Screen Time
တချို့ရက်တွေ ပိုစ့်တင်ဖို့ ဘာရေး ရမယ်မှန်း မသိနေပေ။ ဘောလုံးပွဲ မရှိတဲ့ ရက်မျိုးတွေပေါ့။ ၈ လပိုင်းဆိုတော့ လိဂ်တွေတော့ ပြန်စတော့မှာပါ။ အဲ့ကြ ရေးစရာ ရပြီပေါ့။ ခုတော့ ဟိုဟာ ရေး၊ ဒီဟာ ရေးပေါ့။ ပြောလို့သာ လွယ်တာ အကြောင်းအရာက ရှာရခက်သား။ တခါတလေ ခဏနဲ့ ရေးစရာ ပေါ်ပြီး တခါတလေ အကြာကြီး ထိုင်တွေးနေလည်း ရေးစရာ မပေါ်လာပေ။ ဥပမာ ဒီနေ့လိုပေါ့။
မနက်ခင်း ဆွမ်းလောင်းပြီးလို့ စာရေးမယ်ပေါ့။ ၇ နာရီမထိုးခင် ကတည်းက ရေးဖို့ လုပ်တာ ၈ နာရီသာ ထိုးသွားရော။ ရေးစရာ ရလိုရငြား Facebook ပွတ်လိုက်တာ အချိန်ကုန်သွားတာသာ အဖတ်တင်ရော။ Social media ဆိုတာ အဲ့လိုပါဆို။ ခဏပဲလို့ ကိုယ်က ထင်ပေမဲ့ မသိမသာနဲ့ အချိန်ကုန်သွားတာမျိုး။ ခုနောက်ပိုင်း လူတွေ Phone ကို ပိုမို စွဲလန်း လာကြတာပဲကြည့်။
ယခင်က TV ကို မိသားစု ဝိုင်းဖွဲ့ ကြည့်ကြပေမဲ့ ခုက Personal multi media Device လို့ ပြောလို့ရတဲ့ Phone တွေ ကိုယ်စီ ရှိနေကြပြီမို့ ကိုယ့် phone ကိုယ် ကြည့်၊ ကိုယ် သုံး နဲ့ ဒါနဲ့ပဲ အချိန်ကုန်နေကြရော။ အစကတော့ Communicate လုပ်ဖို့နဲ့ အားလပ်ချိန်မှာ ဂိမ်းလေး ဘာလေး ကစား၊ social media လေး ကြည့်ဖို့ပေါ့။
နောက်ပိုင်းမှာတော့ အားတဲ့ အချိန်မှာမှ မဟုတ်ဘဲ အားတဲ့ အချိန် ရောက်မှ လုပ်စရာ ရှိတာ ထလုပ် သလို ဖြစ်နေရော။ Phone နဲ့ အချိန်ကုန်တာ များလာတာကိုး။ Screentime တွေလည်း တိုးလာလို့ မျက်စိကိုက်၊ ဇက်ကြောတွေလည်း တက်ကြလို့ ရေရှည်မှာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနိုင်၏။ လက်ထဲ Phone ကိုင်ချိန်များရင် လက်ကောက်ဝတ်တွေ ကိုက်ခဲ၊ နာကျင်တာမျိုးတွေ ရှိနိုင်၏။
ကျောင်းတုန်းက ဆရာတယောက်ကို သွားသတိရမိ၏။ Touch screen phone တွေ ပေါများနေတဲ့ ခေတ်ကြီးမှာ ဆရာက Keypad phone သာ ကိုင်၏။ Social media ကို PC မှာ သုံး၏။ ဆရာ့ အတွက် phone က တကယ် ပြောဆို ဆက်သွယ်ဖို့ သက်သက်ပင်။ ဆရာ ဘယ်လိုများ နေနိုင်သလဲပေါ့။ ကျနော်ဆို နေနိုင်မည် မဟုတ်ပေ။ Screentime များလာလို့ အပေါ်မှာ ပြောခဲ့တဲ့ နာကျင်မှုတွေ ပြလာတိုင်း ဆရာ့အကြောင်း တွေးမိ၏။ ဒီဘက်ခေတ်မှာ Screentime နည်းအောင် လုပ်ဖို့က သိပ်တော့ မလွယ်လှပေ။ ကိုယ်ကလည်း screen ကြည့်ပြီးမှ လုပ်ရသည့် အရာပေါ်မှာ အခြေတည်ပြီး လုပ်နေရသည် မဟုတ်လား။
Leave Screen Time to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.