Congratulations Spain
တတိယလုပွဲ ကြည့်ထားသူတို့ အတွက် ဗိုလ်လုပွဲက အနည်းငယ်တော့ ပျင်းဖို့ ကောင်းနေပေလိမ့်မည်။ နို့ပေမဲ့လည်း ဗိုလ်လုပွဲမလား။ အုန်းအုန်းဒိုင်းဒိုင်းတွေ မျှော်လင့်ထားလို့ မရပေ။ အုပ်စု ပွဲစဉ်မှ မဟုတ်ဘဲ။ ဒီတပွဲပြီး ဘယ်သူ ချန်ပီယံဆိုတာ သိရမှာကိုး။ ထို့ကြောင့် ထိန်းပြီး ကစားနေကြသည်ဟုပဲ ပြောရပေလိမ့်မည်။ ပွဲကတော့ တော်တော်အေး၏။ ပွဲက အေးပေမဲ့ ကစားနေရသူတွေအဖို့ ပူနေပေလိမ့်မည်။ သူတို့ ကစားနေချိန် နေက ပူလို့။
ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေ၏။ Spain အနေဖြင့် ထိုးဖောက်မှုတွေ ပိုမို လုပ်ဆောင်နိုင်တယ် ဆိုပေမဲ့လည်း ဂိုးအဖြစ် ပြောင်းလဲ ထားနိုင်တာမျိုးတော့ မရှိသေးပေ။ အခွင့်အရေးကောင်းတွေ ဖန်တီးထားနိုင်တာမျိုး မရှိသေးဘဲ ချိတ်ဆက်မှုလေးတွေမှာ အနည်းငယ် လွဲချော်နေခဲ့၏။ ဘောလုံး ပိုင်ဆိုင်မှုမှာတော့ Spain က ပိုသာ၏။ Argentina က တန်ပြန် တိုက်စစ်ကိုသာ အားပြု ကစား၏။ Spain ကစားပုံ ကြည့်ရတာ သက်တောင့်သက်သာ ဖြစ်လွန်းလှ၏။ ဘောလုံး ကိုင်ထားပြီး အေးအေးလူလူ ကစားနေ၏။ မသိရင် ဗိုလ်လုပွဲ ကစားနေတာမျိုး မဟုတ်ဘဲ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားနေသည့် အလားပင်။
ဒုတိယပိုင်းမှာတော့ ပွဲက နည်းနည်း ပြန်သွက်လာ၏။ Argentina က ပထမပိုင်းလို ခံစစ် မကစားတော့သဖြင့် အပြန်အလှန် ကြည့်ကောင်းခဲ့၏။ သို့ပေမဲ့ ဂိုးပေါက် ချိန်းခြောက်မှုမှာတော့ Spain ကသာ ပိုသာနေခဲ့၏။ ဂိုးသမား Martinez လက်စွမ်းပြ ကာကွယ်နေလို့သာ။ ၉၀+၃ မိနစ်မှာ Enzo Fernandez ၂ ဝါ ၁ နီဖြင့် အထုတ်ခံရ၏။ ဒုတိယပိုင်း ပြီးခါနီး နောက်ဆုံး မိနစ်မှာ ရသည့် ပြစ်ဒဏ်ဘောကို Lamine Yamal ကန်သွင်းပေမဲ့ ဂိုးသမား Martinez က ကာကွယ် သွားနိုင်ခဲ့၏။ မိနစ် ၉၀ ပြည့်သည်အထိ ဂိုး မသွင်းနိုင်ကြသဖြင့် အချိန် ဆက်ကစား၏။
ပထမပိုင်း ၁၅ မိနစ်မှာလည်း ဂိုးမသွင်းနိုင်ပေ။ ဒုတိယပိုင်း ၁၅ မိနစ် (၁၀၆ မိနစ်) မှာမှ Spain တို့ ဂိုးရသွားခဲ့၏။ လူစားဝင် ကစားသမား Ferran Torres က သွင်းယူပေးခဲ့ခြင်း ဖြစ်၏။ ဂိုးသမား Martinez အနေဖြင့် Spain အသင်း ကန်သွင်းသမျှကို တောက်လျောက် ကာကွယ်နိုင်ခဲ့ပေမဲ့ အဆိုပါ သွင်းဂိုးကိုတော့ မကာကွယ်နိုင်ခဲ့ပေ။ Spain တို့ ထိုးဖောက်မှု အကြိမ် ၂၀ မှာ ၁၂ ကြိမ်ထိ ဂိုးပေါက် တည့်ခဲ့၏။ Argentina အနေဖြင့် ထိုးဖောက်မှု ၂ ကြိမ်သာ ရှိခဲ့ပြီး တကြိမ်မှ ဂိုးပေါက် မတည့်ခဲ့ပေ။
အချိန်ပို သွင်းဂိုးနဲ့ပဲ Spain တို့ အနိုင်ရသွားခဲ့လေ၏။ Argentina နဲ့ Messi အတွက်တော့ စိတ်မကောင်းပေ။ ဒီနေ့ Argentina တသင်းလုံးကို ကြည့်ရတာ ဘာလိုလို့ လိုနေမှန်းကို မသိပေ။ ကစားပုံက ယခင်ပွဲတွေနဲ့ လုံးဝကို မတူနေပေ။ ပွဲအစ ပွဲ အဆုံး ဘာမှ ထိထိရောက်ရောက်၊ ထူးထူးခြားခြား လုပ်ပြသွားတာ မရှိပေ။ Spain အနေဖြင့် အနိုင်နဲ့ ထိုက်တန်သလို Argentina အနေဖြင့်လည်း အရှုံးနဲ့ ထိုက်တန်ပါ၏။ Spain အနေဖြင့် ၂၀၁၀ မှာ ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ယခု ၂၀၂၆ မှာ ဒုတိယအကြိမ် အဖြစ် ချန်ပီယံဘွဲ့ကို ထပ်မံ ရရှိသွားခဲ့ခြင်း ဖြစ်လေ၏။
(photos from FIFA World Cup page)
Leave Congratulations Spain to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.