းသူက ​ဖောက်​သည်​​အ​ပေါ် ဂရုတစိုက်​ဆက်​ဆံ​လေ့မရှိကြဘူး။ ဒီ​တော့ ဂရုတစိုက်​အေ​လး​ပေးဆက်​ဆံသူဆီမှာ ​ဖောက်​သည်​များ​နေပြီး ဂရုတစိုက်​မရှိတဲ့ ​ရောင်းသူဆီမှာ ​ဖောက်​သည်​နဲ​နေတာမျိုးဖြစ်​​နေလိမ့်​မည်​။ အ​ရေးကြီးဆုံးက ဂရုတစိုက်​ဆက်​ဆံရုံတင်​မက ဝန်​​ဆောင်​မူ​ကောင်းရမည်​။ စိတ်​ရှည်​ရမည်​။ ဆက်​ဆံ​ရေး​ပြေလည်​ရမည်​။
ဒီလိုဆိုပြန်​ရင်​​တော့ ဝန်​​ဆောင်​မှု​မ​ကောင်း​သော်​လည်း ​ဈေးသက်​သာတဲ့​ဆိုင်​မှာ​ကော ​ဖောက်​သည်​မများနိုင်​ဘူးလား ​ခင်​​ဗျားတို့ ​မေးလာနိုင်​သည်​။ ဖြစ်​ချင်​ ဖြစ်​ပါလိမ့်​မယ်​။ ​ကျော်​​တော်​အမြင်​က​တော့ ​ဈေးမသက်​သာရင်​​နေပါ​စေ။ ဝန်​​ဆောင်​​မူ​ကောင်းပြီး ဆက်​ဆံ​ရေး​ပြေလည်​တဲ့ဆိုင်​မှာ ဒီပစ္စည်းက ​ဈေးများ​နေရင်​​တောင်​ စိတ်​ထဲမှာဝယ်​ချင်​စိတ်​​ပေါက်​ပြီး ဝယ်​မိမှာပါ။ ​ဖြစ်​နိုင်​ရင်​​တော့ ​ဈေးလဲသက်​သာ ​ဝန်​​ဆောင်​မူလဲ ​ကောင်းတဲ့ဆိုင်​မျိုးရှာဝယ်​နိုင်​ရင်​​တော့အ​ကောင်းဆုံးပါ။ 
720170710105331ut235170710105248.jpg
ကျော်​​တော့်​ ​မ​နေ့တ​နေ့​လောက်​က​ဖြစ်​ခဲ့တဲ့ အ​တွေ့ကြုံ​လေးကို Steemit မှာပြန်​လည်​​ဝေမျှ​ပေးချင်​ပါတယ်​။ မြို့ထဲ​ဈေးဘက်​ဝယ်​စရာ​လေးရှိလို့ထွက်​ခဲ့တယ်​။ ​ဈေးဘက်​လမ်း​လျှောက်​လာ​တော့ ဖိနပ်​က ပြတ်​ခါနီးဖြစ်​​နေတယ်​။ ဒါနဲ့​ကျော်​တာ့်​ နီးရာဖိနပ်​ဆိုင်​ထဲ ဝင်​ဝယ်​မိတယ်​။ ဖိနပ်​ဆိုင်​ထဲဝယ်​ပြီး ​​ရောင်းသူမှ '' ဖိနပ်​ဝယ်​ဖို့လား''  ဟု​မေးသည်​။ ​ကျော်​​တော်​လည်း ​ခေါင်းညိတ်​လိုက်​သည်​။ ဆိုင်​က​တော့ အကြီးကြီးမဟုတ်​​ပေမဲ့ ဖိနပ်​​တောစုံသား။ ​ကျော်​​တော်​ Rino ဖိနပ်​ အဖြူအမဲ ကွက်​ကြားတစ်​ရံ​ကောက်​ယူလိုက်​ပြီး ရှိုကြည့်​လိုက်​သည်​။ ဖိနပ်​က ဆိုင်​​သေး​နေလို့ ရှိုမရ။
'' မ​တော်​ဘူး​ဗျ။ အခြားတစ်​ရံ​ပေးပါလား '' 
ဟု​ကျော်​​တော်​မှ ​ရောင်းသူ​ပြောလိုက်​သည်​။
'' တကယ်​ဝယ်​မှာလား ''
