zinminaye avatar

သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်

zinminaye

Published: 04 Sept 2021 › Updated: 04 Sept 2021သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်

သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်

fantasy_4946104_640.jpg
https://pixabay.com/photos/fantasy-darling-clouds-unreality-4946104/

ဟုတ်ပါတယ် သိပ်ကိုချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက်ပါ သူ့ကိုလေကျွန်မသိပ်ချစ်တယ် အရမ်းချစ်ပါတယ်
ဒါပေမယ့် သူက ကျွန်မကို မချစ်ပါဘူး အဲ့သလို စိတ်ထဲမှာ ခံစားနေရတယ်လေ
အစပိုင်းကာလတွေကို ပြန်တွေးမိတယ်
သူနဲ့ကျွန်မ ချစ်သူတွေ စဖြစ်လာတယ် အဲ့အချိန်ကတည်းက သူ့ရဲ့ အေးတိအေးစက်အမူအယာတွေကို မကြိုက်ပါဘူး ဒါပေမယ့်သူ့ကို ချစ်တာတော့ သေချာတယ်လေ
သူက လုံးဝအရေးမစိုက်သလိုပါဘဲ တစ်ခုခုဆိုရင် ခံစားမှု မဲ့သလိုဘဲ
ပျော်စရာတွေကိုလည်း မမျှဝေတက်ဘူး သူကိုယ့်အပေါ်ဘယ်လောက်ချစ်တယ်ဆိုတာလည်း ထုတ်ဖေါ်ပြသဖို့ ခက်ခဲနေတက်တယ်
ရင်ထဲမှတော့ သိပ်ချစ်တာပါဘဲလို့ ဆိုတယ်လေ
ကိုယ့်ချစ်သူကို အမှတ်တရလေးအဖြစ် တစ်ခုခုလေး လုပ်ဆောင်ပေးတက်ဖို့ သူမသိပါဘူး
သူ့ကို အပြစ်တစ်ခုပမာ ဘယ်တုန်းကမှ ဖွင့်မပြောမိဘူး စိတ်ထဲမှာတော့ မကျေနပ်ဘူးလေ
အတူရှိခဲ့တဲ့ ကာလတစ်လျှောက် သိပ်ပြီး အမှတ်ရစရာတွေ မရှိပါဘူး
သူက ရိုးရိုးကြီးဘဲ မိန်းကလေးတစ်ယောက်ကို အမှတ်တထင်ထင်ရှိသွားစေမယ် စွဲဆောင်မှုမျိုး လုပ်ပြဖို့ ဝန်လေးတက်တဲ့သူ
ဒီလိုနဲ့ သူနဲ့ကျွန်မ ဝေးကွာကြဖို့ အကြောင်းရင်းတွေ ရှိလာတယ်
သူက အလုပ်အကိုင်အတွက် နိုင်ငံခြားကို ထွက်ခွါရမယ်လေ
နောက်ဆုံးနှုတ်ဆက်ချိန်ထိတောင် သူက ခံစားမှု မဲ့နေသလိုပါဘဲ သူ့စိတ်ထဲဘယ်လိုရှိမယ် ဆိုတာ သိပေမယ့် အမူအရာက အေးတိအေးစက် ဘာမှ မဖြစ်သလို ဟန်ဆောင်နိုင်လွန်းတယ်လေ
ကိုယ်လည်း ခွဲရမှာကို ဝမ်းနည်းနေသလို သူလည်း ခံစားနေရမှာပါ
နောက်ပိုင်းတော့ လူချင်းခွဲခဲ့ရပြီး အွန်လိုင်းကနေဘဲ တွေ့ဖြစ်တော့တယ်
အစပိုင်းတော့ အချိန်မှန် ဖုန်းဆက်တယ် နောက်ပိုင်း အလုပ်တွေ များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းဆက်တဲ့အကြိမ်တွေ နည်းလာတယ်
အခုဆို တစ်လနေလို့တ စ်ခါတောင် ဖုန်းမဆက်တော့ပါဘူး
သူလည်း နေသားတကျဖြစ်နေလောက်ပါပြီ
ကျွန်မလည်း အခုဆို သူနဲ့ ဝေးပြီး နေတက်နေပြီဘဲလေ
စိတ်ထဲမှာ တော့ သူ့ကို ချစ်နေမိတာ သိနေတယ်
ပြန်လာချိန်ကိုတော့ မမျှော်တော့ပါဘူး
အချစ်တွေက အေးစက်သွားကြပြီလို့ထင်တယ်လေ
အချိန်တွေက ကြာခဲ့ပြီဘဲ
zinminaye@zinminaye

Leave သိပ်ချစ်ရတဲ့ချစ်သူတစ်ယောက် to:

Written by

Share man

Read more #writing posts


Best Posts From zinminaye

We have not curated any of zinminaye's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From zinminaye