winnaingoo avatar

လူသားဆိုသည်​မှာ

winnaingoo

Published: 08 Aug 2018 › Updated: 08 Aug 2018လူသားဆိုသည်​မှာ

လူသားဆိုသည်​မှာ

လူသားဆိုသည်

လူဆိုသည်​မှာခန္ဓရုပ်​များကိုဝိညဉ်​ဖြင့်​​မောင်းနှင်​​ခံ​နေ​ရ​သောသက်​ရှိ
သတ္တဝါဖြစ်​သည်​။
မြေကမ္ဘာဆိုသည်​ကား
မြေဖြင့်​သွန်း​လောင်းခံရသူ
တို့ကိုအသက်​ထည့်​​ပေးပြီး
လှုပ်​ရှားလည်​ပတ်​​စေ​သော
နေထိုင်​ရာဖြစ်​ပီး ထိုဌာနတွင်
ရုပ်​ခန္ဓာကိုပျက်​​ကြွေ​စေကာ
လူ့​ဘောင်​ကိုနိဂုံးချုပ်​​စေပီး
ရုပ်​ကလပ်​ကိုပထဝီ​မြေသားနှင့်
ရော​နှော​စေကာ အသက်​ဟူ
သောရူးဟ်​ဝိညဉ်​ကို
ကိုရုပ်​မှခွဲခွာ​စေလျှက်​ ဝိညဉ်
ကမ္ဘာသို့ ပို့​ဆောင်​​စေလိုက်
ခြင်းကိုပင်​ ​သေခြင်းဟု​ခေါ်ဆို
လိုက်​ကြ၏။
အမှန်​မှာ လူသားသားအကယ်
စင်​စစ်​​သေဆုံးခြင်းမဟုတ်
ခန္ဓသာပျက်​သုန်းခြင်းဖြစ်​ပြီး
ဝိညဉ်​​လောကတွင်​ဆက်​လက်
ရှင်​​နေရ​ပေသည်​။(အစ္စလာမ်​ယုံကြည်​ချက်​)

လူသားသည်​ပထမအစတွင်
ကမ္ဘာဦးအချိန်​တွင်​ လူအနည်းစုဖြစ်​​နေပြီး ထွန်​ယက်​စိုက်​ပျိုး
မူစားသုံးမူနှင့်​အရှင့်​​အေဗာဒတ်
ခဝပ်​မူများသာရှိပြီး ပြသနာ
နည်းပါးခဲ့သည်​။
တဖြည်းဖြည်းလူများပြားလာ
သောအခါ အဝတ်​အစားချုပ်​ခြင်း၊​ဆေးဝါးကုသခြင်း၊အိမ်​များ​ဆောက်​လုပ်​ခြင်း၊စသဖြင့်
လိုအပ်​ချက်​များ​ပေါ်ထွက်​လာခဲ့
ပြီး အလုပ်​ပိုများလာခဲ့သည်​။
ခေတ်​ဦးကာလမှ​ခေတ်​လယ်
ကာလတွင်​လူများအတန်​ပင်​များပြားလာသဖြင့်​ ရွာများ
တည်​​ဆောက်​ခြင်း၊ထွန်​ယက်
စိုက်​ပျိုးရခြင်း၊ကျန်းမာ​ရေးကု
သ​ရေးအတွက်​​ဆေးဝါး​ဆေးကု
အတတ်​ပညာရှာခြင်း၊​ဆေးကု
ပေးရခြင်း၊တရားစီရင်​ရခြင်း၊
အုပ်​ချုပ်​မူ​ခေါင်း​ဆောင်​များ
တင်​​မြှောက်​ခြင်း၊အုပ်​ချုပ်​​ရေး
စီမံခြင်း၊ယင်းအတတ်​ပညာများကိုသင်​ယူခြင်း၊အဝတ်​ထည်​များကိုယက်​လုပ်​ခြင်း၊ဖြန့်​ဖြူးခြင်း၊​ဘေးအန္တ
ရာယ်​များကိုကာကွယ်​ခြင်း၊
လူလူချင်းအန္တရာယ်​များကို
ကာကွယ်​ခြင်း၊စာ​ပေများသင်​ကြားခြင်း၊​ကျောင်းများဖွင့်​ခြင်း
စသဖြင့်​အလုပ်​များပိုမိုလာကြ
ပါသည်​။
ခေတ်​​နှောင်း
============
ယခု​ခေတ်​​နှောင်းကာလတွင်
လူသားများသည်​အသိပညာ
ပိုင်းတွင်​ပိုမိုတိုးတက်​လာကြပြီး
လူ​နေမူများမြင့်​မားလာကြပါ
သည်​၊ အလုပ်​အပိုများလည်း
အလွန်​များပြားလာကြပြီး
ပျောရွင်​ဖွယ်​ရာများ စိတ်​ကြည်
နူးဖွယ်​ရာများ​နောက်​သို့သာ
လိုက်​​နေကြပြီး အချိန်​ကုန်​​နေ
ကြသူများပါသည်​။
ပြောင်းလဲလာ​သောလူ့အဖွဲ့
အစည်းကလည်း​ငွေမရှိလျှင်
အရာမဝင်​သလိုမျိုး​အောက်​ကျ
နေသလိုမျိုးအချိန်​ဖြစ်​လာပါသည်​။
အစ္စလာမ်​အမြင်
=============
ကျွနု​ပ်​သည်​အစ္စဘာသာဝင်​ဖြစ်
သည့်​အတွက်​ အစ္စလာမ်​သ​ဘောထားကိုဦးစွာတင်​ပြမည်​။
အစ္စလာမ်တို့၏အ​လေးပြုရာ
ကုရ်​အာန်​ကျမ်းစာအရ
လူသားများနှင့်​ဂျင်​(မျိုးကွဲဖန်
ဆင်းခံရသူအမျိုးအစား)တို့ကို
အောလ္လာအရှင်​မြတ်​အားခဝပ်
ကိုးကွယ်​ရန်​အတွက်​သာဖန်
ဆင်းခြင်း၏ရည်​ရွယ်​ချက်​ဖြစ်​သည်​။ခေတ်​ကာလ၏​ပြောင်းလဲမူများတိုးတက်​မူများအရာ
ရာသည်​အစ္စလာမ်​များလိုက်
လျောညီ​ထွေ​နေ​စေရန်​သာ
ရည်​ရွယ်​ပြီး ​အေဗာဒတ်​ခဝပ်
ကိုးကွယ်​မူကိုသာဦးတည်​ထား
ပါသည်​။
အစ္စလာမ်​ပန်းတိုင်

