mgmgnaing avatar

သက်ငယ်မုဒိန်း

mgmgnaing

Published: 07 Feb 2018 › Updated: 07 Feb 2018သက်ငယ်မုဒိန်း

သက်ငယ်မုဒိန်း

သက်ငယ်မုဒိမ်းဆို သေဒဏ်ပေး။
ကိုယ်လည်း အဲ့လိုပဲ သေစေချင်တာပဲ။
အဲ့ထက်တောင် ဆိုးဆိုးရွားရွားခံစားရပြီး နောင်တတွေ အဖန်ဖန်တလဲလဲနဲ့ကို မချိမဆန့်သေသွားစေချင်တာ။

ဒါပေမယ့် သေဒဏ်ဆိုတဲ့နောက်က Victims ပေါ်မှာ
ပိုကြီးသွားမယ့်ဖိအားကိစ္စကို ထည့်စဉ်းစားရပါမယ်။
သေဒဏ်ဆိုတော့ မုဒိမ်းကျင့်လည်း သေဒဏ်
မုဒိမ်းကျင့် လူသတ်လည်း သေဒဏ်၊
သတ်လိုက်ရင် ဖော်ချင်မှဖော်နိုင်မယ်ဆိုပြီး
အပြီးလက်စဖျောက်သွားနိုင်တာမျိုးတွေ စိုးရိမ်စရာ ရှိပါတယ်။

နောက်တစ်ခုက ပြစ်ဒဏ်သည် သေဒဏ်ဖြစ်တဲ့အတွက်
အဲ့ဒီ့ပြစ်ဒဏ်ကို လက်တစ်လုံးခြားအသုံးချပြီး အချင်းချင်းယုတ်မာတဲ့နေရာမှာ သုံးတာမျိုး။

နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။
သက်ငယ်မုဒိမ်းဆိုပြီး ဘယ်လိုအသက်အရွယ်ကို သတ်မှတ်ပါသလဲ။
၁၈နှစ်လား ၁၆နှစ်လား ၁၄နှစ်လား ၁၂နှစ်လား ၁၀နှစ်လား။
အသက် လေးငါးခြောက်နှစ် ဆယ်နှစ်ဝန်းကျင်
ကလေးစစ်စစ်တွေကို ကျူးလွန်တာသည် ချွင်းချက်မရှိ
ယုတ်မာအောက်တန်းကျမှုပါ။

အသက် ၁၄နှစ်ကို သက်ငယ်မုဒိမ်းလို့ သတ်မှတ်သည်ဆိုပါစို့။
အသက်၁၄ဆိုတာ ကိုးတန်းအရွယ်ပါ။
အသက်မပြည့်သေးသော်ငြား မျိုးပွားအင်္ဂါတွေ အစုံအလင်နဲ့ အရွယ်ရောက်ပြီးလူ ဖြစ်နေပြီရယ်။
ခေတ်ကာလက တဖြည်းဖြည်း လူဖြစ်စောလာကြပြီ။
အရွယ်ရောက် မြန်လာကြပြီ။
အဲ့အရွယ်မှာ ရည်းစားထားနေကြပြီ။
အဲ့အရွယ်မှာ ရည်းစားထား လွန်လွန်ကျူးကျူးဖြစ်
မိဘကသိ၊ ယောက်ျားလေးကို သက်ငယ်မုဒိန်းနဲ့ဆွဲ
ထောင်အနှစ်နှစ်ဆယ်ကျ
ဒီလိုအမှုနဲ့ ဟိုကလေးငယ်လေးတွေကို ကျူးလွန်တဲ့ ယုတ်မာမှုနဲ့ ပြစ်မှုအတူတူကျ မတရားသလိုဖြစ်တယ် မထင်ဘူးလား။
(ဘယ်အမှုကိုမှ မှန်ပါတယ် ဖြစ်သင့်ပါတယ် မပြောပါနော်။ ဖြစ်သွားတတ်တာမျိုးတွေ ပြောပြတာ)

ဆိုလိုတာက သက်ငယ်မုဒိမ်းလို့ ဘယ်အသက်အရွယ်ကို သတ်မှတ်ပါသလဲ။
ဖွင့်ဆိုချက်တိတိကျကျရှိရင် Awarenessဖြစ်အောင် သတင်းပေးသင့်ပါတယ်။

မုဒိမ်းမှုဆိုတာ သက်ငယ်ဖြစ်ဖြစ် သက်ကြီးဖြစ်ဖြစ်
မဖြစ်သင့်မဖြစ်အပ်တဲ့အရာပါ။
မုဒိမ်းကောင်မှန်သမျှဟာ လူ့အဖွဲ့အစည်းက ဖယ်ထုတ်ပစ်ရမယ့် အမှိုက်တွေပဲ။
သူတို့အတွက် သနားစရာ တွေးပေးစရာ ဘာမှမရှိဘူး။
ဒါပေမယ့် သေဒဏ်ဆိုတာကြောင့် လူသတ်လက်စဖျောက်တာမျိုးတွေ တိုးပွားလာနိုင်တယ်လို့ ထင်မိတယ်။

မုဒိမ်းမှုနဲ့ပတ်သက်ပြီး ဥပဒေရှိပြီးသားပါ။
အဲ့ဒီ့ဥပဒေကို အသက်ဝင်အောင် လျင်မြန်အောင် ဆောင်ရွက်သင့်တယ် ထင်ပါတယ်။
ပြီးခဲ့တဲ့ သုံးလေးလက သက်ငယ်မုဒိမ်းမှုတစ်ခု ထောင်အနှစ်နှစ်ဆယ် ချမှတ်လိုက်တာ ဖတ်ရပါတယ်။

နောက်ထပ် အတားအဆီးတစ်ခုက
တရားရုံးမှာ ကြာနေတဲ့ကိစ္စ။
သိတော်မူကြတဲ့အတိုင်းပဲ... အမှုတစ်ခုဖြစ်ပြီဆိုရင်
ရုံးတက် ရုံးဆင်းနဲ့ နှစ်ပေါက်အောင် ကြာတာ။
အခြားအမှုမပြောနဲ့ သက်သေသာဓကအစုံ မျက်မြေသက်သေအစုံနဲ့ ကြည်လင်းတို့လို လူသတ်မှုတောင် တစ်နှစ်ပြည့်ပြီ အမိန့်မချသေးဘူး။ စဉ်းစားသာကြည့်ကြ။

တရားရုံးမှာ မုဒိမ်းမှုကို စစ်မေးခံရတဲ့ကိစ္စဟာ
ကျူးလွန်ခံရသူအတွက် နောက်ထပ် အိပ်မက်ဆိုးတစ်ခုပဲ။ တော်ရုံစိတ်မခိုင်ရုံနဲ့ မရပါဘူး။ တော်ရုံစိတ်ခိုင်ရုံနဲ့တောင် မလွယ်တဲ့ကိစ္စရယ်။
တရားခံရှေ့နေက သူ့အမှုသည်လွတ်အောင် လှည့်ပတ်ညှစ်ထုတ်မေးလေ ဖြေရတဲ့ တရားလိုအတွက် ပိုဒုက္ခရောက်လေပဲ။
ကျူးလွန်ခံရသေးတဲ့အပြင် ဘယ်လိုကျူးလွန်သလဲဆိုတာ မိန်းမတစ်ယောက်ကို နှိုက်နှိုက်ချွတ်ချွတ်မေးနေတာ ဘယ်လိုဒုက္ခမျိုးလဲဆိုတာ ခံစားကြည့်ပါ။

အချို့ဆိုရင် အဲ့လိုဒုက္ခတွေကို ရင်မဆိုင်ရဲလို့ တရားမစွဲတာတို့ အရှုံးပေးသွားတာတို့ ရှိပါတယ်။
အဲ့လိုအဖြစ်တွေဟာ သက်ငယ်ကလေးတွေမှာဆိုရင် သူတို့ရဲ့ စိတ်ဒဏ်ရာကို တွေးဆကြည့်ပါ။

တရားရုံးအနေနဲ့ Victims ရဲ့ အရှက်ကို ကာကွယ်ပေးသင့်သလို မြန်မြန်ဆန်ဆန် စီရင်ချက်ချ
ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချ
ပြည်သူကြားထဲ Awareness ဖြစ်အောင် လှုပ်ခတ်အောင် သတင်းပေး
ဒီလိုအမှုတွေ လျော့ကျသွားမယ်လို့ မြင်မိတယ်။
မနေ့က မနက်ကပဲ ရန်ကုန်လူစည်ကားရာအရပ်မှာ
နောက်ထပ်တစ်မှု ဖြစ်သွားကြောင်း ကြားရပါတယ်။
image
စိတ်ရှိလက်ရှိကတော့ သေဒဏ်မကဘူး
ဖွားဖက်တော် အရှင်လတ်လတ်ဖြတ်
တံစို့ထိုး မီးကင်သတ်ချင်တာ....
😡😡

Leave သက်ငယ်မုဒိန်း to:

Written by

Read more #myanmar posts


Best Posts From mgmgnaing

We have not curated any of mgmgnaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mgmgnaing