htookowint avatar

လရိပ်ကို ထိခတ်ခြင်း

htookowint

Published: 18 Jul 2018 › Updated: 18 Jul 2018လရိပ်ကို ထိခတ်ခြင်း

လရိပ်ကို ထိခတ်ခြင်း

လရိပ်​ကိုထိခတ်​ခြင်း
✏ ✏ ✏ ✏ ✏ ✏

မပိုင်​ဆိုင်​ရမှန်းသိ​ပေမယ့်
ဆိုင်​ချင်​သူသက်​သက်​ပါ​မောင်
မဖြစ်​နိုင်​တဲ့ ထုဆစ်​မှုကို
အနာခံပြီး ဒဏ်​ရာကိုအလှဆုံးဖုံး
မောင့်​အပြုံး​တွေကို ရူးသွပ်​​နေသူပါ

ဒီအသဲခွဲဖို့ ​မေ့​ဆေးမလိုဘူး​မောင်
တောက်​တစ်​ချက်​​ခေါက်
မျက်​နှာ​လေးပဲနည်းနည်းပျက်​လိုက်
ဘဝတစ်​ခုလုံးပါလမ်းခင်း​ပေးမှာပါ

တန်​ဖိုးမဲ့လို့ အနားကပ်​ချွဲ​နေတာမဟုတ်​ဘူး
အရမ်းချစ်​လို့ ဆိုးနွဲ့ချင်​တာပါ
ခံစားချက်​​တွေကိုလုံ​အောင်​အုပ်​ရင်း
မောင့်​အပြုံးက ကျွန်​မ​ပျော်​ရွှင်​မှုဖြစ်​လာတယ်

အံ​ချော်​​နေတဲ့ နာရီလက်​တံ​တွေဆို​ပေမယ့်
အချိန်​မှန်​ခြင်းနှစ်​ခါပြတယ်
မတူညီတဲ့ချစ်​ခြင်းဆို​ပေမယ့်
တူညီစွာ နားလည်​ခံစား​ပေးတယ်

ကျွန်​မအနားမှာရှိတဲ့အဆင်​မ​ပြေမှု​တွေက
မောင့်​​ရှေ့အ​ရောက်​မှာလွင့်​ပျယ်​သွားတယ်
လေးလံ​နေတဲ့ စိတ်​ဖိအား​တွေက
မောင့်​လက်​တစ်​ချက်​အထိမှာ​ပျောက်​ကွယ်​သွားတယ်
အချစ်​ကြီးတာမဟုတ်​ဘူး​မောင်
အကြီးကြီးကိုချစ်​မိသွားတာ

ရူးရူးမူးမူးချစ်​တာမဟုတ်​ဘူး​မောင်
စွဲစွဲလန်းလန်​ကို ချစ်​တာ

မပြို​သော​ကောင်းကင်​ထက်​မှာ
တရား​သောလရိပ်​ကို
ဥစ္စာရူးတစ်​​ယောက်​လို
တစ်​​ယောက်​တည်းလည်းပိုင်​ချင်​သူပါ

အနိုင်​ယူမလို့လား
ခြေလှမ်းပြင်​လိုက်​ထဲက
ကြွေဆင်း​ပေးပြီးသားပါ​မောင်

အလို့ချစ်​တာမဟုတ်​ဘူး​မောင်
ချစ်​ ချင်​လို့ ချစ်​သွားတာ
ကျွန်​မအချစ်​က အတ္တအရမ်းဆန်​တယ်​​မောင်

ပန်း​လေးတစ်​ပွင့်​ကို
မြတ်​နိုးသလိုမျိုး
ကြယ်​ပွင့်​​လေးကို​ငေး​မောကြည့်​ပြီး
သာယာ​နေသလိုမျိုး
ကိုယ်​​လေးစားရသူရဲ့​ရှေ့မှာ
သူလုပ်​သမျှကို​လေ့လာ​နေသလိုမျိုး

လူဆိုတာ တစ်​​ယောက်​တစ်​မျိုးရူးကြတာပဲ​လေ​မောင်
မောင်​က ကျွန်​မရဲ့လမင်း​လေး​ပေါ့
ဘယ်​သူကအိတ်​ကပ်​ထဲထည့်​နိုင်​မှာလဲ
ဒါ​ပေမယ့်​ ကျွန်​​မ စိတ်​ကူ​လေးနဲ့
မောင့်​အရိပ်​ကိုထိခတ်​ဖို့ကြိုးစားရင်း
ဒီည ​မောင့်​ရင်​ခွင်​မှာ အနမ်းချိုချိုနဲ့
မှေးစက်​ဖို့ စိတ်​ကူးများနဲ့ ကျွန်​မပါ...​မောင်
image

Leave လရိပ်ကို ထိခတ်ခြင်း to:

Written by

Read more #love posts


Best Posts From htookowint

We have not curated any of htookowint's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From htookowint