အကျိုးပေးကောင်းတဲ့သူ
link
ရပ်ကွက်ထဲမှာ သန်းအောင်ဆိုတဲ့ လူတစ်ယောက်ရှိတယ် အဲ့ဒီ သန်းအောင်ဆိုတဲ့သူက သူများအသက်တွေကို သက်ပြီးအသက်မွေးဝမ်းကျောင်းလုပ်နေသူဖြစ်ပါတယ် သူဟာနေ့တိုင်းဆိုသလိုဘဲ ကြက်တွေကို သက်ပြီးတော့ ဈေးမှာ နေ့တိုင်း သွားရောက်ရောင်းချနေတာဖြစ်ပါတယ်
ညပိုင်းဆိုရင် လူတွေကအိပ်နေပြီ အဲ့ဒီအချိန်မှာ သန်းအောင်ဟာ ညနှစ်နာရီဝန်းကျင်လောက်ဆို အိပ်ရာကထပြီးတော့ ကြက်သက်တဲ့အလုပ်ကို စလုပ်ပါပြီ သူလုပ်ပုံက ဒီလို အရင်ဆုံး အိပ်ရာကထ မျက်နှာသစ်တယ် ပြီးတော့ မီးမွှေး ရေနွေးအိုးကြီးကိုတည်တယ် ပြီးတော့ နေ့ခင်းဘက်တုန်းက ဝယ်လာတဲ့ ကြက်အရှင်တွေကို တစ်ကောင်းပြီးတစ်ကောင် လည်ပင်းကို ဓါးနဲ့လှီးဖြတ်ပြီးတော့သက်ပါတယ် နောက်တစ်မျိုးသက်နည်းကတော့ ကြက်လည်ပင်းကို တောင်ပံနှစ်ဖက်ကြားထဲကို လိမ်ပြီးထည့်လိုက်တယ် ပြီးတော့ ကြက်ရဲ့ ခါးဆစ်ရိုးကိုဒုတ်တစ်ချောင်း နဲ့ အားပါပါ ရိုက်လိုက်တယ် အဲ့အခါကြက်က ဆန့်တငင်ငင်နဲ့ အသံမထွက်ဘဲ သေတော့တာပါဘဲ
တစ်ရက်တစ်ရက်ကို ကြက်အကောင်းလေးငါးခြောက်ဆယ်လောက် သက်ဖြတ်ပြီးရောင်းချရပါတယ် ရောင်းလို့ကောင်းတယ်တောင်ပြောရမလိုပါဘဲ
အဲ ကြက်တွေကိုသက်ပြီးပြီဆိုရင်တော့ အသင့်တည်ထားတဲ့ ရေနွေးပွက်ပွက်ဆူထဲကို ကြက်အသေကို နှစ်လိုက်ဆယ်ယူလိုက် အမွှေး နှုတ်လိုက်နဲ့ မနားတမ်းကို ဆက်တိုက်လုပ်ဆောင်ရင်း ကြက်အကောင်လေးငါးဆယ်ဟာ မနက်မိုးမလင်းခင်မှာဘဲ ဈေးကိုပို့ရန်အသင့်ဖြစ်လို့နေပါပြီ
အားလုံးပြီးတာနဲ့ ကြက်တွေကို ခြင်းတောင်းကြီးတစ်လုံးထဲ စုထည့်ပြီး ဈေးကိုပို့တော့တာပါဘဲ
သူဒီလို လုပ်နေတာက တစ်ရက်လည်းမဟုတ်ပါဘူး နှစ်ရက်လည်းမဟုတ်ပါဘူး နေ့စဉ်နေ့တိုင်းပါ အချိန်ကာလအားဖြင့်ဆိုရင် လေးငါးဆယ်နှစ်လောက်တော့ ရှိနေပါပြီ
သူ့ကြက်တွေက နေ့တိုင်း ရောင်းကောင်းပါတယ် မရောင်းရတဲ့နေ့မရှိသလို သူကြက်မသက်တဲ့နေ့လည်း တစ်ရက်မှမရှိပါဘူး နေ့တိုင်းရောင်းရတယ် နေ့တိုင်းသက်ရပါတယ်
အရောင်းအဝယ်လေးလည်းကောင်းသလို သူ့အိမ်ရဲ့ စီးပွားရေးကလည်း အဆင်ပြေတယ်ပြောရမှာပါ စားနိုင်သောက်နိုင် နေနိုင် ဝတ်နိုင် ဝယ်နိုင်လို့ ငွေကြေး ချမ်းသာသူတစ်ယောက် ငွေကြေးပြေလည်သူတစ်ယောက်အဖြစ် လူတွေက အသိအမှတ်ပြုရပါတယ် သုံးနိုင် ဖြုန်းနိုင်တဲ့ အခြေအနေပေါ့
ကိုယ်ပိုင်အိမ်နဲ့ နေနိုင်တယ် ကိုယ်ပိုင်ကားနဲ့ စိးနိုင်တယ် ငွေကြေးအတွက် မပူပင်ရဘူး ချောင်လည် အဆင်ပြေနေသော်လည်း ကြက်သက်တဲ့အလုပ်ကိုတော့ သူက နေ့တိုင်းလုပ်နေဆဲပါဘဲ သူများကိုလည်း ငှားပြီးမခိုင်းပါဘူး ဟိုယခင် ဘာမှ မရှိခင် တုန်းကလည်း သူကိုယ်တိုင် ဒါတွေလုပ်သလို ယခု စိးပွားရေး အဆင်ပြေလာသော်လည်း အားလုံးကို သူကိုယ်တိုင်ဘဲလုပ်ပါတယ်
အကုသိုလ်အလုပ်နဲ့ အကျိုးပေးတယ်လို့ ပြောရမယ်ထင်ပါတယ်
@zinminaye
Leave အကျိုးပေးကောင်းတဲ့သူ to:
Read more #ecency posts
Best Posts From zinminaye
We have not curated any of zinminaye's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.