James Hlaing avatar

ဆူမာရီးယန်းတို့ပြောသောပုံပြင်

jameshlaing

Published: 02 Jul 2018 › Updated: 02 Jul 2018ဆူမာရီးယန်းတို့ပြောသောပုံပြင်

ဆူမာရီးယန်းတို့ပြောသောပုံပြင်

ဒီဇာတ်လမ်းက ၁၈၀၀ ခုနှစ် နှစ်ဝက်လောက်ထိ ပေါ်ထွက်မလာသေးပါဘူး။ ဘာလို့ဆိုတော့ ရှေးဟောင်းသုတေသီတွေ ရှေးဟောင်းလူအဖွဲ့အစည်းဖြစ်ခဲ့တဲ့ ဆူမာယဉ်ကျေးမှုလက်ရာတွေကို အဲ့နောက်မှသာ စတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။ အဲ့နောက်တစ်ဆက်တည်း တွေ့ခဲ့ရတဲ့အရာတွေက ရာချီထောင်ချီတောင်မဟုတ်ပဲ သိန်းချီတဲ့ရွံ့ပြားတွေပါပဲ။ ရှေးဟောင်းဘာသာတစ်မျိုးနဲ့ အသေးစိတ်ရေးထားတဲ့ထိုရွံ့ပြားတွေဟာ ယနေ့ခေတ်အထိ ရှေးဟောင်းသုတေသီတွေ၊ သီအိုရီသမားတွေနဲ့ ပညာရှင်တွေကို အံ့သြစေနိုင်တုန်းပဲ။

ရှေးဟောင်းဆူမားရီးယန်းလူမျိုးတွေဟာ ယခုအခေါ် ပါရှန်ပင်လယ်ကွေ့နားမှာနေထိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ မက်ဆိုပိုတေးမီးယားလို့ အရင်ကခေါ်ကြတဲ့နေရာ၊ ယနေ့ခေတ် အီရတ်နိုင်ငံနေရာမှာပေါ့။ ဆူမားရီးယန်းတွေက ကျွန်တော်တို့တစ်တွေ သိခဲ့ရလောက်သမျှထဲမှာ ရှေးအကျဆုံးမျိုးနွယ်ဖြစ်တယ်လို့ဆိုရပါမယ်။ သူတို့ရဲ ရွှံ့ပြားတွေ၊ ကျောက်စာတွေ၊ စလင်ဒါဆီးလ်တွေကြောင့်ပဲ ရှေးကလူတွေရဲ့သမိုင်းကို များပြားစွာသိရပါတယ်။ ဒီသမိုင်းတွေထဲမှ ဖန်ဆင်းတဲ့အကြောင်းတွေ လူနဲ့ကမ္ဘာဖန်ဆင်းတဲ့အကြောင်းတွေပါတယ်လို့ ဆိုပါတယ်။

ထိုရွံ့ပြားတွေမှာ ရက်စက်ပြီး ဖျက်စီးစွမ်းအားကြီးတဲ့ စစ်ပွဲတွေအကြောင်းလဲ ဖော်ပြထားပါသေးတယ်။ ဒီစစ်ပွဲတွေဟာ ကမ္ဘာမြေရဲ့ရင်းမြစ်တွေကို လုရာကနေဖြစ်ပွားခဲ့ပြီး ဆူမားရီးယန်းယဉ်ကျေးမှုပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းတစ်ခုလို့လံ ဆိုနိုင်ပါတယ်။
ဆူမားရီးယန်းတွေရဲ့ ကမ္ဘာမြေဖန်ဆင်းခြင်းနဲ့ လူသားပေါ်ထွန်းလာခြင်းအကြောင်းတွေဟာ ထူးခြားရုံတင်မကပဲ သိပ္ပံနည်းကျ ဖြေရှင်းချက်တွေပါ ပါရှိပါတယ်။ ဒါ့အပြင် နေအဖွဲ့အစည်းဆိုင်ရာ ပဟေဠိတွေကိုပါ ဖြေရှင်းထားတယ်လို့ဆိုပါတယ်။ ဒီရွှံ့ပြားတွေကို ဘာသာပြန်ခဲ့သူကတော့ ရှေးဟောင်းကျွမ်းကျင်ပညာရှင် ဆာချာရိုက် စစ်ချင်ပါပဲ။ နောက်ပိုင်းမှာ သူက “ကမ္ဘာမြေ၏မှတ်တမ်းများ” ဆိုပြီးစာအုပ်ထုတ်ဝေခဲ့ပါတယ်။ သူရဲ့ကြိုးစားမှုအရ ထိုစာအုပ်က ၆ အုပ်တွဲထွက်ရှိခဲ့ပြီး အသေးစိတ်ဘာသာပြန်များ မှန်းဆချက်များပါရှိပါတယ်။

s-l300.jpg

စစ်ချင်ဟာ လေးစားရတဲ့ရှေးဟောင်းသုတေသီတစ်ဦးဖြစ်ပြီး ဆူမားရီးယန်းစာတွေကို ဘာသာပြန်ခြင်းနဲ့ ရှေးဟောင်းတူးဖော်လေ့လာရေးတွေမှာ ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့သူ။ သူရဲ့စာအုပ်တွေဟာ အသေးစိတ် သူတေသနပြုလုပ်ထားချက်များပါရှိပြီး အချက်အလက်အစုံနှင့် စုစုစည်းစည်းတင်ပြထားတာကြောင့် ရှာဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (The Eath Chronicles လို့ ရှာကြည့်လိုက်ပါ)

