တရားဥပဒေ
#တရားမဲ့သည်ဥပဒေ
နေပြည်တော်တွင် ဝန်ထမ်းလာလုပ်နေကြသူများတွင် ရန်ကုန်သားများနှင့် နယ်သားများရှိကြရာ ရန်ကုန်သားများက အခန်းတံခါးများကိုအမြဲပိတ်နေတတ်ကြပြီး၊ နယ်သားများကဖွင့်ထားတတ်ကြသည်။ နယ်သားများက ဧည့်သည်လာလျှင် တံခါးပိတ်ထားသည့်အခါ အမြန်ပြေးဖွင့်ပေးတတ်ကြပြီး၊ ရန်ကုန်ဝန်ထမ်းများက အခြားအပေါက်တစ်ခုခုကချောင်း
ကြည့်ပြီး ကိုယ်မိတ်ဆွေဖြစ်ကြောင်းသေချာမှာသာ ဖွင့်ပေးတတ်ကြသည်။
အဘယ်ကြောင့်နည်း
နယ်သားများက သူတို့ရွာ၊ သူတို့ရပ်ကွက်တွင် တစ်အိမ်နှင့်တစ်အိမ် ကြိုက်သလိုဝင်ထွက်သွားလာတတ်ကြပြီး၊ ရန်ကုန်သားအများစုမှာ ကိုယ့်အိမ်ကိုတံခါးပိတ်နေတတ်ကြပြီး၊ အပြင်ရောက်မှသာ အတူတကွသွားလာတတ်ကြသည်။ သူတို့လူစိမ်းများကိုမယုံတတ်ကြ၊ ဓားပြတိုက်မလား၊ လူသတ်သွားမလားကြောက်တတ်ကြသည်။
ကျွန်တော်တို့သည်နယ်မှာနေသည်ဖြစ်စေ၊ ရန်ကုန်၊နေပြည်တော်ဘယ်မှာနေနေ၊ဘယ်နေရာသွားသွား အန္တရာယ်မရှိသည့် ငြိမ်းချမ်းအေးချမ်းသော တရားဥပဒေစိုးမိုးသည့်အခြေအနေမျိုး၊ လူလူခြင်းလေး စားတန်ဘိုးထားသော၊ လူလူချင်းမုန်းတီးသောအမုန်းမပွားသောလူ့အဖွဲ့အစည်းဖြစ်လာလျှင် ....
အယ်ဘေးနီးယား၊ ကျူးဘားနိုင်ငံများလို ညသန်းခေါင်ယံ အမျိုးသမီးတစ်ဦးတည်းအပြင်ထွက်လာလို့အန္တရာယ်ပေးမည့်သူမရှိ၊ အကူအညီပေးမည့်သူသာရှိသော လူ့အဖွဲ့အစည်းကိုတည်ဆောက်နိုင်လျှင်.....
အခန်းတံခါးပိတ်၍ ချောင်းကြည့်ပြီး ကိုယ့်မိတ်ဆွေဆိုတာသေချာမှ တံခါးဖွင့်ပေးရသော စိုးထိတ်ထိတ်မလုံမခြုံဘဝမျိုးများမှလွတ်မြောက်နိုင်လာပါမည်။
ယခုအခါ ပါတီများမှမဲဆွယ်ကြသည့်အခါ တရားဥပဒေ စိုးမိုးရေးကိုဆောင်ရွက်ပါမည့်အကြောင်း ပြည်သူ့ဘဝများလုံခြုံစိတ်ချကြရပါမည့်အကြောင်း ထည့်သွင်းပြောဆိုမဲဆွယ်ကြသည်။
လက်တွေ့တွင် NLD လိုပြည်သူချစ်သောအစိုးရပင်လျှင် တရားဥပဒေကိုထိရောက်အောင်မစွမ်းဆောင် နိုင်သဖြင့် ဗစ်တိုးရီးယားလိုအမှုမျိုးနှင့်အမျိုးဘာသာသာသနာအကြောင်းပြပြီး၊ တိုင်းပြည်မတည်ငြိမ်အောင်နည်းအမျိုးမျိုးဖြင့် နှောက်ယှက်နေသူများကိုလည်းမဖမ်းနိုင်မဆီးနိုင်သေးပဲရှိရသည်။
အကြောင်းမှာ ဥပဒေများကိုယ်တိုင်တရားမဲ့သည့်ဥပဒေများရှိနေခြင်း၊ ဥပဒေဝန်ထမ်းများသည် ဘက်လိုက်မှုများရှိနေခြင်း၊ အကြောက်တရားများနှင့် ကြောက်အောင်ချိန်းခြောက်မှုများလည်းရှိနေသေးခြင်းတို့ကြောင့်လည်းကောင်း တရားမဲ့သောဥပဒေများကိုပြင်ဆင်၍မရသေးခြင်း ကြောင့်လည်းကောင်း တရားဥပဒေမစိုးမိုးနိုင်သေးခြင်းဖြစ်ပါသည်။
သို့ဆိုလျှင် တရားဥပဒေစိုးမိုးရေးကို လုပ်ပေးပါမည်ဟုမည်သို့ပင် ဂတိဂဝတ်များပေးကြသည်ဖြစ်စေ ဥပဒေများနှင့် အခြေခံဥပဒေကြီးကို ပြင်ပါ့မည်ဟုဂတိပြုနိုင်မှသာယုံကြည်လို့ရမည်ဟုထင်ပါသည်။
မည်သူ၊ မည်သည့်ပါတီက အခြေခံဥပဒေပြင်ပေးပါမည်နည်း။
Leave တရားဥပဒေ to:
Read more #myanmar posts
Best Posts From Min Soe Naing
We have not curated any of minsoenaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Min Soe Naing
- Majestyhash အကြောင်း
- Cryptotab browser မှာ ရင်းနှီးသင့်သလား
- cryptotabbrowser မှာ BTC ရှာပါလား
- BitcoinCloudMining
- Hive အကြောင်းထူးရင်ပြောပြပါ
- အကြပ်အတည်း
- မုသားကမ္ဘာ
- Cola.Max and FDA
- Bestminingtop
- Cola.Max ကော်လက်ဂျင်အချိုရည်
- PI Network အကြောင်း
- PI Network ၏ နိုဝင်ဘာ 10 ရက် 2020 တွင် ပြုလုပ်သည့် FAQ UpdateL
- One of the Chance to fix Name.
- PI NETWORK ရဲ့ FAQ သို့မဟုတ် လမ်းပြမြေပုံ / ဖြန့်ကျက်မှုအစီအစဉ်
- PI Network ()
- Kindda Heroes
- တရားဥပဒေ
- နေရာ
- Steemit မှသည် hive သို့တိုင်
- ကိုဗစ်နှင့်ဆရာဝန်