MMT avatar

အမေ့စကားသံ … ၅

minmanthawe

Published: 07 Jun 2018 › Updated: 07 Jun 2018အမေ့စကားသံ …  ၅

အမေ့စကားသံ … ၅

မင်္ဂလာပါခင်ဗျာ ။ MSC ညီအကိုမောင်နှမများအားလုံး စိတ်ချမ်းသာပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ ။

ကျနော် MSC ထဲရောက်လာအောင်ကူညီခဲ့သူနဲ့
Steemit နဲ့ပတ်သက်တဲ့သိသင့်တာလေးတွေရောသင်ပေးသူကတော့ B Pyae ပါ ။

3290871_S.jpg

crd org source

သူ့ တပည့်ဆိုတော့လည်း သူလိုအကျင့်နဲနဲတော့ပါသွားတာပေါ့ဗျာ ။ မနက်ခင်းမိုးလင်းလို့ အိပ်ယာထလဲ steem / sbd ဈေးကွက်လေးကြည့်ရ ထမင်းစားနားတုန်းခနလဲဖွင့်ကြည့်ရနဲ့ ညနေဖွင့် ညဖွင့် အားသလိုကြည့်နေတာ အကျင့်ပါသွားတယ်ပေါ့ ။

မနေ့ညက ဒီစာမရေးခင် ထုံးစံအတိုင်းဈေးလေးဖွင့်ကြည့်မိတော့ အတော်ပျော်သွားတယ် ။ coinmarket မှာက steem ဈေးက 2.3$ နဲ့ sbd ဈေးက 7.2$ ဖြစ်နေတော့ ဝမ်းသာအားရနဲ့ B Pyae ရေ sbd ဈေးတက်နေတဲ့အကြောင်း ဖုန်းဆက်တော့တာ ။

ကိုယ့်ရှိတဲ့ sbd ပြေးကြည့်တော့ 5.3 sbdဆိုတော့ 7.2 နဲ့မြှောက်ပြီး မဆိုးဘူးဟလို့  တွေးမိသေးတာပေါ့ဗျာ ။ ပြာယာခတ်နေတဲ့ကိုယ့်ကို အမေကမြင်တော့ ဘာဖြစ်နေတာလဲမေးရော ။ အမေရေ ဒီလိုဒီကြောင်းရှိလို့  B Pyae ဖုန်းဆက်တာ မကိုင်ဘူးပြောပြတော့ အမေက " B Pyae က အရူးအမဲသားကျွေးလိုက်ပြီ " တဲ့ ။ ဗုဒ္ဓေါ ! နေရင်းထိုင်ရင်း ကျနော်အရူးဖြစ်ရပြန်ပြီ ။

2309042_S.jpg

crd org source

ခနအကြာမှာ ဖုန်းထပ်ဆက်တော့ B Pyae ဖုန်းကိုင်တယ်ဗျ ။ သူက ကျနော်ပြောတာကို ဟားပြီး ဒီလိုဘဲဈေးတွေဖြစ်နေတာ ၄ရက်လောက်ရှိပြီတဲ့ ။ တကယ်တမ်းက steemit market ကဈေးကိုသာကြည့်ပါဆိုပြီး ဖုန်းချသွားရော ။

အဲ့ဒီမှာ အမေကကြားပြီး ဘာထပ်ပြောလဲဆိုတော့ " B Pyae ပြောပုံအရဆိုရင် ခွေးဝမ်းသာအောင် လေလည်ပြတာဘဲ " တဲ့ ။ ဒီတခါတော့ပိုဆိုးပြီပေါ့ ကျနော်အရူးဖြစ်ရုံမက ခွေးပါဖြစ်ရတော့မယ့်ပုံပါဘဲ ။ ဟာ အမေရာဆိုတော့မှ သူပြောတာ သူဘာသာ သဘောပေါက်သွားပြီး တဟားဟားရီနေပြီး ဥပမာပြောပြတာပါသားရယ်ဆိုပြီး ထွက်သွားတော့တယ် ။

ဒီမနက် ပရိုအတွက်ပိုစ့်တင်မယ်ဆိုတော့ ဈေးကွက်လေးဖွင့်ကြည့်ဘို့ အတွက် အမေ့စကားသံကြားပြီး လက်ရွံ့နေမိတာအမှန်ပါဘဲ ။ ညက coinmarket ကြည့်မိတဲ့ sbd ဈေးကြောင့် ကျနော်ဘဝပြောင်းလဲရမလိုဖြစ်တော့မလို့  တော်ပါသေးရဲ့ဗျာ ။

1362244_S.jpg

crd org source

minmanthawe@minmanthawe

MSC 257

Leave အမေ့စကားသံ … ၅ to:

Written by

Read more #myanmar posts


Best Posts From MMT

We have not curated any of minmanthawe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From MMT