
မသိဘူး
ကိုယ်တို့တွေ အချင်းချင်း စနောက်ပြောကြတဲ့စကားတစ်ခွန်း ရှိတယ်။
"ဟျောင့်... မင်း လူကို မလေးစားရင်တောင်
ယူနီဖောင်းကို လေးစားပါ" ဘာညာ။
ကိုယ်ဝတ်ဆင်ထားတဲ့ အဝတ်အစားရဲ့ ဂုဏ်သိက္ခာကို
တန်ဖိုးထားဆိုတဲ့သဘောပါ။
ယူနီဖောင်းဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို တပ်ဆင်ထားတဲ့အဝတ်အစားပါ။
နေလုံရုံ မိုးလုံရုံ အရှက်လုံရုံအပြင် ဂုဏ်သိက္ခာလုံဖို့ပါ ထည့်တွက်ရတဲ့ အဝတ်အစားမျိုး။
ဖေ့စ်ဘုတ်ပေါ်မှာ အခုပျံ့နှံ့နေတဲ့ ဓါတ်ပုံတစ်ပုံ။
အ.ထ.က(၄) သင်္ကန်းကျွန်း စာတမ်းပါ ယောဂီတဘက်နဲ့ ယောဂီဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေး လေးငါးယောက် လက်ခလယ်ထောင်ပြီး ရိုက်ထားကြတဲ့ပုံ
(ပုံတော့ မတင်ရဲဘူး။ တော်ကြာ ရှက်ပြီးသတ်သေကုန်ရင် ကိုယ့်အပြစ် ဖြစ်ဦးမယ်။
သူတို့လည်း တောင်းပန်ပြီးပြီ၊ နောင်တလည်း ရနေလောက်ပါပြီ။ ပုံတွေ ထပ်shareမနေကြနဲ့နော် )
ဘာသာရေးစော်ကားတယ်တွေ.. ဗုဒ္ဓဘာသာမဟုတ်ဘူးလားတွေ အများကြီးအမှုကြီးအောင် လျှောက်ပြော မနေတော့ပါဘူး။ သူများတွေပြောလို့ ထောင်းလမောင်းထနေပါပြီ။
ကောက်ချက်ဆွဲကြည့်ရင် ယူနီဖောင်းကို တန်ဖိုးမထားလို့၊ ယူနီဖောင်းကို မလေးစားလို့လို့ပဲ အဖြေရတယ်။
ကိုယ်ဝတ်ထားတဲ့ ယူနီဖောင်းနဲ့ ကိုယ့်လုပ်ရပ်အပြုအမူနဲ့ သင့်တော်၏ မသင့်တော်၏ဆိုတာလေးတော့ တွက်သင့်တယ်။
ဘောင်းဘီတိုဝတ်ပြီး ကော့လန်ကုန်းကပြနေတာ ပြသနာမရှိဘူး။ အလွန်ဆုံး အမြင်မတော် ဖျင်ပေါ်ရုံလောက်ပဲ။ မြန်မာဝတ်စုံဝတ်ပြီး အဲ့လိုကပြရင်တော့ တစ်မျိုးကြီးဖြစ်မှာ။
တစ်ခေါက်က သာသနာ့အလံကြီးနဲ့ တံဆိပ်ကြီးတပ်ထားတဲ့ အင်္ကျီတွေဝတ်ပြီး အရက်ဆိုင်မှာ အရက်သောက်နေကြတဲ့ပုံတွေ တက်လာလို့ လှောင်စရာ ဖြစ်ခဲ့ဖူးတယ်ရယ်။
ဘာပဲဖြစ်ဖြစ်လေ
ကိုယ်ဝတ်ထားတဲ့ ယူနီဖောင်းရဲ့ ဂုဏ်သိက္ခာအတိုင်း
မရပ်တည်ရင် အထင်သေးခံရကြောင်း၊ အမုန်းခံရကြောင်း ဟိုညီမလေးတွေကို အေးအေးဆေးဆေး ပြောပြချင်မိတယ်။
မှတ်ချက်- မည်သူ့ကိုမှ စောင်းမရေးပါ။ ဝင်မစပ်ရ။
😌😌😌
Leave မသိဘူး to:
Read more #myanmat posts
Best Posts From mgmgnaing
We have not curated any of mgmgnaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.