World Cup is Over
ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးသွားခဲ့ပြီ။ အမှတ်ရစရာ၊ ပြောစရာတွေလည်း အများကြီး ကျန်ခဲ့ပေလိမ့်မည်။ ဘာတွေပဲပြောပြော အောင်အောင်မြင်မြင် ပြီးသွားပြီဟု ဆိုရမည်။ နောက်ထပ် အိပ်ရေးပျက်ဖို့လည်း မရှိတော့ပေ။ တကိုယ်ရည်စာ အမြင်အရတော့ ဗိုလ်လုပွဲက အင်မတန်မှ ပျင်းဖို့ကောင်းလှ၏။ ကြည့်ခဲ့ဖူးသမျှ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွေထဲ ပျင်းစရာ အကောင်းဆုံး ဗိုလ်လုပွဲ ဖြစ်ပေလိမ့်မည်။ အို ကမ္ဘာ့ဖလားမှရယ် မဟုတ် ကြည့်ခဲ့ဖူးသမျှ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွေထဲ ပျင်းဖို့ အကောင်းဆုံး ပြိုင်ပွဲ ဖြစ်လေ၏။
၂၀၂၆ ကမ္ဘာ့ဖလားက ကျနော်တို့အတွက် အမှတ်တရ ရှိ၏။ တခြား မဟုတ် Goat နှစ်ဦး၏ နောက်ဆုံး ပြိုင်ပွဲကြီး ဖြစ်နေသောကြောင့် ဖြစ်၏။ နောက် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ Ronaldo & Messi ကို ထပ်မြင်ရဖို့ မရှိတော့ပေ။ တမျိုးတော့လည်း ကောင်းပါတယ်လေ။ Ronaldo လား၊ Messi လား ဆိုသည့် ရူးကြောင်ကြောင် မေးခွန်းတွေ နည်းသွားမှာပေါ့။ အားနေ ဘယ်သူ ပိုကောင်းလဲပဲ လုပ်နေကြ၏။ သူများ နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ကိုသာ ပိုကောင်းအောင် လုပ်သင့်၏။
Ronaldo & Messi အလွန်မှာ ကစားသမားကောင်းတွေ ရှိနေပေမဲ့ သူတို့ နှစ်ယောက်တုန်းကလိုမျိုး သိသိသာသာ ထူးခြားကျော်လွန် နှိုင်းယှဉ်လို့ မရနေသည့် ကစားသမားတွေ မရှိတာလည်း တမျိုးတော့ ကောင်း၏။ သိပ်တော့လည်း ပြောလို့ မရပြန်သေး။ Lamine Yamal, Mbappe, Haaland, Bellingham တို့ကို နှိုင်းယှဉ်ကြဖို့ ကြိုးစားကြပေလိမ့်ဦးမည်။
Spain ဟာ ထိုက်တန်တဲ့ ချန်ပီယံဆိုတာ ချွင်းချက်မရှိ လက်ခံပါ၏။ သို့ပေမဲ့ ပြိုင်ပွဲ မစခင် ကတည်းက ရစေချင်သည့်အသင်းက Portugal ဖြစ်၏။ ၂၀၂၂ မှာ Messi ချန်ပီယံ ဖြစ်ခဲ့ပြီ၊ ခု ၂၀၂၆ မှာ Ronaldo ကဲ Goat နှစ်ယောက်ရဲ့ အနားယူခါနီးအချိန်က ဘယ်လောက် လှသွားမလဲ။ ကိုယ့် စိတ်ကူးလေးနဲ့ ကိုယ်တော့ အဟုတ်။ စိတ်ကူးက လက်တွေ့ မဟုတ်ခဲ့ပေ။ Portugal ခြေစွမ်းက ထင်မှတ် မျှော်လင့်ထားသလောက် မဟုတ်ခဲ့ပေ။ ၁၆ သင်း အဆင့်ကနေပဲ လှည့်ပြန် သွားခဲ့ရလေ၏။
August လထဲမှာတော့ သက်ဆိုင်ရာ လိဂ် ပွဲစဉ်တွေ ပြန်လည်လို့ စတင်တော့မည် ဖြစ်၏။ ပြိုင်ပွဲကြီး ကစားထားရသည့် ကစားသမားတွေ အနေဖြင့် အနည်းငယ်သာ အနားရပေလိမ့်မည်။ United fan အနေဖြင့် မိမိတို့ နောက်ခံလူ Martinez ဗိုလ်လုပွဲမှာ ရခဲ့သည့် ဒဏ်ရာနဲ့ အသင်းထံ ပြန်လာမှာကို ကြိုရပေလိမ့်ဦးမည်။ ဒဏ်ရာ တအား မဆိုးဖို့ မျှော်လင့်မိ၏။ နိုင်ငံ အတွက် ပေးဆပ်လိုက် ကလပ်မှာ ဆေးလာ ကုလိုက်နဲ့ ဟုတ်နေရော။ United ရောက် အာဂျင်တိုင်းသားတွေက ဒဏ်ရာ မကြာခဏ ရလေ့ ရှိနေတာ အစဉ်အလာ တခုလိုပင်။
(photos from FIFA World Cup page)
Leave World Cup is Over to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.