Don Jaun avatar

Come on Thailand

donjaun

Published: 30 Jan 2024 › Updated: 30 Jan 2024Come on Thailand

Come on Thailand


(Photo from Thailand Team Facebook page)

Today Thailand will play with Uzbekistan at 6:00 PM GMT +6:30 as Round of 16. Another Round of 16 match, Saudi Arabia vs South Korea will play at 10:30 PM.

There are four from ASEAN Zone at Asian Cup, Thailand, Indonesia, Vietnam and Malaysia. Two Teams ( Thailand and Indonesia) attempt to next Round but Two Teams only at Group stage. Indonesia lose Australia (4-0) at Round of 16. Their Asian Cup journey is ended.

Can Thailand win Uzbekistan? If they did it, they will attempt to Quarter Final stage and they will play with Qatar. The play style of Thailand is nice. Team form is solid. I think they will pass Uzbekistan.

EPL week 22 will play tomorrow early morning. Firstly 5 matches and then other matches will play the day after tomorrow. In this week there are big matches including like Aston Villa vs New Castle United and Liverpool vs Chelsea.

There are full of interesting games in these weeks. Let enjoy. See you tomorrow.

ဒီနေ့ မြန်မာစံတော်ချိန် ညနေ 6 နာရီမှာတော့ အာရှဖလား 16 သင်းအဆင့် ရှုံးထွက် ပွဲစဉ် အဖြစ် ဥဇဘတ်ကစ္စတန်နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေ၏။ ည 10 နာရီခွဲမှာတော့ ဆော်ဒီအာရေဗီရနှင့် ကိုရီးယားတို့ ကစားသွားဖို့ ရှိနေ၏။

ခု အာရှဖလားပွဲမှာ အာဆီယံ ဒေသအတွင်းက 4 သင်း ဝင်ရောက် ယှဉ်ပြိုင် ကစားခွင့်ရခဲ့၏။ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်တို့ ဖြစ်၏။ ထိုင်းနှင့် အင်ဒိုနီးရှားကတော့ 16 သင်း အဆင့်ကို တက်လှမ်း နိုင်ခဲ့ပေမယ့် မလေးရှားနှင့် ဗီယက်နမ်ကတော့ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ၏။ ပြီးခဲ့သော တနင်္ဂနွေမှာတော့ အင်ဒိုနီးရှားတို့ ဩစတေးလျကို 4-0 နှင့် ရှုံးနိမ့်ပြီး 16 သင်း အဆင့်ကနေ နှုတ်ဆက် ထွက်ခွာသွားရပြီ ဖြစ်၏။

ဒီနေ့ ကစားမည့် ထိုင်းအသင်းကကော ဘယ်လို လာမလဲ။ ဥဇဘတ်ကစ္စတန်ကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် အဆင့်ထိ တက်လှမ်းသွားနိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေ၏။ သူတို့ ကစားပုံ ကစားကွက်ကြောင့် ယခုပွဲကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်မှာ အသေအချာပင်။ ဒီပွဲနိုင်သည့် အသင်းက ကွာတားဖိုင်နယ် အဆင့်မှာ ကာတာ အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်၏။

နက်ဖြန် မနက် အစောပိုင်းမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် 22 ကစားသွားဖို့ ရှိနေ၏။ မနက် 2 နာရီ၊ 2 နာရီ 15 မိနစ်၊ 2 နာရီခွဲ၊ 2 နာရီ 45 မိနစ် တို့မှာ ကစားသွားမည် ဖြစ်၏။ စုစုပေါင်း 5 ပွဲကစား သွားဖို့ ရှိနေ၏။ အက်စတုန်ဗီလာနှင့် နယူးကာဆယ်တို့၏ တွေဆုံမှုက ကြည့်လို့ ကောင်းမည့် ပွဲစဉ် တခု ဖြစ်၏။ ပွဲစဉ် 22 မှာ လီပါပူးနှင့် ‌ချယ်လ်ဆီးတို့၏ ပွဲစဉ်လည်း ရှိနေသေး၏။ ပွဲကောင်းတွေက တောက်လျောက်ပင်။

Leave Come on Thailand to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-115900 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun