နိုင်ငံရေး
ဘီအီးပုလင်းထဲ ဓါတ်ဆီတစ်ထောင်ဖိုးလောက်ထည့်
သတင်းစာစက္ကူစုတ်တပ်ပြီး မီးရှို့ပစ်တာလောက်နဲ့
ခြံနံပါတ်၅၄ မီးလောင်ပြာကျ မဖြစ်နိုင်သလို
ဒေါ်အောင်ဆန်းစုကြည်လည်း ဘာမှမဖြစ်နိုင်ဘူးဆိုတာ
ကလေးတောင် သိတယ်။
ဒီခွေးကောင်မသိဘူးဆိုတာ ချီးစားပြောတောင် မယုံဘူး။
ထမင်းဝအောင်စားထားလို့ ကြိမ်းဝါးတယ်။
ခြိမ်းခြောက်တယ်။
ခြံနံပါတ်၅၄ကို မီးကွင်းပစ်တဲ့လူက
ဦးကိုနီကို လုပ်ကြံတဲ့ ကြည်လင်းဝတ်ခဲ့တဲ့ အင်္ကျီပန်းရောင်ကို ဝတ်ထားတယ်။
မီးကွင်းပစ်တယ်... ပြေးလာတယ်
ကားဂိတ်မှာတောင် ဘတ်စ်ကားစောင့်လိုက်သေးတယ်။ မခန့်တာ။
ဒီနေရာမှာ အမေစုခြံမဟုတ်ဘဲ ဟိုလူကြီးတွေခြံဆိုရင် ဒီလိုရနိုင်ပါ့မလား။
ဘာထိခိုက်ဒဏ်ရာမှ မရနိုင်မှန်းသိလျက်နဲ့ ကမြောက်ကခြောက် ဟိုပစ်ဒီပစ် လုပ်တာဟာ
တိုင်းပြည် မတည်မငြိမ်ဖြစ်နေပါတယ်ဆိုတာကို ပြချင်တာလား။
ဒေါ်အောင်ဆန်းစုကြည်ကို လူတွေမုန်းနေပါပြီလို့ သွယ်ဝိုက်မက်ဆေ့ခ်ျပေးချင်တာလား။
ဒါမှမဟုတ် ရခိုင်မြေဆီက ဟော့လာနိုင်ချေရှိတဲ့ သတင်းဆိုးတစ်ခုကို ဖုံးချင်တာများလား။
နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ
ကြိုတင်ကြံစည်မှုပါပဲဆိုတဲ့စကားကိုပဲ
ကြားယောင်နေမိတော့တယ်။
Leave နိုင်ငံရေး to:
Read more #myanmar posts
Best Posts From mgmgnaing
We have not curated any of mgmgnaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.