Cyber
အခုနောက်ပိုင်းမှာ Cyber Bullying နဲ့ ပတ်သက်ပြီး
သုတေသနလုပ်နေကြတဲ့ NGOတွေက
ကိုယ့်ကို တကူးတက Research Interview တွေ လာလုပ်ကြတယ်။
အင်းလေ.... ဖေ့စ်ဘုတ်ပေါ်လည်း ထီခနဲဆို ကိုယ့်ပဲတိုက်ခိုက်နေကြတာဆိုတော့ သူတို့မျက်စိကျလည်း ကျချင်စရာကိုး။ 😂😂
သူတို့မေးတဲ့မေးခွန်းတွေကတော့ အများကြီးပဲ။
Cyber Bullying တွေ ဘာကြောင့်ဖြစ်လာတယ်ထင်လဲတို့
မြန်မာပြည်မှာ သိသိသာသာ အဲ့လိုတွေဖြစ်လာတာ ဘာကြောင့်ထင်လဲတဲ့
Cyber Bullying တွေနဲ့ ကြုံတဲ့အခါ ဘယ်လို ဖြတ်သန်းလဲ ဘယ်လိုရင်ဆိုင်လဲ
ဘာလို့ ထွက်မပြေးသွားလဲတို့။
တစ်ခါတရံ စကားထိုင်ပြောနေလိုက်တာ ၂နာရီလောက်ကြာတယ်။
သူတို့လည်း interview တယ်ဆိုတာ မေ့ပြီး ကိုယ်ပွားသမျှ နားထောင်ကြတော့တာပဲ။
မြန်မာနိုင်ငံမှာမို့ Cyber Bullying တွေဖြစ်တယ်
မြန်မာလူမျိုးတွေ စိတ်ဓါတ်ဘာဖြစ်တယ် ညာဖြစ်တယ်လို့တော့ ကိုယ်မထင်ပါဘူး။
Cyber Bullying ဆိုတာ မြန်မာပြည်မှာမှ မဟုတ်ဘူး
ကမ္ဘာမှာလည်း ရှိတာပဲ။
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြသူတွေလည်း အများကြီးပဲ။
ကိုယ့်နိုင်ငံမှာကတော့ ဖြစ်လာတာ နည်းနည်းမြန်တယ် ပြောရမှာပေါ့။
အခြားနိုင်ငံတွေလို တစ်ဖြည်းဖြည်း တိုးတက်လာတာမဟုတ်ဘဲ
ဆက်သွယ်ရေးနည်းပညာတွေ အများကြီး နောက်ကျခဲ့ပြီးမှ ရုတ်ချဉ်းဝုန်းခနဲ တိုးတက်သွားတဲ့အခါ
Mindsetတွေ Ethicတွေက အများကြီး နောက်ကျန်နေခဲ့တာ။
ဒီကြားထဲ ရပ်ကွက်ထဲ အတင်းလိုက်တုပ်၊
ပေါင်ကြားထဲခေါင်းညှပ် သန်းတုပ် အတင်းပြော
ရပ်ကွက်စရိုက်တွေ ဖေ့စ်ဘုတ်ပေါ် ဒင်းကြမ်းရောက်လာတော့တာ။
ပြင်ပမှာ အဲ့လိုလိုက်ပြောဖို့က ဂုဏ်သိက္ခာအရ နည်းနည်းထိန်းသိမ်းပေမယ့်
ဖေ့စ်ဘုတ်ပေါ်မှာတော့ ဘယ်သူမှမမြင်ရပါဘူးဆိုတဲ့စိတ်နဲ့ အတော်ကြမ်းတမ်းလာတာတော့ သိသာတယ်။
ဦးဆုံး Targetကတော့ လူသိများသူတွေပေါ့။
နောက်ထပ်Targetကတော့ အချင်းချင်းအကြောင်းပေါ့။
လမ်းပေါ်မှာ ဖရဲသီးရောင်းရင်း ဖေ့စ်ဘုတ်မှာ သားကောင်ဖြစ်သွားနိုင်သလို
အချိန်မရွေးလူတိုင်းဟာ ဖေ့စ်ဘုတ်မှာ သားကောင်ဖြစ်သွားနိုင်တယ်။
ဘယ်လိုကျော်ဖြတ်သလဲလို့ မေးရင် ကိုယ်တော့ ရယ်ချင်တာပဲရှိတယ်။
ကိုယ့်ဘဝမှာ ဘာပုံသေနည်းမှ မရှိဘူး။
ဘာဥပဒေသ ဘာပုံစံခွက်မှ မရှိဘူး။
ကိုယ့်ပေတံက တစ်ဖြောင့်တည်းပဲ။
