Zin Min Tun avatar

အတိတ်ကိုနောက်လှည့်အကြည့်

zinmintun7

Published: 02 Jun 2018 › Updated: 02 Jun 2018အတိတ်ကိုနောက်လှည့်အကြည့်

အတိတ်ကိုနောက်လှည့်အကြည့်

image
Image Source: https://pixabay.com/en/person-human-joy-sunset-sun-orange-lust--110305/

မရှက်ဘူးလား … ဆိုတော့
ရှက်ပါတယ်။
မ မက်ဘူးလား … ဆိုပြန်တော့
မက် မိပေါ့။
ဒီလို
မက် စိတ်နဲ့
ရှက်ခဲ့ရ အတိတ်တွေက မနည်း။

မမှတ်ဘူးလား … ဆိုတော့
မှတ်ပါတယ်။
ထပ်မှားလား … ဆိုပြန်တော့
မှားမိပြန်ပေါ့။
ဒီလို
မှတ်မှတ်ကြီးနဲ့
မှား ခဲ့သမျှ အပြစ်တွေက မနည်း။

မတွက်ဘူးလား … ဆိုတော့
တွက်ပါတယ်။
အဖြေထွက်သလား … ဆိုတော့
မထွက်ဘူးလေ။
ဒီလို
တွက် ရက်နဲ့
အဖြေမထွက်ခဲ့တဲ့ လောကပုစ္ဆာတွေလည်း များပေါ့။

မချစ်တတ်ဘူးလား … ဆိုတော့
အသည်းကျွမ်းလု မတတ်ပါ။
နီးစပ်ကြလား … ဆိုပြန်တော့
ဝေးခဲ့ရပေါ့။
ဒီလို
ချစ်လျက်နဲ့ ဝေးခဲ့ရတဲ့ အဖြစ်က တစ်ခု နဲ့ တစ်သက်စာ။

မပြုံးဘူးလား … ဆိုတော့
ပြုံး နေပါတယ်။
ရှုံး လား … ဆိုပြန်တော့
ရှုံး ခဲ့ပေါ့။
ဒီလို
ရှုံ ချိန်မှာ ပြုံးနိုင်ဖို့လဲ လေ့လာမိပြီ။

အဆုံးမသတ်သေးဘူးလား … ဆိုတော့
သတ်ပါ့မယ်။
ပြောစရာကျန်သေးလား … ဆိုပြန်တော့
သိပ်ကျန်ပေါ့။
ဒီလို
အဆုံးသတ်မဟုတ်တဲ့ အဆုံးသတ်မှုတွေလဲ
အချိန်နဲ့တိုင်းရင်း … ရှိနေဦးမှာ လေ

(ခုတလောမီးတနေကုန်ပျက်ပျက်နေ့တာကြောင့် စာကောင်းကောင်းမရေးဖြစ်ခဲ့ဘူး. အဆင်ပြေတဲ့တနေ့တော့ steemit အကြောင်းလေးတွေပြန်ရေးပါမယ်ဗျာ)

အားလုံးကိုခင်မင်လျှက်
zinmintun7@zinmintun7
MSO-3

Leave အတိတ်ကိုနောက်လှည့်အကြည့် to:

Written by

I love steem

Read more #esteem posts


Best Posts From Zin Min Tun

We have not curated any of zinmintun7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Zin Min Tun