Zin Min Tun avatar

ပြန်ဆုံမဲ့နေ့

zinmintun7

Published: 03 Jun 2018 › Updated: 03 Jun 2018ပြန်ဆုံမဲ့နေ့

ပြန်ဆုံမဲ့နေ့

image
Image Source:https://pixabay.com/en/couple-love-young-couple-romance-love-co-1246314/

ပြန်ဆုံမဲ့နေ့တနေ့ကို
ဒီရင်မှာပူလှိုက်မောစွာနဲ့
မေပြန်လာမဲ့ညနေလမ်းလေးကို
မောင်လှမ်းလင့်လို့ကြိုနေမိတယ်
မေမသိခင်လေးပေါ့...

ကြယ်တွေစုံတဲ့ညတိုင်းလည်း
ကောင်းကင်ကကြယ်တွေကြားမှာ
မေ့မျက်နှာပုံဖော်လို့
မြတ်နိုးခြင်းနှလုံးသားကဗျာကို
တယောက်တည်းရေးနေမိတယ်
သက်ဆိုင်သူမသိခင်လေးပေါ့...

လှုပ်ရှားသွားလာ လူ့ဘဝနေ့များစွာမှာလည်း
ရောင်စုံလူတွေများအကြား ကြင်နာသူရှိလေမလားလို့
မောင့်မျက်ဝန်းတစုံဟာ ပျားပန်းခတ်မျှ ရှာနေမိတယ်
နှလုံးသားရဲ့စေညွှန်ရာအတိုင်းလေးပေါ့...

ပြန်ဆုံမဲ့နေ့ကလေးရောက်ရင်
အပြာရောင်ကောင်းကင်ကြီးရဲ့အောက်
မောင့်မေတ္တာအုပ်မိုးကာ
မောင့်နှလုံးသားလေးဒူးထောက်နေပါ့မယ်
မေ့ရဲ့ရှေ့မှာ....

(ကိုယ်တိုင်ဖီးလ်ထားသည် မရေးတတ်ရေးတတ်နဲ့ပေါ့ 😁)
အားလုံးကိုခင်မင်လျက်
zinmintun7@zinmintun7
MSO-3

Leave ပြန်ဆုံမဲ့နေ့ to:

Written by

I love steem

Read more #esteem posts


Best Posts From Zin Min Tun

We have not curated any of zinmintun7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Zin Min Tun