ဘေဘီလိုနီးယန်းကျမ်းစာတွေက ဆူမာရီးယန်းတွေကနေ အခြေခံတာဖြစ်ကြောင်းသိရတဲ့အခါ စစ်ချင် တစ်ခုကို သဘောပေါက်ခဲ့တယ်။ ဆူမာရီးယန်းစာတွေကိုအရင်ပြန်မယ့်အစား ဘေဘီလိုနီးယန်းတွေရဲ့ စကြာဝဠာအကြောင်းဇာတ်ကြောင်းတွေကို ဘာသာပြန်နိုင်မယ်ဆိုရင် ဆူမားရီးယန်းစာတွေကို သဘောပေါက်နိုင်လိမ့်မယ်လို့ သူတွေးမိတယ်။ ထိုသို့တွေးမိရာကနေ နှစ်ငါးဆယ်လောက် ဆူမားရီးယန်း၊ ဘေဘီလိုနီးယန်း၊ အက္ကာဒီးယန်း၊ အစ္စရီးယန်း၊ ဟစ်တိုက်၊ ကနေအာတိုက်၊ အီဂျစ်နဲ့ ဟီဗရူးစတဲ့ရင်းမြစ်တွေကို စုပေါင်းလေ့လာရာမှ တစ်ကယ့်ဇာတ်လမ်းတစ်ခု ထွက်လာခဲ့ပါတော့တယ်။

ရွှံ့ပြားတွေကနေ စစ်ချင်တွေ့လိုက်ရတဲ့ဇာတ်လမ်းဟာ အငြင်းပွားစရာအတော်များများပါရှိပြီး အတော်လေးဂယက်ရိုက်သွားသလို လူအများလက်ခံဖို့ခက်တာတွေလဲ ပါနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကမ္ဘာ၊ နေအဖွဲ့အစည်းနဲ့ ကျွန်တော်တို့ကိုယ်တိုင်အကြောင်း ရှင်းမပြနိုင်ပဲတစ်နေတဲ့အရာတွေအားလုံးကို နှစ်ခြောက်ထောင်ကြာပြီဖြစ်တဲ့ဒီရွှံ့ပြားတွေမှာ ရှင်းလင်းထားပါသတဲ့။ သူရဲ့သုံးသပ်ချက်တွေကို ထောက်ပံ့နိုင်မယ့်သက်သေများစွာကိုလည်း သူက တိတိကျကျတင်ပြထားပါသေးတယ်။

အငြင်းပွားစရာတွေ လက်ရှိလက်ခံထားတွေနဲ့ဆန့်ကျင်နေတာတွေပါလာတဲ့ စာအုပ်တစ်အုပ်ထွက်လာတဲ့အခါ စာရေးသူတွေ၊ ပညာရှင်တွေက ဟာပေါက်တွေကိုရှာပြီး မှားကြောင်းပြောတတ်ကြတာကို သတိထားမိမှာပါ။ Von Daniken ရဲ့ “ဘုရားသခင်ရဲ့စီးတော်ယာဉ်” စာအုပ်ကိစ္စကိုပဲကြည့်ကြည့်ပါ။ သုတေသနလုပ်ထားမှုနည်းကြောင်း ညွှန်ပြပြီး မှားကြောင်းညွှန်ပြကြသည်မျိုး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ချင်ရဲ့စာအုပ်ကလည်း ထိုကဲ့သို့ အငြင်းပွားစရာများပေမယ့် ပထမဆုံးစာအုပ်ကို ၁၉၇၅ မှာ ထုတ်ခဲ့ပြီးကတည်းက ချက်နဲ့လက်နဲ့ပြန်ချေပမယ့်လူမပေါ်ခဲ့ဘူးလို့ဆိုပါတယ်။ သူရဲ့ဘာသာပြန်မှုကို သဘောမတူသူများရှိပြီး ဇာတ်လမ်းကို လက်ခံရန်ခက်သော်လည်း ဆူမားရီးယန်းတွေဖော်ပြခဲ့တဲ့ ဒီဇာတ်လမ်းတွေကို ပြန်ချေပနိုင်တာမျိုးမရှိသေးပါဘူး။ စစ်ချင်ကလဲ ဖန်းဆင်းခြင်းအကြောင်းမှာ သူရေးတာမဟုတ်ပဲ ဆူမားရီးယန်းတွေရေးခဲ့တာဖြစ်ကြောင်း၊ သူလုပ်ပေးသည်မှာ ဘာသာပြန်ပေးရုံသာဖြစ်ကြောင်းပြောခဲ့ပါတယ်။ အထက်မှာဖော်ပြခဲ့သလိုပဲ သူဒီအလုပ်ကိုကြိုးစားခဲ့တာ နှစ်ငါးဆယ် ကြာခဲ့တယ်လေ။

