mgmgnaing avatar

Movies

mgmgnaing

Published: 31 Jan 2018 › Updated: 31 Jan 2018Movies

Movies

Reviewတော့ မဟုတ်ပါဘူး။
ပရိတ်သတ်တစ်ယောက်ရဲ့ ပွားစာဆိုပါတော့။
နည်းနည်းspoilဖြစ်ပါတယ်...ကြိုပြောတာပါ။
အရမ်းနာမည်ကြီးနေတဲ့ ဥပါယ်တံမျဉ် သွားကြည့်ဖြစ်တယ်။ အစကတော့ သွားကြည့်ဖို့ အစီအစဉ်မရှိလှဘူး။
ဖေ့စ်ဘုတ်မှာ ပေါလောကက ဂျေဝင်သံတွေ
ပေါကားဆန့်ကျင်ရေးသမားတွေရဲ့ လက်ခုတ်သံတွေကြောင့် မအားတဲ့ကြားက ရုံထဲရောက်ဖြစ်တယ် ဆိုပါတော့။

နာမည်ကြီးမယ်ဆိုလည်း ကြီးလောက်ပါရဲ့။
ဇာတ်လမ်းအနေနဲ့ကတော့ ဥပါယ်တံမျဉ်သာ နိုင်ငံခြားကားတစ်ကားဆို အရမ်းကောင်းတယ်လို့ ပြောစရာ မရှိပါဘူး။
ဒါပေမယ့် ဥပါယ်တံမျဉ်က မြန်မာကား ဖြစ်နေတယ်။
အမှန်အတိုင်းပြောရရင် မြန်မာကားထဲမှာ အဲ့လိုကား မမြင်ဖူးခဲ့ဘူး။

သရုပ်ဆောင်တွေအပိုင်းက စပြောရင် တစ်ကားလုံးက သရုပ်ဆောင်တွေထဲမှာ သက်မွန်မြင့်နဲ့ မင်းဦးကလွဲရင် တစ်ခါမှ မမြင်ဖူးတဲ့ လူတွေချည်းပဲ။
မင်းသားနှစ်ယောက်ပါတယ်... နျောက်လုံး မချောဘူး။
အဲ့ဒါကပဲ အမြင်ဆန်းသွားစေတာ။
မင်းသားဆိုရင် မြင်နေကျ မိတ်ကပ်လက်လေးသစ်နဲ့ အရမ်းချောနေတာမျိုးမဟုတ်တာကိုက ဆွဲဆောင်မှုဖြစ်နေသလိုပဲ။
နာမည်တွေကလည်း ဇင်မာတို့ သိန်းစိုးတို့
အပြင်မှာ မှည့်နေကျ နာမည်တွေ။
လူနာမည်တွေပေးသွားတာနဲ့တင် အတော်ကျေနပ်မိ။
သက်မွန်မြင့်ကလည်း အသစ်တွေကို အရမ်းမကျောဘဲ သမ္ဘာကို ပါးပါးလေး ပြသွားတယ်။
မင်းသားအသစ်တွေ မင်းသမီးအသစ်တွေဆိုပေမယ့် ကြောင်ကန်းကန်းကြီး ဖြစ်မနေဘူး။
အဲ့ဒါလေးတော့ အတော် သဘောကျတယ်။

