ခါးနာ
တတိယလုပွဲက တနင်္ဂနွေနေ့ မနက် ၃ နာရီခွဲ၊ ဗိုလ်လုပွဲက တနင်္လာနေ့ မနက် ၁ နာရီခွဲတဲ့။ ကောင်းလိုက်တဲ့ အမေရိက။ အေးလေ သူ့ Time Zone နဲ့သူတော့ အဟုတ်လေ။ ကိုယ်တွေ အရှေ့ခြမ်းသာ သန်းခေါင်ကျော် ဝေလီဝေလင်း အချိန်တွေ ဖြစ်လို့။ ဒီရက်ပိုင်း ကျန်းမာရေးက ဒုက္ခပေးနေ၏။ ခါးနာနေခြင်း ဖြစ်၏။ အခန့်မသင့်သည့် အခြေအနေတခုက စလိုက်တာ ရက်နည်းနည်းတောင် ကြာခဲ့ပြီ။
ဆေးလိမ်း၊ ဆေးသောက် လုပ်နေပေမဲ့ နည်းနည်းလောက်သာ သက်သာ၏။ ဖြစ်စတုန်းက အမေက သူမကြာခဏသောက်သည့် ယိုးဒယား တိုင်းရင်းဆေး ဆိုလား သောက်ခိုင်း၏။ ဆေးလုံး ၅ လုံးပါ အထုပ်ကလေး ဖြစ်၏။ ၅ လုံးမှာ ပုံစံတူ ၂ စုံနှင့် မတူတာက ၁ လုံး ဖြစ်၏။ အမေက သူ ဒူးတအားနာသည့် ရက်မျိုးမှာ သောက်လေ့ ရှိ၏။ ထိုဆေးသောက်လိုက်ရင် ပေါ့သွားပြီး နေလို့ကောင်းသည် ဆို၏။ ယိုးဒယားဆေး ဆိုပေမဲ့ ဗမာလို အညွှန်းနဲ့ ဖြစ်၏။
(photo from Internet. Credit to respective owner)
မည်သည့် side effects တွေ ရှိနိုင်သည် မသိရကား အမေ့ကို သိပ်တော့ မသောက်ခိုင်းပေ။ သူကလည်း ပုံမှန်တော့ မသောက်၊ ကြာကြာမှ တခါသောက်၏။ အဆိုပါ ဆေးသောက်ပြီးရင် အပေါ့တော့ အတော်လေး သွား၏။ ခါး စနာသည့်နေ့က နေ့ကော ညကော သောက်လိုက်တာ ညဘက် သန့်သင်ခန်း ခဏခဏ သွားနေရတော့။ ခါးကနာရသည့်အထဲ မကြာခဏ ထနေရတော့ အဆင် မပြေလှပေ။
ခါးနာစတုန်းက ဘောလုံးကွင်း သွားနိုင်သေး၏။ Training ဆိုတော့ မပျက်ချင်၊ ပြိုင်ပွဲကလည်း နီးနေပြီကိုး။ ပြင်းပြင်းထန်ထန်တော့ လိုက်မလုပ်နိုင်ပေ။ နောက်ရက် ဘောလုံးကွင်းက ကလေး နှိပ်ပေးလိုက်တာ ပိုဆိုးသွား၏။ သူ့ အမှားတော့ မဟုတ်၊ ကျနော်က နှိပ်ပေးဖို့ သွားပြောမိခြင်း ဖြစ်၏။ အဲ့မှာ ပိုဆိုးသွားခြင်း ဖြစ်၏။ နောက်နေ့ မနက် ထကို မထနိုင်တော့ပေ။ အလှည့်အပြုမှာကို နာနေ၏။ ညာဖက် တဖက်ထဲ နာနေခြင်း ဖြစ်၏။
ထိုနေ့မှာ နေ့ကော၊ ညကော ဆေးသောက်ပြီး ဆေးလိမ်း၏။ ခါးကပ် ပလာစတာလည်း ကပ်၏။ နည်းနည်း သက်သာသလို ရှိလာ၏။ ဒီနေ့ အိပ်ရာ ထချိန်မှာတော့ တဖက်ထဲ မဟုတ်ဘဲ ဘယ်ဖက်ပါ နာလာလေ၏။ ကောင်းရော။ ဘာမှ လုပ်မရ။ အချိန်အများစုက လှဲနေရတော့၏။ Training လည်း မသွားနိုင်။ နားကို အေးရော။ ပိုစ့်တင်ဖို့ စာကိုတောင် လဲလျောင်းပြီမှ ရေးနေရ၏။ ဒုက္ခ များလိုက်သည် ဖြစ်ချင်း။
Leave ခါးနာ to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.