အစ္စလာမ့်​ပန်းတိုင်​သည်
ယခုပ​စ္စေခကာလဘဝပန်းတိုင်
ကိုအသာ​ပေးခြင်းမရှိဘဲ
နောင်​အနာဂတ်​ကာလကိုသာ
အောင်​မြင်​မူရ​စေရန်​တိုက်​တွန်း
နိုး​ဆော်​ထား​ပေသည်​။

အစ္စလာမ်​တမန်​​တော်​မုဟမ္မဒ်
ကိုလည်းလူ့ဘဝသည်​ကစား
ခုံပွဲဖြစ်​​ကြောင်း အားမကျဖို့
သတိ​ပေးလမ်းညွန်​မူကို ကုရ်​အာန်​ကျမ်းတွင်​မိန့်​မှာခဲ့​ပေ
သည်​။
ကုရ်​အာန်​ကျမ်းတွင်​ထင်​ရှား
သော​တောင်းဆု​တော်​တစ်​ပုဒ်​ပါရှိ​ပေသည်​။ယင်းမှာ
ရဗ္ဗနာအာ​တေ့နာဖွစ်​ဒွန္နယာဟစနတန်​ဝဖွလ်​အာ​ခေ့ရ​တေ့ဟာစနာ။
အို-​မွေးမြူဖန်​ဆင်း​တော်​မူ​သော
အရှင်​မြတ်​​လောကတွင်​လည်း
အ​ကောင်းများ​ပေးပါ​နောင်​တမလွန်​တွင်​လည်းအ​ကောင်း
များ​ပေးပါဟုဆုမွန်​​ချွေခိုင်း
ခြင်းဖြစ်​ပါသည်​။
အဆိုပါကုရ်​အာန်​ကျမ်းဗျာဒိတ်​အရ​လောကတွင်​လည်း​ကောင်း
မွန်​မူရရှိ​ရေးအ​ရေးဆိုနိုင်​သဖြင့်
အ​ကောင်းများရရှိ​ရေးအလုပ်​များကိုလုပ်​ကိုင်​နိုင်​ခြင်းမှာ
အငြင်းပွားဖွယ်​မရှိ​တော့ပါ​ပေ။
အထက်​ပါ ရဗ္ဗနာအာ​တေ့နာ
ဆု​တောင်​အာယာတ်​ကို
အစ္စလာမ့်​ခလီဖွာကြီးအလီ
သခင်​ကအကျယ်​ဖွင့်​ရာတွင်
လောကတင်​မ​သေယုံစား
သောက်​ခြင်းကိုဆိုလိုပါသည်
ဟုမိန့်​ခဲ့သည်​။

