MMT avatar

အမေ့စကားသံ ( ၂ )

minmanthawe

Published: 22 May 2018 › Updated: 22 May 2018အမေ့စကားသံ ( ၂ )

အမေ့စကားသံ ( ၂ )

လကုန်ရက်မရောက်သေးပေမယ့် ကုန်သွားတာက အိတ်ထဲပိုက်ဆံပါ ။ ကိုယ့်ကိုယ်ကိုအားတင်းရင်း လေးငါးရက်တော့ အောင့်အီးချွေတာစားမှဆိုပြီး မနက်စာကို လမ်းထိပ်က အကြော်ဝယ်ပြီး အမေရယ် ဒီနေ့ ထမင်းဆီဆမ်းနဲ့အကြော်စားချင်စိတ်ရှိလို့  ပြောလိုက်တော့တယ် ။

အမေက " သားကိုအမေမွေးထားတာပါကွယ် ။ ပိုက်ဆံပြတ်ပြီမဟုတ်လား " တန်းမေးတော့တာပါဘဲ ။ မေးလဲမေး ပေးလဲပေး အမေ့လက်ထဲက ၅ထောင်တန်တရွက် ကျနော့်အိပ်ကပ်ထဲရောက်လာတော့ ကျနော်စိတ်မကောင်းမိပြန်ဘူးဗျာ ။

FB_IMG_1527023023828.jpg

သားလခထုတ်တာနဲ့ပြန်ပေးမယ်အမေဆိုပြီး မျက်နှာပူပူနဲ့ ထမင်းချိုင့်ဆွဲပြီး အလုပ်သွားဘို့  ဆိုင်ကယ်ကိုထုတ်လိုက်တာ ဆီကပြတ် ။ ညက ဆီပြတ်ခါနီးတာ သတိတော့ထားမိတယ် ဘိုင်က ပြတ်နေတော့ စီးရလောက်အုံးမှာပါဆိုပြီး မောင်းလာလိုက်တာ အိမ်ရောက်လို့  ကံကောင်းတယ် ။

အိမ်ဘေးတင် ဆီရောင်းတဲ့ဆိုင်က အဆင့်သင့်ရှိတော့ ခုနကမှ အမေပေးတဲ့ ၅ထောင်တန် ပူအောင်အိတ်ကပ်ထဲမနေရပါဘူး ပေးလိုက်ရပြီ ။ အအမ်း ၄၀၀၀ ရတာဆိုတော့ အမေပေးတာက တရွက် ဆီလဲထည့်ရသေး ၄ရွက်ပွားလာတယ်လို့ ဘဲ မှတ်လိုက်တော့တယ် ။

1654859_S.png

crd image source

ရုန်းကန်ရှာဖွေနေရတဲ့ကိုယ့်လိုလူအများစုဟာ ဒီအဖြစ်မျိုးတွေကြုံရတာတော့ ရိုးအီနေပါပြီ ။ ကိုယ့်ဘဝကိုစဉ်းစာမိလို့  ညည်းလိုက်တိုင်း အမေကတော့ အတိတ်က အကျိုးပေးလို့  မှတ်ပါသားရယ်လို့  ဖြေသိမ့်ပေးနေကျပါ ။

" ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် လူ့ ဘဝဆိုတာ ရခဲလှတယ် ။ ဆင်းရဲတာ ချမ်းသာတာသည် သူ့ အကျိုးပေးနဲ့သူ ပါလာပြီးသားမို့  ချမ်းသာတဲ့လူတွေကို မြင်ပြီး ကိုယ့်ဘဝနိမ့်ကျတယ်ထင်ပြီး စိတ်ပျက်စရာမလိုဘူး ။ ကိုယ့်ထက် ဆိုးတဲ့သူတွေရှိနေတာကို သတိရပြီး ကိုယ့်ဘဝကို မြှင့်တင်ပါ ။ ကြိုးစားလုပ်ကိုင်ပါ " အမြဲပြောတတ်တဲ့ အမေ့စကား ဘယ်တော့မှ သားမမေ့ပါဘူး ။

3354848_S.jpg

crd image source

ဟိုတွေးဒီတွေးပြီး အမေ့စကားတွေပြန်သတိရရင်း မောင်းလာလိုက်တာ ရုံးရောက်ပြီမို့  အလုပ်လုပ်ရန် အချိန်ကျလေပြီ ။ လခထုတ်ရက်လဲနီး ရုံးလဲရောက်တော့ ပိုက်ဆံပြတ်နေတဲ့ ခုနကအတွေးတွေပျောက်ပြီး စိတ်ကအလိုလိုအားတက်သွားပြန်ရော ။ ကျနော်အတွက်က လုပ်အားပြဘို့ အချိန်တန်ပြီလေ ။

MSC မှ မောင်နှမများ မင်္ဂလာပါဗျာ ။

minmanthawe@minmanthawe

MSC 257

Leave အမေ့စကားသံ ( ၂ ) to:

Written by

Read more #myanmar posts


Best Posts From MMT

We have not curated any of minmanthawe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From MMT