Don Jaun avatar

Runner Up

donjaun

Published: 02 Aug 2026 › Updated: 02 Aug 2026Runner Up

Runner Up

မနေ့က မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ YG vs Team Spirit တို့၏ EWC/ MSC Grand Final ပွဲစဉ် ယှဉ်ပြိုင်၏။ ဗိုလ်လုပွဲ ဖြစ်တာနဲ့ အညီ Best to 7 ကစား၏။ Game 1 ကို Team Spirit က အနိုင်ရထား၏။ Team Spirit ၏ အကောင်းဆုံး၊ အကြိုက်ဆုံး Heroes တွေကို Game 1 မှာ ပေးထားပြီးမှ YG တို့ ဆော့ကစား၏။ လက်စွမ်း မျှကြတယ် ဆိုပေမဲ့ In game ထဲမှာ ယှဉ်ပြိုင် ကစားမှုမှာ တသင်းက သာရင် လုံးဝသာ သွားပြီး နိမ့်ရင်လည်း သိသိသာသာကို နိမ့်သွား၏။

Game 2 မှာ YG ပြနိုင်၏။ Game 3, 4 မှာတော့ Team Spirit က နှစ်ပွဲဆက် ပြန်လည်လို့ အနိုင်ရ၏။ Team Spirit အနေဖြင့် Match point သို့ ရောက်ပြီ ဖြစ်၏။ Game 5 မှာသာ သူတို့ အနိုင်ရရင် ၄-၁ ဖြင့် MSC ချန်ပီယံ ဖြစ်မည် ဖြစ်၏။ YG အနေဖြင့် Game 5 မှာ ပြန်လာနိုင်ဖို့ လိုနေပြီ ဖြစ်၏။ Game 5 မှာ YG ပြန် နိုင်ခဲ့ပြီး ၃-၂ ရလဒ် ထွက်ပေါ်ခဲ့၏။ Game 6 မှာလည်း YG ကပဲ ဆက်လက် အနိုင်ရပြီး ၃-၃ ဆိုသည့် ရလဒ် ဖြစ်ပေါ်ခဲ့၏။

Game 7 ကတော့ ၂ သင်းလုံး အတွက် အရေးကြီး ပြီ ဖြစ်၏။ ပွဲပြတ်နိုင်ထားရမှ YG ၏ ပြန်လာနိုင်မှု ကြီးက အတော်လေး ကြောက်ဖို့ ကောင်းလှ၏။ ဘယ်အသင်း နိုင်နိုင် MSC ချန်ပီယံသစ် ထွက်ပေါ်လာမည် ဖြစ်၏။ Game 7 မှာတော့ Team Spirit က YG ကို အနိုင်ရသွားခဲ့ပြီး ၄-၃ ဆိုသည့် ရလဒ်ဖြင့် ချန်ပီယံ ဖြစ်သွားခဲ့လေ၏။

မနေ့ ရှေ့ တနေ့က မြန်မာ ပရိတ်သတ်၊ YG ပရိတ်သတ်တွေ ပျော်ခဲ့ရသည့် အပျော်က မနေ့မှာတော့ ရပ်တန့်သွားခဲ့ရ၏။ စိတ်ထဲ ဘယ်လိုကြီး ခံစားရမှန်း မသိပေ။ တကယ် ဝမ်းနည်းရ၏။ Philippines အတိတ်ဆိုးကို ချေဖျက်နိုင်ခဲ့ပေမဲ့ Grand Final ကျိန်စာကနေတော့ မလွတ်မြောက် နိုင်ခဲ့ပေ။ M2 တုန်းကလိုပဲ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြန်၏။ ခါးသီးလွန်းလှ၏။

ရှုံးပွဲ မရှိ စံချိန် (ဆီမီးဖိုင်နယ်မှာတော့ ပွဲငယ် ၂ ပွဲရှုံးခဲ့ပြီး ၃-၂ ဖြင့် အနိုင်ရခဲ့) ဖြင့် Grand Final တက်လှမ်း နိုင်ခဲ့ပေမဲ့ ချန်ပီယံတော့ မဖြစ်ခဲ့ပေ။ ဒုတိယက အကောင်းဆုံး အရှုံးသမားဟု သတ်မှတ်ကြ၏။ 3 idiots ထဲက Virus ကြီး ပြောသလိုပေါ့ ဒုတိယကို လူတွေ မမှတ်မိဘူးတဲ့။ ကိုယ်တွေမှာတော့ နာကျင်မှုတွေနဲ့ အမှတ်ရနေတော့မှာပါ။ သမိုင်းကို အောင်နိုင်သူတွေကပဲ ရေးထိုးတယ်ဆိုရင် တချိန်မှာတော့ ကျနော်တို့တွေ သမိုင်းသစ် ရေးထိုးသူ ဖြစ်မှာပါ။ ခုတော့ စံချိန်ဟောင်းကို လိုက်မှီခဲ့တယ်ဆိုတဲ့ အဆင့်နဲ့ ကျေနပ်ရတော့မှာပါ။

(photos from YG page)

Leave Runner Up to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-122133 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun