ဘဝတိုက်ပွဲရင်ဆိုင်နွဲ
မိုးလင်းလာလို့မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့...ပိုက်ဆံ ဆိုတဲ့ဘဝမျိုးတွေ ဘယ်လောက်တောင်ရှိနေတဲ့ခေတ်ပါလည်း။
အဆင်မပြေမူတွေ အမှိုက်ပုံကြီးတစ်ခုလိုများပြားနေတဲ့ဒီလိုခေတ်ကာလာဆိုးကြီးကိုဘယ်လိုဖြတ်သန်းကြမှာလည်း။
လုပ်ချင်တိုင်းလုပ်လို့မရ လုပ်တိုင်းကိုင်တိုင်းလည်းမဖြစ် တဲ့ကြားထဲကဘဝဆိုတဲ့ပင်လယ်ကြီးကိုလက်ပစ်ကူးကြရာမှာ
ကြောက်အားလန့်အားတွေ့ကရာကိုအားကိုးတကြီးနဲ့ဆုတ်ကိုင်ထားနေကြရတယ်ပေါ့။ကိုယ်ဆုတ်ကိုင်ထားမိတဲ့အရာ
ကမခိုင်ခန့်မှန်းသိနေကြပေမယ့်မလွှတ်ပစ်ရဲဘူး။လက်ရှိအနေအထားအရဒီဘဝလမ်းကြမ်းကိုဒီလိုလျှောက်လှမ်းနေကြ
ရတယ်။မည်မျှခက်ခဲပင်ပန်းကြမ်းတမ်းကြရလဲမဆိုတာ။နေပူကျဲကျဲ ဘဝခါးခါး ဆူးခင်းထားတဲ့လမ်းမရှည်ကြီးတစ်ခုကို
အဘယ်သူကလျှောက်ချင်ပါ့မလဲ။ခါးသီးလှတဲ့အရသာကိုချိုမြိန်စွာခံစားနိုင်ပါ့မလား။ဒီလိုဆူးခင်းလမ်းမပေါ်ကဘဝတွေ
အတွက် ရိုးသားမူနဲ့ခရီးဆက်ဖို့လိုအပ်ပါတယ်။ရိုးသားမူကိုငွေကြေးနဲ့ဝယ်ယူလို့မရပါဘူး။သိပ်ကိုတန်ဘိုးကြီးလှပါတယ်
သင်ဟာငွေကြေးထက်တန်ဖိုးကြီးမားတဲ့အရာတွေကိုငွေမပါပဲတည်ဆောက်နိုင်ပါတယ်။သင့်ရဲ့အကျင့်သီလသာဖြူစင်
နေပါစေသင့်ရဲ့အေးငြိမ်းချမ်းသာမူတွေကတဖြည်းဖြည်းတိုးပွားလာမှာပါ။သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကောင်းစွာတည်ဆောက်
မှုကိုပြုလုပ်လိုက်ပါ။စိတ်စွမ်းအားတွေကဘဝရဲ့ပြည့်စုံမူတွေကိုဖန်တီးပေးပါလိမ့်မယ်။ရိုးသားစွာဖြင့်ဘဝခရီးကြမ်းကို
ပုံမှန်လေးပဲလျှောက်လှမ်းကြည့်ပါ။စိတ်ပျက်စရာတွေဝင်လာခဲ့ရင်အပေါ်ယံအားဖြင့်ဖယ်ထုတ်လိုက်ပါ။စိတ်ပျက်စရာတွေ
ကိုလုံးဝမတွေးပဲထားနိုင်တဲ့အထိကြိုးစားလိုက်ပါ။သင်အောင်မြင်လာတော့မှာပါ။
zawmyothant(Philosophy)
Leave ဘဝတိုက်ပွဲရင်ဆိုင်နွဲ to:
Read more #life posts
Best Posts From zawmyothant
We have not curated any of zawmyothant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.