ခွင့်တရက် အလည်ထွက်
သူများတွေ ကျနော်လဲ ဒီနေ့ တော့ တနင်္လာဖြစ်ပေမယ့် rest လုပ်တယ်ပေါ့ဗျာ ။ ခွင့်ယူပြီး အဒေါ်အိမ်ကို အမေနဲ့အတူ အလည်ထွက်ကြပါတယ် ။
ကျနော်အနားယူပုံက အဆန်းဗျ ။ ပြည်မှာရေကြီးတယ်ကြားတော့ မန်းလေးနေတဲ့ကျနော့်ကို အမေက အလုပ်နားခိုင်းလို့  နားလိုက်ရတာကြောင့်ပါ ။
အမေက " သားရေပြည်မှာရေကြီးလို့ တဲ့ သားအဲ့ဒါအလုပ်နားပြီး အန်တီမီးတို့ အိမ်ကိုသွားနေကြမယ် " လို့  အရင်းမရှိအဖျားမရှိပြောလာတော့ ကျနော်ကြောင်တောင်တောင်ဖြစ်သွားတာပေါ့ ။
နောက်မှရေလည်သွားတော့တယ် ။ ပြည်မှာ ဘုန်းဘုန်းသုမနက ၁၁ရက်တရားစခန်းသင်တန်းသွားလို့  စိတ်ပူပြီး သတင်းမေးရင်း ဒီမှာကလဲ မိုးမပြတ်တော့ ရပ်ကွက်ထဲဗွက်ထလို့  ထမင်းဟင်းချက်ရတာအဆင်မပြေတဲ့အတူတူ အိမ်အလည်ထွက် ထမင်းစားကြွမှန်းသိလိုက်ရတယ် ။
ဟိုအိမ်ရောက်တော့ လူစုံတက်စုံလို့ ပြောရမှာထက် ဖုန်းစုံပါးစပ်စုံလို့ ပြောရင် ပိုအဆင်ပြေပါမယ် ။ ဘုန်းဘုန်းကိုသတင်းမေးကြရင်း တရားစခန်းထိုင်စဉ်က မပြောလိုက်ရတဲ့အတင်းတွေ အဖျင်းတွေ အဲ့ဟုတ်ပေါင် သတင်းတွေပြောလိုက်ကြတာ နားအူမတတ်ပါဘဲ ။
အပျင်းပြေညီလေးရှိလို့ တော်သေးတာပေါ့ ။ သူကလဲ ကျောင်းမလိုက်တော့ ဖျာတချပ်ခင်းပြီး အရုပ်တွေဆက်နေလိုက်တာ ပွနေတာပါဘဲ ။ နားပူလို့  သူ့ အနားကပ်မှ မျက်စိကန်းမယ့်အပေါက်နဲ့တိုးနေတယ် ။ နဂိုကမှ တမျိုးလုံးက မျက်မှန်မပါရင် သိပ်မဟုတ်ချင်ဘူး ဆိုနေမှဘဲ သူ့ အရုပ်သေးသေးလေးလေးတွေ ဟိုဆက်ဒီဆက် လုပ်နေရတယ် ။
မိုးကအေးတော့ ဗိုက်ကပိုဆာသလိုပါဘဲဗျာ ။ အိမ်ထဲက ကိုယ့်ဆရာမထွက်အလာချောင်းကြည့်ပြီး ညီလေးကို မြှောက်ပေးရတာပေါ့ ။ လမ်းထိပ်မုန့် စားထွက်ဖို့  B Pyae ခေါ်လိုက် ဒုတ်ထိုးက ခုလိုမိုးရွာနေချိန် ကြာဇံကြော်လေးနဲ့တွဲစားလိုက်ရင် good လဲဆိုလိုက်ရော ၂ခါမပြောရဘူး ။
B Pyae ထွက်လာပြီး ကျနော်တို့ မောင်နှမ၃ဦး ဒုတ်ထိုးဆိုင်ကို ဒိုးတော့တာပေါ့ ။ အစားဆို ၂ခါမတိုင်ပင်ရတဲ့ အမျိုးတွေပါဗျာ ။ ကျနော်တို့ စားပြီးပြန်လာတော့ အမေတို့ ဖုန်းစုံပါးစပ်စုံအဖွဲ့လဲ အဆက်ပြတ်သွားကြပြီး ဘယ်သွားကြတာလဲမေးတော့ ဒုတ်ထိုးသွားစားကြောင်းတင်ပြလိုက်တာ စားလဲစားနိုင်ကြတယ်လို့  အမေက မှတ်ချက်ချပါတယ် ။
ကျနော်လဲ ခပ်တည်တည်နဲ့ မော်လမြိုင်စကား မွန်အစားလို့  ပြောလိုက်တာ အမေက ဒီတခါတော့ တဝါးဝါးနဲ့ သဘောကျသွားတော့တာပေါ့ ။ အန်တီမီးက " ကိုယ့်ဘာသာ အစားပုပ်တာကို မွန်တွေအစားကြီးလို့  လိုက်တူသလိုလို ဖြစ်ရသေးတယ်လို့  အံ့ပါရဲ့တော် " လို့  ကျနော့်ကိုပြန်လည်ချေပပါတော့တယ် ။
MSC 257
Leave ခွင့်တရက် အလည်ထွက် to:
Read more #myanmar posts
Best Posts From MMT
We have not curated any of minmanthawe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.