Don Jaun avatar

Home Stay (Chapter 259)

donjaun

Published: 31 Dec 2020 › Updated: 31 Dec 2020Home Stay (Chapter 259)

Home Stay (Chapter 259)

FB_IMG_1599214068459.jpg

Crypto နှင့် ကျနော် ခုတလော အကျိုး မပေးပေ။ hunt တုန်းကလည်း hunt မလို့။ ခု Blurt ကြပြန်တော့လည်း Blurt မလို့။ hunt coin အကြောင်းကိုက ပြန် အစ မဖော်ချင်ပေ။ အမှန်တော့ ကိုယ်ကကို ကံမကောင်းတာ။ ကံမကောင်းတာလား သတင်းအချက် နောက်ကျ (မကြည့်) ဖြစ်တာလားပေါ့။ Steemit အကွဲအပြဲက ဂယက်က တော်တော်လေး ပြောစရာ ဖြစ်သွားခဲ့၏။ Steemit ကနေ hive ဆိုပြီး ခွဲထွက်၏။ လက်ရှိ power, steem, steem dollars အတိုင်း Airdrop တွေ ချပေး၏။ ကောင်းတာ သဘောတွေကျပေါ့။

သို့ပေမယ့် hunt တွေတော့ ဆုံးရှုံးသွား၏။ အခြား မဟုတ် steem ကနေ hive အကူးအပြောင်းမှာ hunt account တွေကို reset ချခြင်း ဖြစ်၏။ အသိမပေး မကြေငြာဘဲ လုပ်ခြင်း မဟုတ်၊ အသိပေးသည် ဆို၏။ ကျနော် ကိုယ်တိုင်ကကို hunt ထဲ ဝင် မကြည့်မိခဲ့ခြင်း ဖြစ်၏။ hunt တွေ စျေးတက်နေပြီ ဆိုပြီး ကိုဟင် သတိပေးမှ ဝင်ကြည့်တော့ အခါ နှောင်းသွားပြီ ဖြစ်၏။ ကျနော့် hunt wallet ထဲ ဘာ coin မှ မရှိတော့ပေ။ တကယ်ဆိုလျှင် ကျနော့် နားမှာ hunt 700 ကျော်လောက်တော့ ရှိ၏။ ထို 700 ကျော် reset ထဲ ပါသွား၏။ ကောင်းရော။ အတော်လေး နစ်နာခဲ့ရ၏။ အလကားရ အလကား ဖြစ်သွား၏။ နှမြော စရာ။

Screenshot_2020-12-31-17-50-17-481_com.coinmarketcap.android.jpg

ခုလည်း Blurt လာပြန်ပြီ။ အဆိုပါ Blurt ကလည်း ကိုဟင် ကောင်းမှုနှင့် သိခြင်း ဖြစ်၏။ hive သို့ စပြောင်းပြီးခါစ Blurt website မှာ လက်ရှိ hive power, Hive, hive dollars အတိုင်း Blurt တွေ ချထားပေးမည် ဆို၏။ ပျော်လိုက်သည့် ဖြစ်ခြင်း။ Blurt account လျှောက် ပြီး တပါတည်း power down ထားလိုက်၏။ ဒီတခါတော့ အဆုံးရှုံး မခံနိုင်တော့ပေ။ down ပြီးတာနှင့် ရောင်းမည်။ သို့ပေမယ့် power down ကလည်း အချိန် စောင့်ရသေးသည် မလား။ တပတ်ကို ဘယ်လောက်နှင့်။ တဖြည်းဖြည်း down လာလိုက်တာ ဒီ တပတ်ထဲဆို အားလုံး down လို့ ပြီးမည် ဖြစ်၏။

ဒီလအတွက် internet bill ကိုတော့ Blurt coin ရောင်းပြီး ဖြေရှင်းမည် စဥ်းစားထား၏။ အကုန် down ပြီးဖို့ စောင့်နေလို့က မဖြစ်၊ သို့နှင့် လောလောဆယ် down ပြီး သလောက်ကို အရင် ရောင်းဖို့ ဆုံးဖြတ် လိုက်၏။ ကိုဟင်ကို လှမ်းမေးရ၏။ ထိုအခါမှ သိရ၏။ Blurt က ဝင်မရဘူးတဲ့။ ကျနော့် နားတော့ ဝင်လို့တော့ ရနေ၏။ လွှဲဖို့ ပြုဖို့က exchange website တခုထံ လွှဲရမည် ဖြစ်၏။ သို့ပေမယ့် ထို website မှာက လောလောဆယ် Blurt ကို support ပေးမှု ခဏရပ်ဆိုင်းထား၏။ ကောင်းရော။ ကိုဟင် ပြောတာတော့ Blurt site ကို ရောင်းချတော့မည် ဆိုထား၏။ ထို့ကြောင့်ပင် ခဏ ရပ်ဆိုင်းထားလေ သလော။

မည်သို့ပင် ဆိုစေ ကျနော်ကား အဲ့လိုပါဆို။ မုန့်ဝေတော့ မပါ၊ ထုတ်ဝေတော့ပါ ဆိုရမည်။ ကံပေါ့လေ။

Don Jaun

Leave Home Stay (Chapter 259) to:

Written by

You are Never Fully Dressed Without A Smile

Read more #myanmar posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun