နေရာ
#နေရာ
နေရာဟူသောစကားစုသည် နေစရာဟူသော အဓိပ္ပါယ်ထက်ပိုမိုကျယ်ပြန့်ပါသည်။
နေစရာသည် အိမ်တစ်လုံးဖြစ်ကောင်းဖြစ်မည်။ ကျောင်းတစ်ခုဖြစ်ကောင်းဖြစ်မည်။ ထိုင်ခုံတစ်လုံး၊ အရိပ်တစ်ခုဖြစ်ချင်ဖြစ်မည်။ နေလို့ရသောနေရာတစ်ခုကိုနေစရာဟု ဆိုနိုင်ပါသည်။
သို့သော် နေရာဟူသည်ကား place မဟုတ်သည့် ရာထူးနေရာမျိုး၊ ဈေးကွက်ထဲက ရပ်တည်နိုင်လောက်သော အနေအထားတစ်ခု၊ လူအများအသိအမှတ်ပြုခြင်းခံရသည့် နေရာတစ်မျိုးမျိုးကို ဆိုလိုပါသည်။
လူတို့အတွက် နေရာရော၊ နေစရာရော နှစ်မျိုးစလုံးလိုအပ်မည်ဖြစ်သော်လည်း အောင်မြင်ကြီးပွားလိုသူ မှန်သမျှကတော့ နေစရာရှိရုံဖြင့်မလုံလောက်ပါ။ နေရာတစ်ခုရရှိလာမှသာ အဆင့်တစ်ခုခုဖြင့်ရပ် တည်နိုင်ပါမည်။
လူအချို့သည်နေရာမယူတတ်ကြပါ။ လူအချို့ကားနေရာယူတတ်လွန်းသည်။ လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်ကမပါဝင်သော်လည်း လွပ်လပ်ရေးရတော့ နေရာကောင်းရနေတာမျိုး၊ ဒီမိုကရေစီတိုက်ပွဲဝင်စဉ်က မပါဝင်သော်လည်း အာဏာရတော့ နေရာကောင်းရနေသူလည်းရှိသည်။
လွတ်လပ်ရေးတိုက်ပွဲဒီမိုကရေစီတိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သော်လည်း အာဏာရတော့ ချောင်ထဲပုန်းပြီးကျေနပ်နေသူလည်းရှိသည်။
မည်သို့ပင်ဆိုစေ လူသည်နေရာတစ်ခုကိုတည် ဆောက်တတ်ဖို့လိုပါသည်။ မိသားစုတစ်ခုတွင် အရေးပါသောသားသမီးရှိသလို၊ အရေးမပါသောသားသမီးလည်းရှိသည်။ ဘယ်နေရာမှသုံးစားမရသော သားသမီးကို မိဘများက ဆူပူခြင်းကိုခံရတတ်သည်။ ညိုညင်ခြင်းကိုခံရတတ်သည်။ ဘေးမဲ့ပေးခြင်းကိုလည်းခံရတတ်သည်။
နေရာတစ်ခုမတည်ဆောက်တတ်သူသည် အသက်အရွယ်ရလာသည်နှင့် သက်ရှင်ရပ်တည်ရန် ခက်ခဲလာတတ်ပါသည်။ ဒုက္ခမျိုးစုံ၊ပြဿနာမျိုးစုံကြုံရတတ်ပါသည်။ အနိမ်ဆုံးရပ်ကွက်ထဲတွင် အဝတ်လိုက်လျော်သူဖြစ်ပါစေ။ ဥပမာ၊ မနီဆိုပါဆို့ မနီကအဝတ်လျော်ဖို့အပ်လိုက်ရင် သေသေချာချာ စေတနာပါပါလျော်ပေးတာ၊ ဖြူစင်နေအောင်လျော်တတ်တယ်။ မပြဲမစုတ်အောင်လျော်တတ်တယ်။ သူ့အဝတ်အမျိုးအစားနဲ့သူမရောရဘူး။ အချိန်ကလည်းမှန်လိုက်တာ ညနေ ၅ နာရီဒင်ကနဲဆို မနီလာပို့ပြီ စသည့်ဂုဏ်ပုဒ်များသည် မနီ၏နေရာဖြစ်သည်။ Brand ဟုပြောလျှင်လည်းရပါသည်။
နေရာဟူသည် အမှတ်တံဆိပ်တစ်မျိုးလည်းဖြစ်ပါသည်။ စာရေးဆရာချစ်ဦးညိုက နန်းတွင်းဇာတ်တော်တွေရေးရင်အရမ်းဖတ်ကောင်းတာ၊ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ကဗျာတွေ ဆိုအသည်းစွဲပဲ။ စသည်တို့မှာ သူတို့၏ အမှတ်တံဆိပ်၊ သူတို့၏
နေရာဖြစ်သည်။
လူတို့သည်အခြေအနေအရပ်ရပ်တွင် နေထိုင်ရပ်တည်နိုင်အောင်က်ြုးစားရမည်။ ငါကဘယ်လိုလူမျိုးမို့ဘာတွေတော့မလုပ်နိုင်ပါဘူး။ လူ့အောက်လည်းမကြို့နိုင်ပါဘူး။ သည်းလည်းမခံတတ်ပါဘူးဆိုလျှင် နေရာတစ်ခုတည်တောက်ဖို့အလွန်ခက်ပါလိမ့်မည်။
လူတိုင်းတွင်အားသာချက်အားနည်းချက်များရှိကြသည်သာဖြစ်သည်။ ပြောရလျှင် မိမိ၏အားသာချက်များသည် အမှတ်တံဆိပ်တစ်ခု၊ နေရာတစ်ခုတည်ဆောက်ရာတွင် ကုန်ကြမ်းဖြစ်လေသည်။
Leave နေရာ to:
Read more #myanmar posts
Best Posts From Min Soe Naing
We have not curated any of minsoenaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Min Soe Naing
- Majestyhash အကြောင်း
- Cryptotab browser မှာ ရင်းနှီးသင့်သလား
- cryptotabbrowser မှာ BTC ရှာပါလား
- BitcoinCloudMining
- Hive အကြောင်းထူးရင်ပြောပြပါ
- အကြပ်အတည်း
- မုသားကမ္ဘာ
- Cola.Max and FDA
- Bestminingtop
- Cola.Max ကော်လက်ဂျင်အချိုရည်
- PI Network အကြောင်း
- PI Network ၏ နိုဝင်ဘာ 10 ရက် 2020 တွင် ပြုလုပ်သည့် FAQ UpdateL
- One of the Chance to fix Name.
- PI NETWORK ရဲ့ FAQ သို့မဟုတ် လမ်းပြမြေပုံ / ဖြန့်ကျက်မှုအစီအစဉ်
- PI Network ()
- Kindda Heroes
- တရားဥပဒေ
- နေရာ
- Steemit မှသည် hive သို့တိုင်
- ကိုဗစ်နှင့်ဆရာဝန်