Min Soe Naing avatar

Steemit မှသည် hive သို့တိုင်

minsoenaing

Published: 05 Oct 2020 › Updated: 05 Oct 2020Steemit မှသည် hive သို့တိုင်

Steemit မှသည် hive သို့တိုင်

#အမှတ်တရ

ကျွန်တော့်နာမည်
စိုးမင်းပါ
ဒေါင်းမင်းစိုး၊ ဒေါင်းကြီးလို့
ချစ်စနိုးဦး အဲ ချစ်စနိုးနဲ့ အမျိုးမျိုးခေါ်ကြပါတယ်
(ကိုယ်က ထင်တာ ယုံစားတာပေါ့လေ☺☺☺)

ကျွန်တော်တို့ ဘယ်နေရာ၊
ဘယ်အချိန်မှာတွေ့ခဲ့ကြသည်
သိခဲ့ကြသည်ဖြစ်ဖြစ်
တော်တော် များများကတော့
ကျွန်တော့်ကို သိကြမယ်ထင်
ပါတယ်။

သဘောကျတဲ့ တချို့လည်းရှိမယ်၊
သဘောမကျကြတဲ့သူတွေလည်း
ရှိမှာပါ။

ဒါပေမယ့် Facebook မှာ
ရှိနေတဲ့ သူတွေက သဘောကျလို့
ရှိနေကြတာလို့ ယုံကြည်ချင်ပါတယ်။

Facebook မှာ Like တွေ
Comment တွေထက်
စာတစ်ခုခုရေးပြီး ပြောဆိုဆက်သွယ်
နိုင်ကြခြင်းရှိမရှိ သိချင်မိပါတယ်။

ဒါကြောင့်
“အမှတ်တရဆုံတွေ့မှု" ဆိုတဲ့
အစီအစဉ်လေးတစ်ခုမှာ ပါဝင်
ကြည့်ရအောင်။

အဓိကကတော့ ပုံမတင်ထားတဲ့
ဒီ Post ကို ဘယ်သူတွေဖတ်ကြ
မလဲဆိုတာပါ။

နည်းပညာတွေထဲ
နစ်မွန်းနေကြတဲ့အခါ
မိတ်ဆွေရင်းဆက်ဆံရေးကို
မေ့လျော့နေတတ်ကြပါတယ်။

ဒီစာကိုမဖတ်ဖြစ်လည်း
လူမှုဆက်ဆံရေး စမ်းသပ်ချက်
တစ်ခု သက်သက်လို့ပဲ
သတ်မှတ်လိုက်ပါမယ်။

မတော်တဆ
ဒီစာကို အဆုံးထိဖတ်ဖြစ်ခဲ့ရင်တော့၊
ခုစာဖတ်နေသူနဲ့
ကျွန်တော်ပါတ်သက်တဲ့ အကြောင်း
တစ်ခုလောက် Comment မှာ
ချန်ပေးခဲ့ပါ။

ဥပမာ
ကျွန်တော်ကို ခုဒီစာကိုဖတ်နေသူ
အနေနဲ့အမှတ်ရနေစေတဲ့
အရာဝတ္ထုတစ်ခုဖြစ်ဖြစ်၊
လုပ်ရပ်တစ်ခုဖြစ်ဖြစ်၊
အမှတ်တရတစ်ခုခုပေါ့။

ပြီးရင် ဒီစာကို အစအဆုံး ကူးယူပြီး
စာဖတ်သူရဲ့ Wall ပေါ်မှာ
ကိုယ့်နာမည်လေးအစားထိုးပီး
ပြန်တင်ပေးပါ။

မ Share ပါနဲ့။ကျွန်တော်လည်း
သင့်ရဲ့Post အောက်မှာ လာမန့်
ပေးပါမယ်။

စာကို ကူးယူဖော်ပြခြင်းမရှိရင်
မမန့်ပါနဲ့နော်။

စမ်းသပ်ချက်အတွက် အသုံး
မဝင်လို့ပါ။

အသင့်ရဲ့ post မှာရော
ဘယ်သူတွေဖတ်မလဲ၊ မန့်ပေးမလဲ
ကြည့်ကြည့်ကြတာပေါ့။

Love, U All
(Translated from a popular post.)
အားလုံးကပျင်းနေကြတာဆိုတော့
အမှတ်တရလေးပေါ့။

ရင်ထဲကတင်းကျပ်နေတာလေးတွေ
နည်းနည်းလေး ပြေပြေပေါ့ဗျာ။

Leave Steemit မှသည် hive သို့တိုင် to:

Written by

Engineer

Read more #myanmar posts


Best Posts From Min Soe Naing

We have not curated any of minsoenaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Min Soe Naing