စာတွေမရေးဖြစ်ပေမဲ့
Image source. https://pixabay.com/en/love-couple-romance-valentine-valentine--560783/
စာတွေမရေးဖြစ်ပေမဲ့ရင်ထဲမှာ စကားလုံးတွေအပြည့်ရှိပါတယ်
ဒါပေမဲ့ချရေးမှသာ မင်းမြင်မယ်ဆိုရင် စကားလုံးတိုင်းကိုချပြလို့ကုန်မည်မထင်ပေ.
ငယ်စဉ်တချိန်တုန်းက ရင်ခုန်တတ်စအရွယ်မှာတော့
ကိုယ့်ခံစားချက်သူမ သိလေအောင်
နည်းအမျိုးမျိုး ရေးနည်းအဖုံဖုံ ကဗျာအသွယ်သွယ်
ဖွဲ့နွဲ့ သီကုံး စီမဆုံးလေတဲ့ဒီချစ်စာ
အရွယ်ရောက်ကာ ချစ်သူနဲ့အိမ်ထောင်ကျလေတော့
ချစ်တယ်လို့ မပြောဖြစ်ပေမဲ့ အပြန်အလှန်နားလည်မှုအပြည့်နဲ့
အတွင်းသိအစင်းသိ မပြောလည်းသိပါ၏...
နှလုံးသားရဲ့စေညွှန်ရာ
ချစ်မေတ္တာအတိမ်အနက်ကို ဖွဲ့ နွဲ့ ကာမရေးဖြစ်ပေမဲ့
မျက်ဝန်းတစုံအကြည့်တချက်ကို လျှပ်တပြတ်မျှ မြင်ရုံကာဖြင့်
များစွာသောချစ်တေးသီဝှက်စာများကို နှလုံးသားချင်းရင်းနှီးသူတို့ ဖတ်မိကာနားလည်ပါလေ၏...
ဘာရယ်မသိဖီးနေမိ 😁
အားလုံးကိုခင်မင်လျက်
@zinmintun7
MSO-3
Leave စာတွေမရေးဖြစ်ပေမဲ့ to:
Read more #esteem posts
Best Posts From Zin Min Tun
We have not curated any of zinmintun7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.