MMT avatar

အမေ့စကားသံ …… ၆

minmanthawe

Published: 16 Jun 2018 › Updated: 16 Jun 2018အမေ့စကားသံ  …… ၆

အမေ့စကားသံ …… ၆

အချိန်ကို ကိုယ်ကစောင့်ပြီး အချိန်က ကိုယ့်ကိုမစောင့်တာ သိပါရက်နဲ့ အချိန်ကို ထိုင်စောင့်မိနေခဲ့သော ကျနော်ပါ ။

ကျနော် ညက အလကားရသောဒံပေါက်ကို တအားစားပြီးသကာလ ရင်ဘတ်ကြီးတောင့်လာကာ အန်လဲအန်ပြီး နေမရ အီလည်လည်ကြီး ဖြစ်နေတော့ အမေ့ကိုပြောပြပါတယ် ။

အမေက အစားများလို့ ဖြစ်တတ်တယ်ပြောပြီး မြန်မာတိုင်းရင်းဆေး အဖြေကျော်လျက်ဆားကို အနည်းငယ်ယူပြီး ရေလေးနဲ့သောက်လိုက်ဆိုပြီးယူလာပေးတာ ကျနော်မသောက်ဖဲ အီလည်လည်အပျောက်ကို ထိုင်စောင့်နေမိပါတယ် ။

images (1).jpeg

ည၈နာရီလောက်ထဲကဖြစ်တာ ပျောက်မလားစောင့်ရင်း အန်လိုက် ရေသောက်လိုက် စောင့်လိုက်နဲ့ အမေပေးတဲ့ဆေးကို မသောက်ဖဲနေလိုက်တာ ည၂နာရီခွဲထိ မပျောက်ပါဘူး ။ အိပ်မရ ထိုင်မရနဲ့ မဖြစ်တော့ဘူး အမေပေးတဲ့ဆေးက ပျောက်မလားဆိုပြီး မနက်၃နာရီထိုးမှ သောက်ချလိုက်ပါတယ် ။

မပျောက်ရင် အလုပ်ပျက်မှာကို စိုးရိမ်မိတာပါ ။ မိုးရွာတဲ့နေ့ က တရက်ပျက်ထားတော့ အလုပ်စည်းကမ်းအရ တပတ်ထဲ၂ရက်ပျက်ခဲ့ရင် တရက်စာပြန်နှုတ်မယ်ဆိုတာ အလုပ်စဝင်ကထဲက သဘောတူခဲ့ကြတာကြောင့် ပျက်လို့ မဖြစ်ဖူး ပျောက်မှဖြစ်မယ်ဆိုပြီး အမေ့ဆေးကို နောက်ဆုံးကြံရာမရမှ သောက်ခဲ့တာပါ ။

mother-giving-son-medicine-vector-18079725.jpg

မနက်အလုပ်သွားဘို့  တမှေးတော့အိပ်မှဖြစ်မယ် ကိုယ်ဘာသာတွေးပြီး အိပ်ယာထဲလှဲလိုက်ပြီး မျက်စိမှိတ် အသာလေးနေမယ်လုပ်မှ ဖျက်ခနဲသတိရမိသွားတာက ကျနော်အီလည်လည် မဖြစ်တော့ဘူး ရင်ဘတ်ကြီးတောင့်သလိုလဲ မခံစားရတော့တာ သတိရသွားတာ ။

နာရီကြည့်လိုက်တော့ ၃နာရီ၂၀မိနစ် ။ အမေ့ဆေးစွမ်းလိုက်တာ အံ့ဘြမိပြီး ဆေးမသောက်ဖဲ နေမိတဲ့အချိန်တွေကို နှမြောတာဗျာ ။ အမေပေးတဲ့အချိန်ကသောက်မိရင် ခုချိန်အိပ်လို့ ကောင်းနေလောက်ပြီပေါ့ ။

food-poisoning.jpg

all photo credit # google sesrch

အမေ့ကို ကျေးဇူးတင်ရင်း အမေ့အသံလေးပြန်ကြားလာမိပါတယ် ။ ကျနော်ဆေးသောက်ဖို့  ဆေးယူလာစဉ်က အမေက ကျနော့်လက်ထဲဆေးပေးနေရင်း " ဘုရားဆေး တရားဆေး သံဃာ့ဆေး ငါ့သားခံစားနေရတာ အမြန်ပျောက်ပါစေကွယ် " လို့  ဆုတောင်းပြီးမှ ပေးခဲ့လို့ ပါဘဲ ။ မြန်မာတိုင်းရင်းဆေး အဖြေကျော်ကိုလည်း ကျနော့ရောဂါပျောက်စေလို့  ကျေးဇူးတွေတင်မိပါသေးတယ်ဗျာ ။ ကဲမနက်တော့ အလုပ်သွားလို့ ရပြီပေါ့ဗျာ ။

minmanthawe@minmanthawe

MSC 257

Leave အမေ့စကားသံ …… ၆ to:

Written by

Read more #myanmar posts


Best Posts From MMT

We have not curated any of minmanthawe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From MMT