ဆင်းရဲသားပပျောက်ရေး
တစ်ခါကဒီကမ္ဘာကြီးဟာ အလွန်တရာပဲတိုးတက်ဖွံ့ဖြိုးနေတယ်တဲ့။ဒါပေမယ့်နိုင်ငံလေးတစ်ခုကတော့အင်မတန်ဆင်းရဲမွဲတေသူပေါများ
လေသတဲ့။တစ်နေ့တော့အဲ့ဒီနိုင်ငံရဲ့လွှတ်တော်တစ်ခုမှာ နိုင်ငံတော်သမ္မတကြီးက ဆင်းရဲ့သားပပျောက်ရေးစီမံကိန်းတစ်ခုကိုတင်ပြပြီး
ဆင်းရဲသားပပျောက်အောင်လုပ်ပေးနိုင်တဲ့လွှတ်တော်အမတ်ရှိပါကဖိတ်ခေါ်ပါကြောင်းပြောကြားတယ်တဲ့။အမတ်တစ်ယောက်ကထပြောတယ်ကျနော်မျိုး ဆယ်နှစ်အတွင်းဆင်းရဲသားပပျောက်အောင်လုပ်နိုင်ကြောင်းအာမခံသတဲ့။ဒါပေမယ့်သမ္မတကြီးက သူ့သက်တမ်း
တောင်ငါးနှစ်ပဲရှိတဲ့အတွက်ဒီအစီအစဉ်ကိုမကြိုက်ဖူးတဲ့။နောက်တစ်ယောက်ကထပြောပြန်တယ်။ကျနော်မျိုးငါးနှစ်အတွင်းအောင်မြင်
အောင်လုပ်နိုင်ပါတယ်လို့ဆိုသတဲ့။ဒါကိုလည်းသဘောမကျပါယ်ချပြန်ပါတယ်။တစ်ယောက်ပီးတစ်ယောက် လေးနှစ် သုံးနှစ် နှစ်နှစ် တစ်နှစ်စသဖြင့်တင်ပြကြသော်လည်းသမ္မတကြီးကအားရတော်မမူတဲ့အဆုံး စိတ်မ၇ှည်တော့တဲ့အမတ်တစ်ယောက်ကထပြောလိုက်
တယ်။ကျနော်မျိုးတစ်ရက်အတွင်းဆင်းရဲသားအားလုံးပပျောက်သွားအောင်လုပ်နိုင်ကြောင်းအာမခံကြောင်းပြောလိုက်သတဲ့။သမ္မတကြီး
လည်းအလွန်သဘောကျလှသဖြင့်...သဘောတူလိုက်တယ်တဲ့။အဲ့ဒီအခါအမတ်ကကျနော်မျိုးတောင်းဆိုစရာရှိပါတယ်။လက်နက်အပြည့်အစုံပါတဲ့တပ်ရင်းတစ်ရင်းကိုပေးတော်မူပါလို့တောင်းဆိုပါတယ်။သမ္မတကြီးကလည်းသဘောတူလိုက်ပါတယ်။ဒီလိုနဲ့နောက်နေ့
မှာအမတ်ကြီးဟာ မြို့ကြီးတစ်မြို့ကိုသွားပြီးဆင်းရဲသားများဘောလုံးကွင်းထဲသို့ကြွရောက်ကြရမည်ဖြစ်ကြောင်း ဆင်းရဲသားအားလုံးကို
ပပျောက်စေမှာဖြစ်ကြောင်းရပ်ကွက်အုပ်ချုပ်ရေးမူးများမှတစ်ဆင့်ကြေငြာမောင်းခတ်စေတယ်။မြို့ထဲကဆင်းရဲသားတွေလည်း..ငါတို့
တော့နိုင်ငံတော်ကထောက်ပံ့တော့မယ်ဟေ့ဆိုပြီးတစ်အိမ်တစ်ယောက်မက ပျော်ရွှင်စွာဖြင့်ဘောလုံးကွင်းကြီးထဲစုဝေးရောက်ရှိ
လာကြလေတယ်ပေါ့။။ကဲအခုပဲဆင်းရဲသားပပျောက်ရေးကိုစတင်မှာဖြစ်ပါတယ် အားလုံးမတ်တပ်ရပ်ပေးကြပါလို့စိုပြီး ပါလာတဲ့တပ်ရင်းကိုပြစ်မိန့်ပေးလိုက်တယ်ဆိုရင်ပဲ...ရောက်လာတဲ့ဆင်းရဲသားတွေကိုလက်နက်ကြီးလက်နက်ငယ်ပေါင်းစုံဖြင့်မိနစ်ပိုင်းအတွင်းအပြတ်ရှုင်းလိုက်တယ်တဲ့။ဒီဆင်းရဲသားပပျောက်ရေးသတင်းဟာတနိုင်ငံလုံးပျံ့နှံသွားခဲ့တာပေါ့။နောက်တစ်နေ့လွှတ်တော်
အစည်းအဝေးမှာသမ္မတကြီးက တာဝန်ခံအမတ်ကို မေးပါတယ်...ဆင်းရဲသားပပျော်ရေးအောင်မြင်ပါရဲ့လားပေါ့။အမတ်ကလည်းပြန်ပြောလိုက်ပါတယ် သမ္မတကြီးကိုယ်တိုင်စုံစမ်းတော်မူပါ
ကျနော်မျိုးရဲ့ဆင်းရဲသားပပျောက်ရေးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့အောင်မြင်ခဲ့ပါတယ်။အခုကျနော်တို့နိုင်ငံမှာဆင်းရဲသားမရှိတော့ပါလို့ပြောကြားလိုက်တယ်တဲ့။နောက်နေ့သမ္မတကြီးရုံးတော်မှအမိန့်ထုတ်ပြန်တယ်...တိုင်းနဲ့ပြည်နယ်အသီးသီးမှသက်ဆိုင်ရာတာ
ဝန်ခံများ မိမိတို့ဒေသအသီးသီးဆင်းရဲသားများစာရင်းကိုတင်ပြကြရမည်။တိုင်းဒေသကြီးအသီးသီးပြည်နယ်အသီးသီးမှတာဝန်ရှိသူများ
ကဆင်းရဲသားများစာရင်းလိုက်ကောက်ကြရာမည်သူမျှဆင်းရဲသည်ဟုမပြောကြပဲအဆင်ပြေကြသည်ဟုသာပြောဆိုကြသဖြင့်သမ္မထံ
အစီရင်ခံကြတာပေါ့။ဒီလိုနဲ့အဲ့ဒီတိုင်းပြည်ကြီးမှာဆင်းရဲသားလုံးဝပပျောက်သွားတယ်တဲ့ဗျာ။သေမှာထက်တော့ပိုမဆင်းရဲပါဘူးနော်။
ဘာမှမုတ်ဖူး တွေးမိတွေးရာ zawmyothant(philosophy)
Leave ဆင်းရဲသားပပျောက်ရေး to:
Read more #story posts
Best Posts From zawmyothant
We have not curated any of zawmyothant's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.