အစောပိုင်းဆူမားရီးယန်းဇာတ်လမ်းတွေအတွက် ခရစ်ယာန်ကမ္ဘာဦးကျမ်း အထူးသဖြင့် ဟီဗရူးဗားရှင်းကိုလေ့လာခြင်းဖြင့် အချက်အလက်တွေစုစည်းနိုင်ပါတယ်။ သို့သော်လည်း ဘာသာပြန်ရာမှာ အဓိပ္ပာယ်အမျိုးမျိုးလည်းရှိနိုင်တာကနေမှ ဒီဇာတ်လမ်းတွေ ကွဲပြားသွားရတယ်လို့ဆိုပါတယ်။ စစ်ချင်ဟာ သူရဲ့“ဂြိုဟ်ကြီး ၁၂လုံး” ဆိုတဲ့စာအုပ်မှာ ဘာသာပြန်အလွဲတွေကို ထောက်ပြထားပါတယ်။ ဥပမာ ခရစ်ယာန်ဇာတ်လမ်းအရ…
“ကနဦးအစမှာ ဘုရားသခင်ဟာ ကောင်းကင်နိုင်ငံတော်နဲ့ ကမ္ဘာမြေကို ဖန်းဆင်းတော်မူတယ်” လို့ဆိုပါတယ်။
ဒါပေမယ့် ဟီဗရူးဗားရှင်းကိုကြည့်တဲ့အခါ ရေးထားတာက…
“ကနဦးအစမှာ ဘုရားသခင်ဟာ Rakia နဲ့ ကမ္ဘာမြေကို ဖန်ဆင်းတော်မူတယ်” လို့ရေးထားပါတယ်။
စစ်ချင်ထောက်ပြခဲ့တာက Rakia ဆိုတဲ့ ဟီဗရူးစာလုံးဟာ အခြေအနေပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးရှိပါသတဲ့။ မိုးကောင်းကင်ဆိုတာလည်း အဓိပ္ပာယ်များစွာထဲမှ တစ်ခုလို့ဆိုပါတယ်။ ဒါကြောင့် ခရစ်ယာန်မှာ Rakia ကို “မိုးကောင်းကင်” အဖြစ်ယူလိုက်ပြီး “ကောင်းကင်နိုင်ငံတော်” ရယ်လို့ ယူဆလိုက်တယ်။

ဆူမာရီးယန်းဇာတ်လမ်းရော ဘေဘီလိုနီးယန်းဇာတ်လမ်းတွေမှာကျ ကမ္ဘာမြေတင်မဟုတ်ပဲ ဂြိုဟ်တွေကိုပါ မွေးဖွားလိုက်ကြောင်း ဖော်ပြထားပါတယ်။ ၎င်းတို့အရ နတ်ဘုရား “Marduk” ဟာ မောက်မာသောနဂါးကြီး Tiamat ကို လမ်းချော်စေရာကနေ ဖန်ဆင်းမှုကြီးဖြစ်လာတယ်လို ဆိုပါတယ်။ Marduk ဟာ ဘေဘီလိုနီးယန်းတွေရဲ့ အထွဋ်အထိပ်ဘုရားရှင်ဖြစ်တာမို့ ခရစ်ယာန်ကျမ်းစာတွေမှာပါတဲ့ သဘောသဘာဝအရဆင်တူတယ်လို့ တွေးချင်တွေးလို့ရပါတယ်။ သို့သော်လဲ အဲ့ဒီဖြစ်ရပ်ရဲ့ ဆူမားရီးယန်းဗားရှင်းမှာတော့ Rakia နဲ့ ကမ္ဘာမြေကို ဖန်ဆင်းသူဟာ Celestial Lord ဖြစ်သူ Nibiru ဖြစ်ကြောင်းဖော်ပြထားပါတယ်။

ဆက်ရန်
Credit...

  • Translated from Earth Forbidden Secret App (The Tale of Sumerian)
  • The Earth Chronicles
  • Photo Credit to google image.

Leave ဆူမာရီးယန်းတို့ပြောသောပုံပြင် to:

Written by

I'm a translator.

Read more #myanmar posts


Best Posts From James Hlaing

We have not curated any of jameshlaing's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From James Hlaing