want to be
လောကမှာ လူသားတွေအတောင့်တအလိုချင်ဆုံးကတော့ ငြိမ်းချမ်းသာယာလှပတဲ့ဘဝမျိုးပါပဲ။ဒါပေမယ့်လက်တွေရင်ဆိုင်ကြုံတွေ့နေ
ကြရတာကတော့အခက်အခဲတွေစိတ်ဆင်းရဲစရာတွေနှင့်သိမ်ငယ်ခံစားမှုတွေပါ။အများစုသောမိသားစုများယနေ့ရင်ဆိုင်နေကြရပါတယ်
ခါးသီးတဲ့ဘဝတွေပေါ့။အဆိုးဆုံးတွေကတော့အိမ်ပိုင်ယာပိုင်မရှိ အိမ်အငှားဘဝနှင့်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ယောင်တိယောင်ချာ
ဟိုဟာစမ်းစမ်းဒီဟာစမ်းစမ်း ခိုင်မာတဲ့ဆုံးဖြတ်ချက်မရှိပန်းတိုင်မရှိ ဖြစ်နေကြရပြီး အကြွေးတွေကလည်းပတ်ဝိုင်းတီးသလို ဝိုင်းဝိုင်းလည်ပြီး
ဟိုလူကအကြွေးလာတောင်း ဒီလူကလာတောင်း ဆိုတော့ ဟိုရှောင်ဒီရှောင် ရှောင်လင်ငမွဲဘဝနဲ့ရင်ဆိုင်နေကြရရှာတယ်။ကျနော်တို့မြန်
မာပြည်ကြီးမှာအလုပ်အကိုင်ရှားပါးတယ်ဆိုတာမှန်ပေမယ့်တကယ်လုပ်ချင်သူအတွက်တော့သူနဲ့တန်ရာတန်ရာအလုပ်တစ်ခုကတော့မု
ချရှိနေပါတယ်။ဒီအလုပ်တော့ဖြင့်လုပ်ရမှာရှက်လို့..ဟိုအလုပ်ကြပြန်တော့အရနည်းလို့..စသဖြင့်အရိုးများတယ်ချေးခါးတယ် ဆိုသူများ
လည်းများစွာရှိနေခြင်းကဆင်းရဲရခြင်းရဲ့အခြေခံအကြောင်းတရားတစ်ခုပါ။ဘာမှမလုပ်ပဲယောင်ချာချာနေသည်ထက် ဝင်ငွေရနိုင်သောအ
လုပ်တစ်ခုခုကို လုပ်ကိုလုပ်ရမည်မဟုတ်ပါလား။ထိုမှတစ်ဆင့်အလုပ်အကိုင်အခွှင့်အလှမ်းများပွင့်လန်းလာပြီးမိမိဘဝတဖြည်းဖြည်းတိုး
တက်လာနိုင်ပါလိမ့်မည်။ထိုမျှအခက်အခဲနှင့်တွေ့ကြုံရင်ဆိုင်နေရသောသူများသည် ဘဝနေထိုင်မှုပုံစံမှားယွင်းနေခြင်းကြောင့်ပဲဖြစ်
ပါတယ်။ခုပဲစတင်လိုက်ပါ...အပြင်ထွက်ပါ..စနည်းနာပါ...အပေါင်းအသင်းများနဲ့ဆက်သွယ်ပါ...အလုပ်တစ်ခုရအောင်ရှာပါ..လုပ်ပါလို့
တိုက်တွန်းပါတယ်။ဘယ်တော့မှနောက်မတွန့်ပါနဲ့..အားမငယ်ပါနဲ့...အလုပ်ကိုမရှက်ပါနဲ့..အလုပ်ဟူသမျှဂုဏ်ရှိစွ လို့ဆိုထားပါတယ်
သင်အလုပ်လုပ်တာကိုမြင်တဲ့သူတိုင်းကအားကျဂုဏ်ယူကြမှာပါ။သင့်ကိုမကဲ့ရိပါဘူး။သင်အထင်အမြင်တွေစောင်းနေတယ်ဆိုရင်အ
မြန်ဆုံးတည့်မတ်လိုက်ပါ။ အကြွေးနွံထဲမှာနစ်မွန်းနေတယ်ဆိုလည်းကြွှေးရှင်တွေနဲ့ရင်ဆိုင်ပါတောင်းပန်ပါဖြစ်လာတဲ့အတိုင်းသဘာ
ဝကျကျသတ္တိရှိရှိရင်ဆိုင်လိုက်ပါ။သင်အောင်မြင်လာတော့မှာပါ။ဖြစ်ချင်တာတွေဖြစ်လာဖို့လက်ရှိဖြစ်နေတဲ့အနေအထားကနေ
အမြန်ဆုံးရုံ:ထွက်လိုက်ပါ။ဖြစ်သင့်ဖြစ်ထိုက်တာကိုအမြန်ဆုံးရင်ဆိုင်တိုက်ပွဲဝင်လိုက်ပါ။သင်အောင်မြင်လာတော့မှာပါ။
zawmyothant(Philosopy)
Leave want to be to:
Read more #poor posts
Best Posts From zawmyothant
We have not curated any of zawmyothant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.