အိမ်မွေးတိရစ္ဆာန် လေးများ
အိမ်မွေးတိရစ္ဆာန်လေးတွေဟာ အိမ်မှာတစ်ယောက်တည်းနေတာဖြစ်ဖြစ် ၊ အကြောင်းကြောင်းကြောင့် အိမ်မှာ တစ်ယောက်တည်းရှိနေတဲ့အခါမျိုးမှာ စိတ်ကို အပန်းပြေစေသလို အပျင်းပြေမှုလည်းရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ချစ်စရာကောင်းတဲ့ ကမ္ဘာပေါ်က အိမ်မွေးတိရစ္ဆာန်လေးတွေအကြောင်း ပြောပြချင်ပါတယ်။
၁။ ပါရှားကြောင် (Persian Cats)
ဒီကြောင်လေးတွေကတော့ ရှည်လျားတဲ့အမွှေးအမျှင်တွေရှိပြီး မျက်နှာဝိုင်းကာ နှုတ်ခမ်းတိုပါတယ်။ သူတို့ကို Persian Longhair လို့လည်းလူသိများကြပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ဒီကြောင်လေးတွေကို Iranian cat အများစုက သိရှိကြပြီး အီရန်မှာတော့ Shirazi cat လို့ သိကြပါတယ်။ ဒီပါရှားကြောင်လေးတွေကို ၁၈၇၁ ခုနှစ် လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ ကြောင်ပြပွဲမှာ ပထမဆုံးအကြိမ်စတင်ပြသခဲ့တာလည်းဖြစ်ပါတယ်။ ရှင်သန်နိုင်မှု သက်တမ်းကတော့ အသက် ၁၅ နှစ်ထိဖြစ်ပါတယ်။
၂။ ဖီနပ်စ်မြေခွေး (Fennec Fox)
ဒီတိရစ္ဆာန်လေးတွေဟာ ညမှာကျက်စားတဲ့ သေးငယ်တဲ့မြေခွေးတိရစ္ဆာန်အမျိုးအစားဖြစ်ပါတယ်။ မြောက်အာဖရိကမှာရှိတဲ့ ဆာဟာရာဒေသမှာ တွေ့ရှိရပါတယ်။ သူတို့မှာ ကြီးမားတဲ့နားရွက်တွေရှိပါတယ်။ သူတို့ရဲ့ အမည်အခေါ်အဝေါ်ကတော့ အာရဗီစကားကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အဓိကစားသောက်တဲ့အစားအစာကတော့ အင်းဆက် ၊ နို့တိုက်တိရစ္ဆာန်သေးသေးလေးတွေနဲ့ ငှက်တို့ ဖြစ်ပါတယ်။ သူတို့ရဲ့ ရှင်သန်နိုင်မှုသက်တမ်းကတော့ ၁၄ နှစ်ဝန်းကျင်ထိ ဖြစ်ပါတယ်။
၃။ ရွှေယုန် (Bunnies)
ဒီတိရစ္ဆာန်လေးတွေကတော့ တစ်နှစ်ကို အကောင်ရေ ၉ ကောင်လောက်ထိ မွေးဖွားနိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ သေးငယ်တဲ့ နို့တိုက်သတ္တ၀ါအမျိုးအစားလည်းဖြစ်ပါတယ်။ ရွှေယုန်လေးတွေဟာ ကြောင်နဲ့ ခွေးတွေလိုပဲ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းရင်းရင်းနှီးနှီးနေတတ်တဲ့ တိရစ္ဆာန်အမျိုးအစားဖြစ်ပါတယ်။ သူတို့မှာ သေးငယ်တဲ့သွားလေးတွေပါရှိသလို ပုံစံလေးတွေကလည်း အမျိုးမျိုးရှိပါတယ်။
၎။ ပိုမာရေးနီးယမ်းခွေး (Pomeranian Dogs)
ဒီခွေးလေးတွေကို Pom ဒါမှမဟုတ် Pom Pom လို့လည်း ခေါ်ဝေါ်ကြပါတယ်။ အကောင်အရွယ်အစား သေးငယ်တဲ့အတွက် အရုပ်ခွေးလေးတွေနဲ့လည်း ဆင်တူပါတယ်။ ခန္ဓာကိုယ် အလေးချိန်ကတော့ ၄ ပေါင်ကနေ ၇ ပေါင်လောက်ထိ ရှိပါတယ်။ အရပ်အမြင့်ကတော့ ၈ လက်မလောက်ရှိပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်လောက်ထိ သက်တမ်းရှိပါတယ်။
၅။ ပန်ဒါနီ (Red Pandas)
ဒီတိရစ္ဆာန်လေးတွေကို lesser panda ၊ red bear-cat နဲ့ red cat-bear လို့လည်း ခေါ်ဆိုကြပြီး နို့တိုက်သတ္တ၀ါအမျိုးအစားဖြစ်ပါတယ်။ ဟိမာလာရာအရှေ့ပိုင်း နဲ့ တရုတ်နိုင်ငံအနောက်တောင်ဘက် ဒေသတွေက သူတို့ကျက်စားရာဒေသဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အရောင်ကတော့ နီညိုရောင်လေးတွေရှိပြီး ရှည်လျားတဲ့ အမွှေးအမျှင်တွေရှိကာ အရှေ့ခြေထောက်တွေကတော့ တိုပါတယ်။ ဥ ၊ ငှက်နဲ့ အင်းဆက်တွေကိုသာ စားသောက်ပါတယ်။ အထီးဆိုရင် ၈ ပေါင်ကနေ ၁၄ ပေါင်ဝန်းကျင် ၊ အမဆိုရင် ၆ ပေါင်ကနေ ၁၃ ပေါင်ဝန်းကျင်ထိ အလေးချိန်ရှိပါတယ်။
Leave အိမ်မွေးတိရစ္ဆာန် လေးများ to:
Read more #artzone posts
Best Posts From htookowint
We have not curated any of htookowint's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.