zinminaye avatar

အပြစ်တင်မစောပါနဲ့

zinminaye

Published: 15 Jun 2021 › Updated: 15 Jun 2021အပြစ်တင်မစောပါနဲ့

အပြစ်တင်မစောပါနဲ့

smiley_2979107_640.jpg
score

ပုံပြင်လေးထဲက မှတ်သားမိတာလေးတွေ ပြန်ပြောမယ်နော် တစ်ချိန်တုန်းက လူတစ်ယောက်ဟာ တိုင်းပြည်တစ်ခုကို ပညာသင်သွားပါတယ် နှစ်များစွာ ကြာလို့ အိမ်ကို ပြန်လာချင်တဲ့အတွက် ဆရာဖြစ်သူထံကို အိမ်ပြန်ခွင့်တောင်းပါတယ် အဲ့ဒီအခါမှာ သူ့ရဲ့ဆရာက အေး မင်းပြန်ချင်ရင်လည်းပြန်ပေါ့ကွာ မင်းပြန်တဲ့အချိန် ပေးစရာ လက်ဆောင်စကားလေးတော့ ပေးလိုက်ချင်တယ်လို့ ဆိုပါတယ် မင်းရွေးရမှာ နှစ်ခုတော့ရှိတယ် လမ်းမှာသုံးဖို့ စားရိတ်ငွေယူမည်လား တန်ဖိုးမဖြတ်နိုင်တဲ့ စကားသုံးခွန်းကို ယူမည်လား မေးပါတယ် တပည့်ဖြစ်သူကလည်း အကင်းပါးသူဖြစ်လို့ စကားသုံးခွန်းကိုသာလျှင် လက်ဆောင်အဖြစ်ယူလိုက်ပါတယ် ဆရာပေးတဲ့ စကားသုံးခွန်းဆိုတာကတော့
မစူးစမ်း အပြစ်မတင်နဲ့ မမေးမြန်း အမျက်မဆင်နဲ့ အရာခပ်သိမ်းကို စဉ်းစားပြီးမှလုပ် ဟုဖြစ်ပါတယ်
ဒီလိုနဲ့ သူဟာ အိမ်ကိုပြန်လာခဲ့တယ်ပေါ့ သူအိမ်ကိုပြန်ရောက်တဲ့အချိန်က ညအချိန်ဖြစ်နေတဲ့အတွက် သူ့အိမ်ကိုရောက်တော့ လူတွေက အိပ်ကုန်ကြပြီလေ သူပြန်လာတာကို ကြိုအကြောင်းမကြားထားတဲ့အတွက် ဘယ်သူမှ သူပြန်လာတာကိုမသိဘူးပေါ့
အိမ်ထဲကို တိတ်တဆိတ် ဝင်လာပြီး သူ့မိန်းမအိပ်နေတဲ့အခန်းထဲကို အသာချောင်းကြည့်လိုက်တယ် သူမြင်ရတဲ့မြင်ကွင်းကတော့ ဘယ်လိုမှ ထင်မှတ်မထားတဲ့မြင်ကွင်းပါ သူ့မိန်းမက လူငယ်တစ်ယောက်နဲ့အတူ ဖက်လို့ အိပ်နေလေရဲ့
သူလည်း ဒေါသတွေထွက်လာပီး သူမရှိတုန်း ဖေါက်ပြန်နေတဲ့ မယားကို သက်မယ်ဟု စိတ်ပိုင်းဖြတ်ကာ အသင့်ပါလာသော ခရီးဆောင်းဓါးကို ထုတ်ပြီး ခုတ်မယ် လုပ်တယ်
ရုတ်တရက် ဆရာသမားရဲ့ စကားသုံးခွန်းကို သတိရသွားတော့ မခုတ်တော့ဘဲ အိမ်ရှေ့ကို ပြန်ထွက်လာ သက်ပြင်းကို ဖူးခနဲမှုတ်ထုတ်ပီး ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း စိတ်ကို ငြိမ်အောင်ထိန်းပြိး ဆရာ့စကားတွေကို တဖြည်းဖြည်းရေရွက်နေတယ်
တခဏကြာတော့ မိန်းမကို နှိုးပြီး အခြေအနေကို သေချာ မေးမြန်းပါတယ်
ထိုအခါ မိန်းမလည် နိုးလာပြီး သူရောက်တာသိတော့ ဝမ်းသာအားရနဲ့ သားရေ ထထ မင်းအဖေ ပြန်လာပီလို့ နိုးတာကို ကြားလိုက်ရချိန် သူ့ ရင်ဘက်ကြီးဟာ တဒုန်းဒုန်း ခုန်လျှက် မျက်လုံးများပြူး ကျယ်ပြီး ပါးစပ်လည်း အဟောင်းသားဖြစ်ရပါတော့တယ်
အများကြီး မှားတော့မည့် ဘေးကနေ သီသီလေး လွတ်လာခဲ့ခြင်းသာ ဝမ်းနည်းစရာအဖြစ်ဆိုးကြီးကနေ လက်တလုံးကြား လွတ်မြောက်ခွင့်ရလာတာမို့ ဆရာ့ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိပါတယ်
မှတ်မိသလိုလေး ပြန်ရေးကြည့်တာ အစီအစဉ်တကျတော့ မဟုတ်ပါဘူး

Leave အပြစ်တင်မစောပါနဲ့ to:

Written by

Share man

Read more #feeling posts


Best Posts From zinminaye

We have not curated any of zinminaye's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From zinminaye