ဟု ​ပြောလိုက်​၍ ကျော်​​တော်​ ရုတ်​တရက်​ ​ကြောင်​​တောင်​​တောင်​ဖြစ်​သွား၏။
'' တကယ်​ဝယ်​ရင်​​တော့ ရှာ​ပေးမယ်​။ ဟို ​ဂို​ဒေါင်​ထဲက ထုတ်​​ပေး​​ရမှာမို့ ''
ကျော်​​တော်​လည်း ​ခေါင်း​ညိမ့်လိုက်​​သည်​။ ​သူမ ( ​ရောင်းသူ ) ​အောက်​ထပ်​ ဂို​ဒေါင်​ထဲဆင်းသွားပြီး ဖိနပ်​သွားရှာ​လေသည်​။ ၃မိနစ်​လောက်​ကြာ​တော့ ပြန်​တက်​လာသည်။ ​ကျော်​​တော်​ သူမယူလာတဲ့ ဖိနပ်​ကို လမ်းကြည့်​လိုက်​​တော့ ​ကျော်​​တော်နဲ့ ​တော်​​လောက်​မဲ့အရွယ်​ထင်​​ပေမဲ့ ​​ကျော်​​တော်​မကြိုက်​သည့်​ အ​ရောင်​လိ​မ္မော်​​ရောင်​​တောက်​​တောက်​ကြီးဖြစ်​​နေသည်​။ သူမက လက်​ထဲဖိနပ်​ထိုး​ပေးလိုက်​သည်​။
" ​အခြားဖိနပ်​တစ်​ရံ ထပ်​ရှာပြီးလဲ​ပေးပါလား ''
ဟု ​ပြောပြန်​ရင်​လဲ သူမ​အောင်​ထပ်​​တစ်​​ခေါက်​ပြန်​ဆင်းပြီး ထပ်​ရှာ​ပေးရမှာမို့ ။ ​နောက်​တစ်​ခါ ​ကျော်​​တော့်​တဲ့ကြိုက်​တဲ့ အ​ရောင်​ဖြစ်​​နေရင်​​တောင်​ ​ဈေး​ခေါ်​နေမှာဆိုး၍
'' ​နောက်​မှ ဝယ်​​တော့မယ်​​​နော်​ ''
ဟု​ ​ပြောပြီး လက်​ထဲမှ ဖိနပ်​ကိုချကာ လှည့်​ထွက်​ခဲ့သည်​။ သူမမှ ​ကျော်​​တော်​နှင့်​ ခပ်​​ဝေး​ဝေး​လောက်​​ရောက်​မှ မကြားတကြား​လေသံဖြင့်
့​ '' မဝယ်​ချင်​ရင်​လဲ အစကတည်းက မ​မေးပါနဲ့လား။ သူများမှာ အပင်​ပန်းခံပြီးထုတ်​​ပေးလာရတယ် ''
ဟု​ ​ပြောသံကြားလိုက်​ရာ စိတ်​ထဲ​တော့ ကထိ​က​အောင့်​ဖြစ်​သွား၏။
 '' ​နောက်​တစ်​ခါ ဒီလိုဆိုင်​​နောက်​ ဘယ်​​တော့မှ အရိပ်​မနင်းမိ​စေရ''
ဟူ၍ စိတ်​ထဲ​တွေးလိုက်​သည်​။
ဒါနဲ့​ကျော်​​တော်​လဲ ဖိနပ်​ပြတ်​ခါနီး ဖြစ်​​နေတာ​ကြောင့်​ ​ဘေးက ဆိုင်​တစ်​ဆိုင်​မှာ (Super Glue) ဝင်​ဝယ်​ပြီး ဖိနပ်​​ခေါင်​ကို ယာယီ​ကပ်​လိုက်​၏။ ဘဏ်​မှာ လုပ်​စရာ​လေးရှိလို့ ဘ​ဏ်​သို့ဆက်​​လျှောက်​ခဲ့သည်​။
Kanbawza bank yangon.JPG
ို '' ATM ကပ်​လျှောက်​ထားတာ ရပြီလားသိချင်​လို့ '' 