စကားပြောတွေက အပြင်နဲ့ သိပ်နီးစပ်လွန်းတယ်။
အပိုစာသားတွေ သိပ်မပါဘူး။ မြန်မာကားအတော်များများဟာ အပြင်မှာမပြောတဲ့ စကားတွေကို သိပ်ပြောကြတယ်။ လူငယ်အချင်းချင်းကြားမှာ ဒိုင်ယာလော့ အကြီးကြီးတွေ ပြောနေပြီဆို "ဟျောင့်... မြန်မာကား သိပ်မဆန်နဲ့"လို့ ပြောစမှတ်ဖြစ်တဲ့အထိ။
ဥပမာ- အပြင်က သားဖြစ်သူက ပြန်လာတယ်။ အမေကမီးဖိုချောင်ထဲမှာ... “အမေ ဘာဟင်းချက်လဲ" မေးရင် အပြင်မှာ ဘယ်သူကမှ ရုပ်ရှင်ထဲကလို “သားကြိုက်တတ်တဲ့ ငါးရံ့အူဟင်းလေး ချက်ထားတယ်"လို့ မပြောကြပါဘူး။ "ငါးရံ့အူဟင်းချက်တယ်... စားမလား.. ရေချိုးလေ" ဒီလောက်ပါပဲ။
လူမပေးတဲ့ နာမည်တွေပေး၊ လူမပြောတဲ့ စကားတွေပြော၊ ဆန်းပြီးရောတွေ လျှောက်လုပ်ခဲ့ကြတာဟာ မြန်မာကားတွေနဲ့ မြန်မာပရိသတ်ကို ခြားပစ်လိုက်တဲ့ စည်းတွေပါ။

ဥပါယ်တံမျဉ်ဟာ ပြင်ပနဲ့ သိပ်နီးစပ်လွန်းတဲ့ ကားပါ။
အခြားဇာတ်ကားတွေမှာ မျက်နှာကြီးနီ မျက်ရည်တွေကျ နှပ်ချေးရှုံ့ပွ ရှုံ့ပွနဲ့ သရုပ်ဆောင်ရမယ့်အခန်းမျိုးတွေမှာတောင် ပါးပါးလေးတွေ လုပ်သွားတော့ မြန်မာကားကြည့်နေကျ မျက်လုံးထဲမှာ အိုက်တင်လိုသလိုတောင် ခံစားရတယ်။
"ခင်ဗျား ဆင်းရဲဖူးသလား။
ငွေမရှိရင် ဘယ်သူမှ စောက်ဖက်မလုပ်ဘူး"ဆိုတဲ့ သိန်းစိုးရဲ့ အားရပါးရပြောချလိုက်တဲ့စကားကြီးမှာ ကိုယ်ပြောချင်တာတွေ ပြောလိုက်ရသလို ဘဝင်ကျသွားတယ်။

အရုပ်တွေ အသံတွေအကြောင်းတော့ သိပ်နားမလည်လှဘူး။
ဒါပေမယ့် အရုပ်တွေက မြင်နေကျမြင်ကွင်းတွေကိုတောင်မှ ငြိအောင်ရိုက်ပြနိုင်သလို
ရှုခင်းတွေကို ရိုက်ပြတဲ့ ရိုက်ချက်တွေက ထပ်မြင်ချင်စရာကောင်းလွန်းတယ်။
အသံကတော့ အရမ်းအကြည်လွန်ပြီး စတူဒီယိုထဲရောက်နေသလိုကြီး။
ဒါပေမယ့် ဝုန်းဒိုင်းကျဲထထဆူတတ်တဲ့ ပွက်လောရိုက်နေတဲ့ အသံဆိုးကြီးတွေ၊ တီတီကွမ်ကွမ်တွေ၊ ဂစ်တာတစ်လုံးတည်းနဲ့ အသံစုံထွက်ပြနေတဲ့ ဇာတ်ဝင်တေးတွေ မပါတာနဲ့တင် စိတ်ချမ်းသာလွန်းလှပြီ။

ဇာတ်လမ်းထဲမှာ အဓိပ္ပါယ်သိပ်မရှိတဲ့အကွက်တွေ နည်းနည်းပါနေသေးတယ်။
ဥပမာ-တစ်ကားလုံး ယူထားတဲ့လင်ကို လှည့်ကွက်ဆင်ခဲ့တဲ့ ဇင်မာတစ်ယောက် နောက်ဆုံးခန်းရောက်မှ ရုတ်တရပ်စိတ်ကောင်းဝင်သွားတာမျိုး။
ဇင်မာ့ဘဝကောင်းစားစေချင်တဲ့ ကသိန်းစိုးက ပန်းချီပြခန်းပိုင်ရှင် ဘောစိတစ်ယောက်ရဲ့ တရားဝင်မိန်းမဖြစ်သွားတာကို ဘာလို့ထပ်လိမ်ခိုင်းရတာလဲဆိုတာမျိုး၊
ငပလီမှာ ဟိုတယ်တွေအများကြီးရှိတဲ့အထဲမှာမှ တဟိုတယ်ထဲ သွားကျနေတာမျိုး
ဘာပဲဖြစ်ဖြစ် အရမ်းအဆိုးကြီးတော့မဟုတ်ပါဘူး။
ကိုယ်က စစ်စစ်ပေါက်ပေါက် လျှောက်တွေးလို့ရယ်။

