Home Stay (Chapter 44)
တောင်ကြီး အပူချိန်တောင် 28 ကနေ 30 ဒီဂရီလောက် ရှိ၏။ တော်တော်ပူူ၏။ တောင်ပေါ်နေသူ ကျနော်တို့က ထိုသို့ ပြောလျှင် အပူပိုင်း ဒေသက လူတွေက ကျနော်တို့ကို ဟားတိုက်ကြမည် ထင်၏။ သူတို့ဆီမှာက 40 ကျော်နေသည်ကိုး။ တောင်ပေါ်မှာက ခုလိုမျိုး ပူတာမျိုး ကြုံရခဲသည်ကိုး။ မကြုံစဖူး ပူတော့ ပျော်ယူရသည့် အထိပင်။ မိုး (မုတ်သုန်) မလာခင် အစွမ်းကုန် ပူနေခြင်းပင်လားပေ့ါ။ ဘာပဲ ဖြစ်ဖြစ် မကြာမီ မိုး လာတော့မည်။ နွေ၏ နှုတ်ဆက်ခြင်းက အမှတ်ထင်ထင် ပြောစမှတ်တွင်ဖွယ်ရာပင်။
Covid လူနာရှင်က တောက်လျှောက် negative ဖြစ်လာခဲ့ရာမှ positive တွေ ရက်ခြားလောက် ပြန်တွေ့နေရပြန်ပြီ။ အမြန်ဘေးကင်းစေချင်ပြီ။ ဒီအတိုင်းဆို ကျောင်းဖွင့် ရာသီကတော့ နောက်ကျပေလိမ့်ဦးမည်။ ကျောင်းဖွင့် ရာသီ မပြောနဲ့ ကျနော်တို့တောင် ခုချိန်ထိ futsal ပြန် မကန်ရသေးပေ။ ကန်နေကျကွင်းက ပြန်မဖွင့်သေးပေ။ ကန်နေကျ ကွင်းမပြောနှင့် ကွင်းတော်တော်မျာများ မဖွင့်ကြသေးပေ။ အချို့ တကွင်း နှစ်ကွင်းစတော့ ဖွင့်နေကြပြီ ဖြစ်၏။
ကျနော်တို့ သူငယ်ချင်း တစုလည်း တကြွကြွ ဖြစ်နေကြပြီ။ အိမ်တွင်းအောင်းနေခဲ့ရတာ အတော်ကြာပြီကိုး။ ကျနော့်ကို phone နဲ့သော်လည်းကောင်း၊ messenger ကနေသော်လည်းကောင်း ပြန်မကန်သေးဘူးလား လာလာပြီး မေးနေကြတော့၏။ ကျနော်လည်း ကန်ချင်တာပေါ့။ ဘယ် မကန်ချင်ဘဲ နေမလဲ။ ဘယ်မှာလဲ မသွားရ၊ မလာရနှင့်။ ခက်တာက covid ငြိမ်သွားလျှင်တောင် ဘောလုံး ကန်ရဖို့က မသေချာပေ။ အိမ်မှာက အမေ၊ ကျနော်နှင့် ကလေး (၂) ယောက်ဆိုတော့ ကျနော် ဘောလုံး သွားကန်နေလျှင် အမေ တယောက်ထဲ ကလေး (၂) ယောက်နှင့် မလွယ်ပေ။
ဒီအတိုင်းဆို ကျောင်းတွေ ပြန်ဖွင့်ပြီး သူတို့တွေ ကိုယ်စီ သူတို့ အမေတွေနောက် လိုက်သွားမှပဲ ကျနော် ဘောလုံး ကန်လို့ ရမည် ထင်၏။ (၁၆) ရက်နေ့ကတော့ ဂျာမန်လိဂ် ပွဲစဉ်တွေ ပြန်စ၏။ ပရိတ်သတ် မပါဘဲ ကွင်းပိတ်ကစားကြခြင်း ဖြစ်၏။ ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်ပေး၏။ ဒီအတိုင်းဆိုလျှင်တော့ မကြကာခင် အခြား လိဂ်ပြိုင်ပွဲတွေလည်း ပြန်စနိုင်တော့မည် ထင်၏။ သို့ဆိုလျှင်တော့ ယခင်လိုပဲ စနေ၊ တနင်္ဂနွေနေ့တွေက ပျော်ဖို့ ကောင်းလာတော့မည် ဖြစ်၏။ ပရိတ်သတ် မပါဘဲ ကန်ရတော့ ကစားသမားတွေ ခဗျာ အထိုက်အလျောက်တော့ အားပျော့ အားငယ်ကြမည် ထင်၏။
ကျနော်တို့လည်း ခပ်မြန်မြန်ပဲ ဘောလုံး ပြန်ကစားချင်ပြီ။ အပတ်စဉ် အင်္ဂါ၊ စနေနေ့ futsal ပွဲလေးများကို ပြန် အသက်သွင်းချင်ပြီ။ သူငယ်ချင်းတွေနှင့် ပြန်ဆုံချင်ပြီ။ ဘောလုံးကန်ရင်း ရယ်ကြမောကြ ပျော်ကြပါးကြရအောင်လို့ ….
Don Jaun
Leave Home Stay (Chapter 44) to:
Read more #myanmar posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.