ဆုံးမစကား
ဝိသာခါအဖေ၏ဆုံးမစကား ( ၁၀ ) ခွန်း
✴✴✴✴✴✴✴✴✴✴✴✴
( ၁. ) အိမ်တွင်းမီး အပြင်မထုတ်ရ။
( ၂. ) အိမ်ပြင်မီး အတွင်းမသွင်းရ။
,( ၃. ) ပြန်ပေးမယ့်သူကိုသာပေး။
( ၄. ) ပြန်မပေးမယ့်သူကို မပေးနဲ့။
( ၅. ) ပေးသင့်သူကိုလည်းပေး။
( ၆. ) ချမ်းသာစွာ ထိုင်။
( ၇. ) ချမ်းသာစွာ စား။
( ၈. ) ချမ်းသာစွာ အိပ်။
( ၉. ) မီးကိုရိုသေစွာ လုပ်ကျွေး။
( ၁၀. ) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်။
စသည်တို့ဖြစ်ပါသည်။
••••••••••••••••••••••••••••
( ၁. ) အိမ်တွင်း မီး အပြင်မထုတ်ရဆိုတာ.....
အိမ်တွင်း မှာ ရှိတဲ့ အိမ်တွင်းရေး ပြဿနာ
ကစ္စ အဝဝ ကို အပြင် ဖောက်သည်မချ နဲ့
လို့ဆိုလိုတာပါ။
( ၂. ) အိမ်ပြင် မီး အတွင်း မသွင်းရဆိုတာ...
ပြပမှာ ဖြစ်လာတဲ့ ပြဿနာတွေ ကိုလည်း
အိမ်တွင်း သယ်မလာ နဲ့ လို့ ဆိုလိုတာ ပါ။
( ၃. ) ပြန်ပေးမယ့် သူကို ပေးဆိုတာ ...
ချေးငှါးတဲ့ အခါ ပြန်တောင်း ရမည့်သူ ကိုသာ
ချေးငှါး လို့ ဆိုတာပါ။
( ၄. ) ပြန်မပေးမယ့် သူကို မပေးနဲ့ဆိုတာ....
ပစ္စည်း ဥစ္စာ ချေးငှါး တဲ့ အခါ ပြန်တောင်းရမ်း
လို့ မရမည့်သူကို မချေးငှါး နဲ့ လို့ဆိုလိုတာပါ။
( ၅. ) ပေးသင့် သည် ဖြစ်စေ မပေးသင့် သည်
ဖြစ်စေ.....ပေးပါဆိုတာက...
မိမိဆွေမျိုး အသိုင်းအဝိုင်း ထဲမှာ ..ဘဝပေး
အရ မပြည့်စုံတဲ့ သူတွေ ကိုတော့ ဘာမှ
မျှော်လင့် တောင့်တ မနေပဲ ထောက်ပံ့
လိုက်ပါ ဟု ဆိုလိုတာပါ။
( ၆. ) ချမ်းသာစွာ ထိုင်ပါ ဆိုတာ....
မိမိ လင်ယောက်ျား၊ ယောက္ခမ တွေ ရဲ့အထက်
အရပ် ၊ လေညာ၊ အရပ် စသော မပြစ် မလွတ်
သော နေရာ မှာ မထိုင်ဘဲ အပြစ်ကင်း သော
နေရာ မှာ ထိုင်လို့ ပြောတာပါ။
( ၇. ) ချမ်းသာစွာ စားပါ ဆိုတာ....
မိဘ၊ ယောက္ခမ၊ ခင်ပွန်း တို့ကို ရှေးဦးစွာ
ကျွေးပြီး နောက်မှ စားပါလို့ ပြောတာပါ။
( ၈. ) ချမ်းသာစွာ အိပ်ပါ ဆိုတာ...
မိဘ၊ ယောက္ခမ၊ လင်းယောက်ျား တို့ကို
သင့်တင့်သော ဝေယျာဝစ္စ ပြုပြီး မှ အိပ်ပါ
လို့ပြောတာပါ။
( ၉. ) မီးကို ရိုသေစွာ လုပ်ကျွေး ဆိုတာ..
ယောက္ခမ တွေကို ကောင်းစွာ စောင့်ရှောက်
လို့ပြောတာပါ။
( ၁၀. ) အိမ်ဦးနတ်ကို ရိုသေ ဆိုတာ....
မိမိ လင်ယောက်ျား ကို အိမ်ဦးနတ် ကဲ့သို့
ဆက်ဆံ ရမယ် လို့ ဆိုလိုတာ ပါ။
🔜 ဗဟုသုတ အဖြစ် ပြန်လည်မျှဝေပါ၏။
Credit: ဓမ္မရေချမ်းစင်
Leave ဆုံးမစကား to:
Read more #artzone posts
Best Posts From htookowint
We have not curated any of htookowint's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.