ဒီဇာတ်ကားကို မြန်မာပရိသတ်တွေ ဘာလို့ငြိလဲ။
အဓိကအကြောင်းအရင်းက ပေါကားတွေကို သိပ်ညည်းငွေ့နေလို့ပါပဲ။
ဥပါယ်တံမျဉ်က သိပ်ကောင်းလွန်းနေလို့ ဆိုတာထက်
ခင်ဗျားတို့က သိပ်ပေါလွန်းနေလို့လို့ တည့်ပြောချင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဥပါယ်တံမျဉ်ဟာ မြန်မာ့ရုပ်ရှင်Revolution ရဲ့ အစပါပဲ။
Body Shaming တွေ၊ ခါးအောက်ပိုင်း ပျက်လုံးတွေ
ကလိထိုးဟာသတွေနဲ့ တန်ဆာဆင်ထားတဲ့
နာမည်ကြီးမင်းသားမင်းသမီးတွေသာပါရင်
ရုပ်ရှင်ဖြစ်ပြီဆိုတဲ့ ဇာတ်ကားတွေရဲ့ မျက်ခွက်ကို
အလျားလိုက်ရော ဒေါင်လိုက်ပါ ဖြတ်ရိုက်လိုက်တဲ့ ဇာတ်ကားလို့ ဆိုချင်ပါတယ်။
ဒီလိုဇာတ်ကားတွေ လူကြည့်များလာရင် ပရိသတ်ဟာ
နှစ်မျိုးနှစ်စား ကွဲထွက်လာလိမ့်မယ်။
ပရိသတ်ဟာ ရွေးချယ်စရာပေါ်လာရင် ရှက်တတ်လာမယ်။ ရိုက်သူတွေလည်း ရှက်တတ်လာလိမ့်မယ်။
မြန်မာ့ရုပ်ရှင်ဆိုရင် တော်ပါကွာဆိုတဲ့ ပရိသတ်ကို
ဒီလိုကားမျိုးတွေက ရုံထဲ ပြန်ခေါ်ပေးနိုင်လိမ့်မယ်လို့
ယုံကြည်တယ်။

တစ်ပြားမှ မရဘူးနော်။ လက်မှတ်တောင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဝယ်ကြည့်ရတာ။ ဝယ်တာနောက်ကျလို့ ချောင်ထဲမှာ ခပ်စောင်းစောင်းလေး ပေဂျောင်ပေဂျောင်ကြည့်လာရတာ။ ပေါ်တင်လော်ဘီတာပါ။
ဥပါယ်တံမျဉ်ကို ကြည့်ကြပါ။
ဒီကားမျိုး ရုံလူဝင်ကာမှ ရုံတွေအမြတ်ရကာမှ
နာမည်ကြီးမင်းသားမင်းသမီးပါမှ ရုံတင်ပေးတဲ့ စနစ်ကြီးပျောက်ပါလိမ့်မယ်။
မြန်မာပရိသတ်အားလုံး စောက်ပေါတွေမဟုတ်ဘဲ ရွေးစရာမရှိလွန်းလို့ အောင့်အီးသည်းခံနေရတယ်ဆိုတာ
ရှက်သင့်သူတွေ မြင်သွားဖို့ လိုပါတယ်။

ရုံထဲထည့်ဂျင်းသိပ်နေတာတွေ ချက်ချင်းရပ်
image

Leave Movies to:

Written by

Read more #myanmar posts


Best Posts From mgmgnaing

We have not curated any of mgmgnaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From mgmgnaing