zawhtet avatar

Myanmar Mother Language Learning Part(4)

zawhtet

Published: 10 Jun 2018 › Updated: 10 Jun 2018Myanmar Mother Language Learning Part(4)

Myanmar Mother Language Learning Part(4)

ဝေါဟာရများကို ​လေ့လာကြည့်​ခြင်းအားဖြင့်​ ​မြောက်​ဦး​ဒေသိယစကားနှင့်​ ဗန်း​မော်​​ဒေသိယစကားတို့သည်​ မြန်​မာနိုင်​ငံ၏ စံဘာသာစကားမှ ဆင်းသက်​လာ​သော ​ဒေသိယစကားများဖြစ်​​ကြောင်း သိနိုင်​ပါသည်​။
သစ်​ပင်​၊ သီးနှံ၊ ပန်းမန်​နှင့်​ အစားအ​သောက်​ဆိုင်​ရာ ​ဝေါဟာရများတွင်​ ကွဲပြားမှုရှိ​သော ​ဝေါဟာရများမှာ -
မြောက်​ဦး​ဒေသိယစကား
သားလှ​ကျေးဇူးပင်
ချရားပန်း
ရိုးလှသန္တာပန်း
ဝါးတုတ်
ပါပရာ
ဗန်း​မော်​​ဒေသိယစကား
ခွေး​သေးပန်းပင်
ခ​ရေပန်း
ဆိတ်​ထလူးပန်း
မျှစ်
ငါးမုန့်
သစ်​ပင်​၊ သီးနှံ၊ ပန်းမန်​နှင့်​ အစားအ​သောက်​ ဆိုင်​ရာ ကွဲပြားမှုရှိ​သော ​ဝေါဟာရများကို ​လေ့လာကြည်​ရာတွင်​ ​ဝေါဟာရ ဖန်​တီးပုံ၊ စိတ်​ကူးစိတ်​သန်း၊ အ​တွေးအမြင်​ ရှု​ထောင့်​များမတူညီပုံကို ​တွေ့မြင်​နိုင်​သည်​။``ငါးမုန့်​´´ကို ပါပရာ ´ဟု​ခေါ်ခြင်းမှာ အခြားဘာသာစကားမှ အသံလှယ်​​မွေးစားခြင်းဖြစ်​ပါသည်​။ ဗန်း​မော်​ ​ဒေသိယစကားတွင်​ဆိတ်​ဖလူးပန်း´ကို ​မြောက်​ဦး​ဒေသိယစကားတွင်​ `ရိုးလှသန္တာပန်း ´ ဟု​ခေါ်ခြင်းမှာ သန္တာ​ကျောက်​ကဲ့သို့ နီမြန်းလှ​သော ရိုးတံရှိ​သောပန်းဟု စိတ်​ကူးတစ်​မျိုးဖြင့်​ ​ခေါ်​ဝေါ်ခြင်းဖြစ်​သည်​ဟု ယူဆပါသည်။
သစ်​ပင်​၊ သီးနှံ၊ ပန်းမန်​နှင့်​ အစား​အ​သောက်​ဆိုင်​ရာ ​ဝေါဟာရများတွင်​ ဆက်​စပ်​မှုရှိ​သော ​ဝေါဟာရများမှာ -
မြောက်​ဦး​ဒေသိယစကား
တို့စား
ရေပူ
ရှက်​ပင်
ငါးဆမာ
လိပ်​ပြာပင်
ဗန်း​မော်​​ဒေသိယစကား
တို့ စရာ
ရေ​နွေး
ထိကရုံးပင်
ငါးဆားနယ်
စွယ်​​တော်​ပင်
သစ်​ပင်​၊ သီးနှံ၊ ပန်းမန်​နှင့်​ အစားအ​သောက်​ ဆိုင်​ရာဆက်​စပ်​မှုရှိ​သော ​ဝေါဟာရများကို ​လေ့လာကြည်​​သောအခါ ​ဝေါဟာရများ၏ အ​ခေါ်အ​ဝေါ်များနှင့်​ ပတ်​သက်​၍ အမည်​မှည့်​​ခေါ်ပုံများကို စိတ်​ဝင်းစားဖွယ်​​တွေ့ရှိရပါသည်​။ ထိုအမည်​မှည့်​​ခေါ်ပုံများသည်​ တိုင်းရင်းသားတို့၏ စိတ်​ကူး၊ အ​တွေးအ​ခေါ်၊ ကြံဆမှုများပါဝင်​​နေသည်​ကို ​တွေ့ရပါသည်​။

Leave Myanmar Mother Language Learning Part(4) to:

Written by

Read more #esteem posts


Best Posts From zawhtet

We have not curated any of zawhtet's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From zawhtet