
Mother language Learning part (2)
မြောက်ဦးဒေသိယစကားနှင့် ဗန်းမော်ဒေသိယစကားတို့ရှိ ဝေါဟာရတို့ကို နှိုင်းယှဉ်လေ့လာတင်ရာ၌ ဝေါဟာရတို့၏ တူညီမှု၊ ကွဲပြားမှု၊ ဆက်စပ်မှုတို့အပေါ် အခြေခံ၍ လေ့လာထားပါသည်။
၁။ အလေ့လာခံဒေသများ
၂။ ဒေသိယစကားများ
၃။ မြောက်ဦးဒေသိယစကားနှင့် ဗန်းမော်ဒေသိယစကားနှိုင်းယှဉ်လေ့လာချက်
၎။ ခြုံငုံသုံးသပ်ချက်ဟူ၍ အပိုင်းများခွဲကာ တင်ပြမည်ဖြစ်ပါသည်။
၁။ အလေ့လာခံဒေသများ
မြောက်ဦးဒေသိယစကားသည် မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်ရှိပြီး ဗန်းမော်ခရိုင်သည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းတွင်ရှိသော ဒေသဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အနောက်ပိုင်းတွင်ရှိ မြောက်ဦးဒေသိယစကားနှင့် မြန်မာနိုင်ငံ၏ မြောက်ပိုင်းတွင်ရှိသော ဗန်းမော်ဒေသိယစကား တို့ကို နှိုင်းယှဉ်လေ့လာတင်ပြမည်ဖြစ်ပါသည်။
၂။ ဒေသိယစကား
ဘာသာစကားများတွင် ယေဘုယျအားဖြင့် ပြောဆိုသုံးနှုန်းမှု အပေါ်မူတည်၍ စံစကားနှင့် ဒေသိယစကားဟူ၍ နှစ်မျိုးရှိသည်။
စံစကားကို မြန်မာပြည်ရှိ လူအများနားလည်လက်ခံနိုင်သော စကား၊ လူအများပြောဆိုနေသောစကား၊ ကျောင်းသုံး၊ ရုံးသုံးစကားဟု အဓိပ္ပါယ် သတ်မှတ်နိုင်ပါသည်။
ဒေသိယစကားနှင့်ပတ်သက်၍ ပညာရှင်များ၏ အယူအဆကိုတင်ပြရလျှင် ``ဒေသိယစကား သည် သဒ္ဒါ၊ ဝေါဟာရအားဖြင့် သီးခြားဖြစ်ပြီး ဒေသနှင့်လူ့အဖွဲ့ အစည်း ဆိုင်ရာတို့၏ ကွာခြားမှုကြောင့် ဖြစ်ပေါ်လာသော အသွင်ကွဲ ဘာသာစကားဖြစ်သည်။ အပြောဒေသိယစကားသည် လေသံ သို့မဟုတ် ကွဲပြားနေသော အသံထွက်များ ပါဝင်သည်။
လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ရပ် သို့မဟုတ် သွားလာရန်ခက်ခဲ့သော ရေမြေဒေသရှိ လူအများပြောဆိုနေသောစကားသည် မည်သည့်ဘာသာစကားတွင်မဆို ဒေသိယစကားဖြစ်လာနိုင်ပါသည်"ဟူ၍ ဖွင့်ဆိုထားပါသည်။
Leave Mother language Learning part (2) to:
Read more #esteem posts
Best Posts From zawhtet
We have not curated any of zawhtet's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From zawhtet
- Myanmar Mother Language Learning Part(4)
- Myanmar Mother Language Learning
- The Autobiography Of A Rupee(2)
- The Autobiography of A Rupee
- Mother language Learning part (2)
- Mother Language Leaning Part (1)
- Theravada And Mahayana Comparison (2)
- Theravada & Mahayana Comparison
- An Unforgettable Day (1)
- It is Sure - And Are You Sure?