Min Soe Naing avatar

Cryptotab browser မှာ ရင်းနှီးသင့်သလား

minsoenaing

Published: 01 Jul 2021 › Updated: 01 Jul 2021Cryptotab browser မှာ ရင်းနှီးသင့်သလား

Cryptotab browser မှာ ရင်းနှီးသင့်သလား

img_0.46719008097863585.jpg

Online မှာ ဒေါ်လာရှာတဲ့ ကိစ္စကို ဝါသနာပါလွန်းလို့ လေ့လာခဲ့တာ ၁၀ နှစ်ကျော်ပါပြီ။ Paypal တွေ၊ PM (Perfect Money) တွေ၊ Bitcoin အကောင့်တွေဖွင့်ပြီး ရှာခဲ့ကြတာ အလိမ်အညာတွေလည်းအများကြီးခံခဲ့ရတာ၊ အကြောတော်တော်တင်းလာပါပြီ။ Paid to Click Site တွေမှာ 0.001 $ တွေစုခဲ့ရတာလည်းမနည်းဘူး။ BTC Faucet Pay တွေဝင်ပြီး Satoshi ရှာ၊ နည်းနည်းလေးရလာတော့ Investment Site တွေပြီး ရင်းနှီးမြုပ်နှံကြည့် ခဏတော့ရ ပြီးနောက်တော့လိမ်သွားနဲ့ Internet Bill ဘိုးတွေ ကုန်လိုက်တာသောက်သောက်လဲ၊ ဒါနဲ့လည်း ဝါသနာကမစွန့်နိုင်တော့ Make Money Site တွေမှာ ဝင်မွှေနေဆဲပါ။
လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက cryptotabbrowser.com မှာ အကောင့်ဖွင့်ထားခဲ့ပေမယ့် သူတို့ရဲ့ Mining Rate က အရမ်းနှေးတော့ Satoshi က ရာဂဏန်းကမတက် Satoshi ရာဂဏန်းဆိုတာ မြန်မာငွေနဲ့တွက်ရင် ဆယ်ဂဏန်းလောက်ပဲရှိတာ ဆိုတော့ တော်တော်ပဲစိတ်ပျက်စရာပါ။ ပြီးတော့ အင်တာနက်တစ်နေ ကုန်ကြီး ဖွင့်ထားပြီး Mine ရတာ။
အခုတော့ Mobile Phone နဲ့ရပါပြီတဲ့။ ပြီးတော့ ၃ နာရီတစ်ခါပဲ ဝင်ပြီး Enable လုပ်ပေးရုံပါ။ အမြဲတမ်း အင်တာနက်ဖွင့် အကောင့်ဖွင့်ပေးထားရတာနဲ့စာရင်တော့ မဆိုးပါဘူး။ ၃ နာရီကျော်သွားမှာ မေ့နေမှာ တော့စိုး ရသေးတာပေါ့။

img_0.7748810893170075.jpg

ဒါနဲ့ အကောင့်ဖွင့်တော့ Mining လုပ်တဲ့ Crytotab ကိုဘယ်လိုသွားရမလဲမသိပြန်ဘူး။ https://cryptobrowser.site ထဲမှာတဝဲလည်လည် ဖြစ်နေရော ၊ ပြဿနာက Mobile Phone apk မှာ Chrome Extension ရှာမရတာပဲ။ cryptotab မှာ Chrome Extension ကို Support ပေးမထားဘူးတဲ့။ ဒါနဲ့ Youtube မှာရှာကြည့်တော့ Kiwi Browser နဲ့ လုပ်ရမတဲ့၊ Kiwi Browser ကို down ပြီးစိမ်းကြည်တော့ ဟုတ်ပါ့၊ အိုကေတယ်။ Kiwi Browser မှာ Chrome Extension လို့ရိုက်ပြီးရှာလိုက်တာနဲ့ အဆင်ပြေသွားတာပဲ။ အလိုလိုချိတ်မီသွားတယ်။

img_0.33196253481246946.jpg

ရပြီဆိုတော့ သူများလို Free မရှာတော့ပဲ ၊ Master Card က 5$ လောက်ဖြစ်မယ်၊ မြန်မာငွေ ၇၀၀၀ ထည့်လိုက်တယ်။ တွေ့တဲ့အတိုင်း 3036.000000 H/s နဲ့ mine တော့တာပဲ။ ၂ ရက်ကို Satoshi 1000 လောက်တက်တယ်။ အဲ့ တစ်ထောင်ကိုစမ်းထုတ်ကြည့်တော့လည်း မကြာဘူး။ တစ်ရက်နဲ့ ရတယ်။ Free ဆိုလည်း1536.000000 H/s လောက်ရတယ်တဲ့။ စမ်းကြည့်ကြပါ။ ကျွန်တော်ကတော့ Master Card မှာငွေဖြည့်ပြီးရင် မြန်မာငွေ 115000.00 mmk ကို ထပ်ရင်းကြည့်မယ်စိတ်ကူးထားတယ်။ ဒိဆို X 15 ဆိုတော့ 23000 h/S လောက်ရမယ်ထင်တယ်။ အဲဒီနှုန်းနဲ့ဆို တစ်ရက် Satoshi 40000 လောက်ရနိုင်မယ်၊ ဆိုတော့ တစ်လကို Satoshi 1200000 သို့မဟုတ် btc 0.12 ။
ဟုတ်လားတော့မသိဘူး။ တွက်ရေးတော့ စက်သူဌေးပဲ။ တွက်ကြည့်လို့ စက်မရှိလည်းမတတ်နိုင်ဘူးပေါ့။ ကျွန်တော် BTC Mining ကို ရူးသွပ်ချင်ရင်တော့ စမ်းကြည့်ကြပေါ့ဗျာ။ စမ်းကြည့်မယ်ဆိုရင် ……..
Play store မှာ Crytotab Browser နဲ့ Kiwi Browser ကို down ထားပါ။ အောက်ကောင့်ဖွင့်တာပါတော့ အောက်ကလင့်မှာဝင်ပြီး ဘယ် Browser မှာ ဖွင့်ဖွင့် ဖွင့်လိုက် ပြီးရင် Crytotab Browser မှာ Login ဝင် Kiwi Browser မှာ Chrome Extension လို့ရိုက်ရှာပြီး ချိတ်လိုက် အိုကေသွားလိမ့်မယ်။ ကျွန်တော့လင့်မှဝင်ပြီး BTC Mining လုပ်မည့်သူများ BTC တွေအများကြီးရပြီး ကိုးရီးယားရုပ်ရှင် Start up ကားထဲကလို ဒေါ်လာတစ်သန်းလောက် ရရှိပိုင်ဆိုင်နိုင်ကြပါစေဗျာ။

https://cryptotabbrowser.com/24625

Leave Cryptotab browser မှာ ရင်းနှီးသင့်သလား to:

Written by

Engineer

Read more #hive posts


Best Posts From Min Soe Naing

We have not curated any of minsoenaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Min Soe Naing