ပြောပြီး စာ​ရေးမက ဘဏ်​စာအုပ်​​တောင်း​လေသည်​။ ​ကျော်​​တော်​လည်း လှမ်း​ပေးပြီး စာ​ရေးမက
'' အကို ATM ကပ်​မ​လျှောက်​ထား​သေးဘူး '' ဟု​ပြောရာ '' 
"လျှောက်​ထားတယ်​လေ​ဗျာ။ တစ်​လ​စောင့်​ရမယ်​လို့​ပြောလို့ ​ကျော်​​တော်​ဒီ​နေ့ လာတာ​လေ။ ''
'' အကို​လျှောက်​တုန်းက ကပ်​ဖိုး​ငွေသုံး​ထောင်​​ပေးခဲ့​သေးလား ''
'' ​မ​ပေးဘူး​ဗျ။ ဒီကစာ​ရေးမ​တွေကလဲ ကပ်​ဖိုးပိုက်​ဆံ ၃ထောင် ​ပေးရတယ်​ဆိုပြီးလဲ​မ​တောင်းပါလား။''
'' အင်း၊ အကို ကပ်​ဖို့း​ပေးမှ ATM ကပ်​လုပ်​​ပေးလို့ရမယ်​။ ''
'' ဘာလို့လဲ ​ကျော်​​တော်​ တခြားဘဏ်​​တွေမှာ ​လျှောက်​တုန်းကဘအဲလိုမ​တောင်းပါဘူး။ ဘဏ်​ Acc ဖွင့်​ထဲက ATM ကပ်​ပါ​ပေးလိုက်​တာ။ ကပ်​ဖိုးလဲမ​တောင်းပါလား။ ''
'' ​ဪ.ဒါ ပရိုမိုးရှင်းကာလ မို့​နေမှာပါ။ ညီမတို့ဘဏ်​က တခြားဘဏ်​လို့်မဟုတ်​ဘူး ကပ်​ဖိုး ၃ထောင်​ပေးမှရတယ်​။ ''
ဟု ​ပြောရာ
" ဒါဆိုလဲမ​လျှောက်​​တော့ဘူး​ဗျာ။ ''
ပြော၍ လှည့်​ထွက်​ခဲ့သည်​။
ဘယ်​နဲ့ ကပ်​ဖိုး ၃ထောင် ​ပေးရတယ်​လို့ ကပ်​​လျှောက်​ကတည်းက​တောင်းပါလား။ တစ်​လ တစ်​လ​စောင့်​ရသည့်​အချိန်​ကနဲသည်​မဟုတ်​။ ဖိနပ်​ဝယ်​လို့ကလဲ အဆင်​မ​​ပြေ။ ATM ကပ်​သွား​တောင်းတာလဲ အဆင်​မ​ပြေ။ ​​စိတ်​ထဲတော်​​တော်​တင်း​​နေမိသည်​။ တံ​တွေးကို မျိုချလိုက်​မိသည်​။
ဒါနဲ့ပတ်​သက်​ပြီး ​ကျော်​​တော်​ဖတ်​ဖူးတဲ့ဆာင်းပါးတစ်​ပုဒ်​ကို သတိရသွားမိသည်​။ 
 နာမည်​​ကျော်​ အထက်​တန်းစား​သောက်​ဆိုင်​တစ်​ဆိုင်​တွင်​ စားသုံးသူအရင်းများ​သော​ကြောင့်​ စားပွဲ​ထိုး​ကောင်း​လေး၊​ကောင်းမ​လေးများ အများပြားငှါးထား၏။ 
   (ဆက်​ရန်​)
shwetoe@shwetoe
Photo credit - Google Image
Leave Make Good Service to:
Written by
Read more #make posts
Best Posts From SHWE TOE
We have not curated any of shwetoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From SHWE TOE