ငွေ​ကြေးချမ်းသာကြွယ်​ဝမူကို
အစ္စလာမ်​ကခွင့်​ပြုသလား?
=============================
အမှန်​ကိုသာဆိုရလျှင်​အစ္စလာမ်
သည်​တစ်​ဦးခြင်း​ငွေ​ကြေးဥစ္စာ
ကို​လောဘတစ်​ကြီးမတရားရှာ ဖွေခြင်း၊ ​လောကစည်းစိမ်​ချမ်း
သာကိုခံစားခြင်း၊​လောကီကိုအသာ​ပေးခြင်းတို့ကို
လုံးဝခွင့်​မပြု​သောသာသနာဖြစ်
သည်​ကို​မြောက်​များစွာ​သော
ကုရ်​အာန်​ဟဒီးများက​သက်
သေခံ​နေကြသည်​။

ချမ်းသာကြွယ်​ဝစွာ​နေနိုင်​သလား?

ချမ်းသာကြွယ်​ဝခြင်းသည်
အဆိုးများကိုဖြစ်​​စေသည်
မာနကိုဖြစ်​​စေသည်​ ပညာဂုဏ်​ကို​မောက်​​စေသည်​ မထိန်းနိုင်​လျှင်​အကုသိုလ်​ကျူးလွန်​သူဖြစ်​​ပြောင်းနိုင်​သည်​ ​အောလ္လာအရှင်​အချစ်​​တော်
သူ​တော်​စင်​များကို ချမ်းသာမူ
မ​ပေးအပ်​​ပေ။(တစ်​ချို့က
ဟဇရတ်​ရှိုက်​အဗ္ဗဒွလ်​ကာ​ဒေဂျီ
လာနီသခင်​ကိုချမ်းသာသည်​ဟု
ထင်​ကြသည်​ သခင်​သည်
ကျောင်း​နေစဉ်​ကာလကတည်း
က​နေ့များစွာအငတ်​​နေရရှာ
သည်​ သက်​တန်းတစ်​ခုလုံး
အစာမစားခဲ့ရသည်​ကများသည်​ကိုသခင်​ကြီး
ကိုယ်​​ရေးရာဇဝင်​စာ​ပေများ
တွင်​​တွေ့နိုင်​ပါသည်​)
ထိုသို့​သော်​အချက်​များဖြစ်​​ပေါ်
ပါက​အောလ္လာအရှင်​မြတ်​နှင့်
ဝေးကွာ​စေပါသည်​။
သို့​သော်​​ခေတ်​ဦးပညာရှင်​များ
အေမမ်​အဘူဟနီဖွာသခင်​နှင့်
ကြီးကျယ်​​သောအိုလမာ ပညာရှင်​များအားလုံးက
ဟလာလ်​နည်းဖြင့်​ရှာ​ဖွေခြင်း
ဇကားသ်​တာဝန်​​ကျေခြင်း
သူဆင်းရဲများကို​ပေးကမ်းခြင်း
ဆွေမျိုးများကို​ပေးကမ်းခြင်း
မိတ်​​ဆွေများအားကူညီခြင်း
အ​ရေးကြီးလျှင်​သာသနာအတွက်​သုံးစွဲမည်
ချမ်းသာမူအတွက်​မာနမထား
ပါကချမ်းသာ​အောင်​​ငွေ​ကြေးရှာ​ဖွေနိုင်​ပြီး လူချမ်းသာ
အဖြစ်​​နေထိုင်​နိုင်​​ကြောင်း
သတ်​မှတ်​ပါသည်​။
တ​စောင်​ဝုဖ်​လမ်းစဉ်​မှအာလင်​များမရှာအစ်​သူ​တော်​စဉ်​များ
က​တော့လက်​မခံကြပါ။
သူတို့အ​ခြေအ​နေက​တော့
လောကကို​ကျောခိုင်းထားသူများဖြစ်​သဖြင့်
သင့်​​တော်​​ပေသည်​။

ဆက်​ရန်​!

ဆက်​ရန်

https://m.facebook.com/story.php?story_fbid=243826039788093&id=100024820968137

2018_08_08_16_05_11.jpg2018_08_08_16_05_11.jpg

Leave လူသားဆိုသည်​မှာ to:

Written by

2018

Read more #myanmar posts

Best Posts From winnaingoo

We have not curated any of winnaingoo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From winnaingoo