Don Jaun avatar

Group A

donjaun

Published: 08 Aug 2026 › Updated: 08 Aug 2026Group A

Group A

မနေ့ ASEAN Championship Hyundai Cup Group A အုပ်စု နောက်ဆုံးပွဲစဉ်များ ကစား၏။ ဗီယက်နမ်က ကမ္ဘောဒီးယားကို ၃-၁ ဖြင့် အနိုင်ရကာ ၄ ပွဲ ကစား ၃ ပွဲနိုင် ၁ ပွဲ သရေ ၁၀ မှတ် အုပ်စု ပထမဖြင့် နောက်တဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ စင်္ကာပူနှင့် အင်ဒိုနီးရှားတို့ ပွဲစဉ်မှာတော့ တဖက် ၁ ဂိုးစီ သရေကျသွားခဲ့၏။

ဦးဆောင်ဂိုးကို ၄၇ မိနစ်မှာ အင်ဒိုနီးရှားက အရင် သွင်းယူ၏။ သို့ပေမဲ့ ၆၆ မိနစ်မှာ စင်္ကာပူအသင်းက ချေပဂိုး ပြန်လည်လို့ သွင်းယူခဲ့၏။ သရေကျလို့ မရသည့် အင်ဒိုနီးရှားက ပွဲချိန် အများစု ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့၏။ စင်္ကာပူ အသင်းက သရေရလဒ်ကို ထိန်းကာ နောက်တဆင့် တက်လှမ်းနိုင်မယ့် အခွင့်အရေးကို အရယူသွားခဲ့၏။ စင်္ကာပူ အနေဖြင့် ၄ ပွဲကစား ၂ ပွဲနိုင် ၂ ပွဲ သရေ ၈ မှတ် အုပ်စု ဒုတိယဖြင့် နောက်တဆင့်သို့ တက်လှမ်း သွား၏။

ဒီနေ့မှာတော့ Group B ၏ အုပ်စု နောက်ဆုံး ပွဲစဉ်များ ကစားမည် ဖြစ်၏။ ထိုင်းနှင့် မြန်မာ၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့ တချိန်ထဲ ယှဉ်ပြိုင် ကစားမည် ဖြစ်၏။ လောလောဆယ် ထိုင်းက ၃ ပွဲကစားပြီး ၃ ပွဲလုံးနိုင် ရမှတ် ၉ မှတ်ဖြင့် အဆင့် ၁ နေရာမှာ ရပ်တည်နေ၏။ မြန်မာနှင့် မလေးရှားက ရမှတ်တူ ဂိုးကွာခြားချက်နှင့် ၃ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၆ စီဖြင့် မြန်မာက အဆင့် ၂၊ မလေးရှားက အဆင့် ၃ မှာ ရပ်တည်နေ၏။

အကယ်လို့ ဖိလစ်ပိုင်ကသာ မလေးရှားကို နိုင်အောင် ကစားတာ ဒါမှမဟုတ် သရေကစားခဲ့မယ် ဆိုရင် မြန်မာ ကလည်း ထိုင်းကို အနည်းဆုံး သရေကျခဲ့မယ် ဆိုရင် မြန်မာ အသင်း အနေဖြင့် နောက်တဆင့် တက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မလေးရှား အနေဖြင့် ဖိလစ်ပိုင်ကို ရှုံးဖို့ ခဲယဉ်းပါတယ်။ ထို့ အတူ လက်ရှိ အခြေအနေ ခြေစွမ်းအရ မြန်မာကလည်း ထိုင်းကို နိုင်ဖို့ ခက်ပါတယ်။

သို့ပေမဲ့လည်း ဘောလုံးက အလုံးကြီး မလား။ မြန်မာအသင်း အတွက် ထိုးနှက်ချက် အနေဖြင့်ကတော့ အုပ်စု ပွဲစဉ်တွင်း ခြေစွမ်းပြထားခဲ့တဲ့ အသင်းခေါင်းဆောင် မောင်မောင်လွင် မပါဝင်နိုင်တာက အားနည်းချက် ဖြစ်လာနိုင်ပါတယ်။ လက်ရှိ နည်းပြ လက်ထက်မှာ ခြေစွမ်းပိုင်း တိုးတက် ကောင်းမွန် လာတာမှန်ပေမဲ့ တကယ် တိုးတက်လာတာလားဆိုတာကို ထိုင်းအသင်းနဲ့ မှတ်ကျောက်တင်ကြည့်မှပဲ သိရပါလိမ့်မယ်။

(photos from ASEAN Championship Hyundai Cup page)

Leave Group A to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-122133 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun