My Favorite Magisk Modules (Chapter 2)
ဒီနေ့တော့ ကျနော့် အကြိုက်ဆုံး module တွေ အကြောင်း ထပ်ပြောရအောင်။ အကြိုက်ဆုံးလည်း ဖြစ်သလို အသုံးဝင်ဆုံး ဖြစ်တယ်လို့လည်း ပြောလို့ကမယ်ထင်။ အသုံးဝင် သုံးလို့ ကောင်းနေလို့ကို မဖြစ်မနေကို သွင်းပြီး သုံးနေခဲ့ရသည်ပေါ့။ ကဲ ဆက်ကြရအောင်။
Rboard Themes
Bagan keyboard ကိုပဲ တောက်လျောက် သုံးလာခဲ့တဲ့ ကျနော်၊ Rising Os 1.1 အရောက်မှာတော့ Gboard ပြောင်းသုံး ဖြစ်၏။ Bagan keyboard က အစပိုင်းက အဆင်ပြေပါ၏။ သို့ပေမယ့် နောက်ပိုင်း ဘယ်လို ဖြစ်သည် မသိ။ premium member. ဖြစ်ပြီးသားကို ဘယ်လိုမှ premium account ပြန်ဝင်မရဘဲ trial version ကြီးပဲ သုံးခွင့်ရလို့ စိတ်နာနာနဲ့ Gboard ပြောင်းသုံးလိုက်ခြင်း ဖြစ်၏။ အစပိုင်းက Gboard နဲ့ အသားမကျပေမယ့် ခုတော့ Gboard နဲ့ အတော်လေး အဆင်ပြေနေခဲ့ပြီ ဖြစ်၏။
ခု Rboard themes က app သက်သက် ဖြစ်၏။ module မဟုတ်ပေ။ app ကို install လုပ်ပြီး app ၏ setting ထဲမှာ Magisk ကို ရွေးပေးလိုက်မှ module အဖြစ်နဲ့ပါ အသက်ဝင်သွားခြင်း ဖြစ်၏။ Gboard မှာလည်း keyboard themes တွေ အများကြီးပါ ပါ၏။ ဒါပေမယ့် Rboard themes မှာ လောက်တော့ မစုံပေ။ Rboard themes မှာက ရွေးချယ်စရာ ပိုများ၏။ iOS themes တွေ ဘာတွေ၊ cyberpunk themes တွေ ဘာတွေ အစရှိသဖြင့် အများကြီးပါ၏။ ခုတော့ Bagan keyboard ကိုတောင် လုံးဝ မေ့သွားခဲ့လေပြီ။
Universal SafetyNet Fix
Root လုပ်ထားတဲ့ phone အများစု၊ အားလုံး နီးပါး အတွက် ယခု module က လိုအပ်၏။ firmware တွေ (phone build in ပါတဲ့ ROM တွေ၊ custom ROM တွေ) က SafetyNet check နဲ့ စစ်ကြည့်ရင် pass ဖြစ်ပြီးသားတွေ ချည်းသာ ဖြစ်၏။ Root လုပ်လိုက်ရင်တော့ Safe မဖြစ်တော့ပေ။ Magisk ကိုမှ ခု နောက်ထွက်သည့် Magisk Delta တို့ Kernel SU တို့လိုတွေမှာတော့ SafetyNet pass က build in ပါ၏။ ကနဦး ထွက်ထားသည့် Magisk မှာတော့ ထို section က build in မပါပေ။ သက်သက် ပြန် flash ယူရ၏။
SafetyNet pass ဖြစ်မှသာ security ပိုင်း အတွက်က စိတ်ချရမည် ဖြစ်၏။ google play store မှာလည်း Device certified ဖြစ်မည် ဖြစ်၏။ တခါတလေ SafetyNet Fix က အလုပ် မဖြစ်တာမျိုး ရှိ၏။ firmware နဲ့ မကိုက်တာ၊ SafetyNet Fix ကိုယ်တိုင်ကကို အဆင်မပြေတာ မျိုးတွေပေါ့။ ခုလည်း နဂို ရိုးရိုး SafetyNet Fix က အလုပ် မဖြစ်လို့ Mod version သွင်းပြီး သုံးရ၏။ အနှီ Mod version နဲ့မှပဲ pass ဖြစ်တော့၏။
Pass ဖြစ်မှလည်း Banking app တွေကို သုံးလို့ရ၏။ root လုပ်ထားရင် သို့မဟုတ် SafetyNet pass မဖြစ်ရင် Banking app တွေ သုံးမရပေ။ SafetyNet pass ဖြစ်သွားမှ Magisk ထဲမှာ မိမိ သုံးလိုသည့် app ကို Magisk hide တနည်းအားဖြင့် root hide ပြီး သုံးလို့ရ၏။
တရက်ကို Modules 4 ခုလောက် sharing လုပ်ဖို့ တွေးထား၏။ သို့ပေမယ့် ဒီနေ့မှာ ဒီ နှစ်ခုနဲ့တင် စာလည်း အနည်းငယ် ရှည်သွားသဖြင့် နောက်ရက်မှပဲ နောက် Modules တွေနဲ့ မိတ်ဆက် ပေးပါတော့မယ်။
Road to Appeal (25)
Leave My Favorite Magisk Modules (Chapter 2) to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.