ကိုယ်မှန်ရင် ဘယ်သူမရွှေ့ရွှေ့ ကိုယ့်ခေါင်းက ရွေ့မှာ မဟုတ်ဘူး။
ဘယ်လိုကျော်ဖြတ်လဲဆိုတော့ ဘယ်လိုမှ မကျော်ဖြတ်ဘူး။
ဒီအတိုင်း ဆက်စီးဆင်းသွားရုံပဲ။
လူတွေပါးစပ်က တစ်ခုခုပြောလိုက်တာနဲ့
ကိုယ်က အဲ့လို ဖြစ်မသွားဘူးလေ။
ဘာနဲ့ပစ်ပစ် ပန်းနဲ့ပေါက်တယ် ထင်ရအောင်တော့ မရင့်ကျက်နိုင်သေးပါဘူး။
ပထမဆုံးအနေနဲ့ စိတ်ထဲမှာ ခံစားသွားရတာကို အရင်လျှော့တယ်။ ပြီးရင် ကိုယ်မေ့ပစ်တယ်။
ကိုယ့်ရှေ့မှာ Personal တိုက်ခိုက်ခံရတဲ့လူတွေ အများကြီးပဲ။ အဲ့လိုတိုက်ခိုက်ခံရတာနဲ့ သူတို့ပြင်ပဘဝမှာ ဘာဖြစ်သွားလဲ။ ဘာမှမဖြစ်ဘူး... ဆက်အောင်မြင်နေတာပဲ။ သူတို့က ဘာမှဖြစ်မသွားဘူး။ တိုက်ခိုက်နေကြသူတွေသာ သူများအကြောင်းတွေ တွေးရင်းပြောရင်း
ကိုယ့်အကြောင်းကိုယ် မေ့လျော့ပျက်သုဉ်း တိုးတက်မှုအားနည်းသွားကြတာ။
ကိုယ်ကတော့ သင်ခန်းစာယူတယ်။
ကိုယ့်ဥပဒေသက တစ်ခုတည်းပဲ။
လူယုတ်မာတွေကို ကိုယ်ညှိနှိုင်းမှာ မဟုတ်ဘူး။
ပိုငိုတဲ့လူကို လောကဓံက တစ်ချက်ပိုရိုက်တတ်တယ်တဲ့။ ကိုယ်တို့ ဘာကိုမှ တုန်လှုပ်ပြနေစရာမှ မရှိလှပဲ။
စိတ်ဝင်စားရင် နောက်ကျောကထိုးတဲ့ဓါးတွေကြားမှာ
စီးချင်းဘယ်လိုထိုးရတယ်ဆိုတာ သင်ယူလို့ရနိုင်တယ်။
ဆရာတာရာမင်းဝေရဲ့ စာသားလေးတစ်ခု မှတ်မိနေသေးတယ်။
“ဘာပဲ ဖြစ်ဖြစ် ဘာမှ မဖြစ်နဲ့" တဲ့
"ဘာမှမဖြစ်လည်း ဘာမှ မဖြစ်နဲ့" တဲ့။
လောကဓံကို မတုန်လှုပ်ဖို့ ရိုးရှင်းတဲ့ စကားတစ်ခွန်းလို့ ခံစားရတယ်။
ဦးမင်းကိုနိုင် ပြောသလိုပေါ့
"ချိုးတိုင်းသာ ကြွေရရင် ဝေပြစရာတောင် ကျန်မှာမဟုတ်ဘူး"တဲ့။
ဖေ့စ်ဘုတ်မှာ လူတိုင်းဟာ သားကောင်ဖြစ်သွားနိုင်တဲ့ လူတွေပါပဲ။
မကြောက်ပါနဲ့.... ရင်ဆိုင်ပါ
ပြီးရင် မေ့ပစ်ပါ။
ကိုယ်လည်း စင်းလုံးချော မဟုတ်ပါဘဲ
သူများ ကောင်းတာလုပ်ရင် ချီးကျူးခဲသလောက်
မကောင်းတာတစ်ခုဆိုရင် မြိန်ရည်ရှက်ရည် ပြောတတ်တဲ့
ကိုယ်က ဘယ်တုန်းကမှ မမှားတတ်တော့သလို
သူတပါးကို အရည်ဖျော်စားသုံးတတ်တဲ့ လူအဖွဲ့အစည်းကို
လက်ခလယ်သာ ထောင်ပြလိုက်ပါ။
ဘဝဆိုတာ အထူးအထွေမဟုတ်ပါဘူး။
ရင်ဆိုင်ကျော်ဖြတ်ရခြင်းသက်သက်ပါပဲ။
Leave Cyber to:
Read more #myanmar posts
Best Posts From mgmgnaing
We have not curated any of mgmgnaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.