သင့်ကို တကယ်မချစ်တဲ့သူက
သင့်ကို တကယ်မချစ်တဲ့သူက
သင်နှင့်ဘယ်လောက်အနီးမှာရှိစေ
သင့်နှင့်မတွေ့အောင်ရှောင်နေလိုက်မယ်။
သင့်ကို တကယ်ချစ်တတ်တဲ့သူက
သင်နှင့် ဘယ်လောက်ဝေးဝေး
သင့်အနားကို အခက်အခဲမျိုးစုံဖြတ်ကျော်လာလိမ့်မည်။
သင့်ကို တကယ်တန်ဖိုးထားသူက
သင်နှင့်သင့်အနာဂတ်အတွက်
ရည်မှန်းချက်ထား၍ ကြိုးစားနေလိမ့်မည်။
သင့်ကို တကယ်မမြတ်နိုးတန်ဖိုးမထားသူက
သင်နှင့် သင့်စကားတိုင်းကို
အပြစ်ရှာ၍ စိတ်ရှုပ်စရာဟုထင်နေလိမ့်မည်။
သင့်ကိုတကယ်ချစ်သောချစ်သူဆိုတာ
အချိန်တိုင်းအပြည့်
အချိန်မပေးနိုင်ဘူး။
သူပိုင်ဆိုင်သော
အားလပ်ချိန်တချို့ကို
သင့်အတွက်ပင်
ဖြစ်နေစေလိမ့်မည်။
ကိုယ့်တကယ်ချစ်တယ်မချစ်ဘူးဆိုတာ
သူဆီကချစ်သောစကားအကြိမ်ကြိမ်ကြားပြီး
အမှတ်တရနေ့ရက်တွေတိုင်းမှပန်းစည်းပေးတတ်တာမျိုးမဟုတ်ဘူး။
ကိုယ့်တကယ်ချစ်သောချစ်သူမျိုးဆိုတာ
ကိုယ့်အားနည်းချက်အားသာချက်တွေကို
ကူညီဖေးမဆောင်ရွက်ပေးရင်း
ကိုယ့်အတွက်အမြဲ မြတ်နိုးမေတ္တာသစ္စာလက်ဆောင် ပေးနေတတ်တာမျိုးဖြစ်သည်။
ချစ်ခင်လေးစားလျက်
ဆုမွန်သစ္စာ
Leave သင့်ကို တကယ်မချစ်တဲ့သူက to:
Read more #artzone posts
Best Posts From htookowint
We have not curated any of htookowint's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.