အွန်လိုင်းပေါ်ကချစ်ဒဏ်ရာ
ယနေ့လူတိုင်းတွေ့ကြုံခံစား
နေရတာလူတိုင်းနီးနီးမကင်း
နိုင်တာကတော့ ဖုန်းအသုံးပြု
ခြင်းနဲ့အွန်လိုင်းကိစ္စမျိုးစုံပါ
ဘဲ၊ ငွေကြေးပြည့်စုံသူဖြစ်စေ
မပြည့်စုံသူဖြစ်စေ အရွယ်
ရောက်သူတိုင်းဟာ ဖုန်းကလေးတစ်လုံးတော့ အများ
နည်းတူ ကိုင်ချင်ကြပါတယ်၊
ဖေ့စ်ဘုတ်သုံးမယ် ချက်မယ်
ဒါဟာ လူငယ်များအတွက်မရိုးနိုင်မဲ့ တေးတစ်ပုဒ်ပါဘဲ၊
မရိုးနိုင်တဲ့တေးသွားကိုသီ
ဆိုတီးခတ်နေသူများစွာထဲက
တစ်ယောက်ကတော့ ချောစု
ပါ၊ ရပ်ကွက်ထဲမှာ အိမ်တစ်
လုံးငှားနေပြီး သင်တန်းတစ်ခု
တက်နေသလိုလို စီးပွားရေး
လုပ်ငန်းလုပ်သလိုလိုမျိုးမိန်း
ကလေးဖြစ်ပြီး အသက်က
နှစ်ဆယ့်သုံးနှစ်ခန့်ဖြစ်ပြီး
ရုပ်ရည်သင့်တင့်ကာ မျက်နှာ
ထားချိုတာရယ် ပြင်ဆင်
တတ်တာရယ်ကြောင့်မြင်ရ
သူ ဆန့်ကျင်ဘက်ပုရိသများ
နှစ်ခါပြန်ကြည့်ခံရတတ်သူပါ၊ အခုဖေ့စ်ဘုတ်သုံးရင်းဖရင့်
ကနေ ချစ်ရေးဆိုခြင်းခံနေရ
လို့ ဂျင်းမမိအောင်မမှားရလေအောင် လေ့လာကြည့်
နေတယ်၊ ချောစု လိုင်းပေါ်
က တော်ကီမင်းတစ်ယောက်
ကို သတိထားနေတယ် တော်ကီမင်းကလည်း ချက်လို့ရပြီ
စကားပြောလို့ရပြီဆိုတာနဲ့
အဆင့်မကျော်ဘဲ ရိုးရိုးလေး
တက်လာတယ်၊ တခြားသူ
တွေလို အခုတွေ့အခုချိန်း
အခုတည်းခိုခန်းခေါ်တာတွေ
လည်းသိပ်မလုပ်ရဲဘူး အဆင့်ရှိတဲ့မိန်းကလေးတွေ
ကတော့ချက်ခြင်း မလုပ်ကြ
ဘူး၊ ချောစုငယ်ကလည်း
နပ်ပါတယ် သူ့ဆီချဉ်းကပ်
လာတဲ့ကောင်လေးကို ဗီဒီယို
ချက်လိုက်တယ် ရုပ်ကမစိုး
ဘူးသန့်တယ် ဝတ်စားဆင်
ယဉ်မူကလည်း အမြင့်ကြီး
မဟုတ်ပေမဲ့ မနိမ့်ဘူး အပြော
အဆိုကလည်းညက်တယ်
အပေအတေတော့မဟုတ်နိုင်
ဘူးမှတ်ချက်ချတယ်၊ ချက်ချင်းအပြင်မှာတွေ့ဖို့မပူစာ
ဘူး စကားကောင်းကောင်း
ပြောတယ် အကူအညီလိုရင်
ပြောပါကူညီမယ်စသဖြင့်
စကားပြောရင်းတစ်ယောက်နဲ့တစ်ယောက်ရင်းနှီးလာပြီး
ပြောရဲဆိုရဲလာပြီဆိုမှ ဆိုင်
တစ်ဆိုင်မှာစကားပြောဖို့
တွေ့ကြတယ်၊ ကောင်လေး
နာမည်က စည်သူ မိဘမရှိ
တော့ဘူး အဒေါ်နဲ့နေတယ်
ပွဲစားတစ်ဖက်လုပ်တယ်
စာပေးစာယူတက်နေတယ်
လောက်သိရတယ်၊ ရုပ်ရည်မ
ဆိုဘူး အသားမဖြူမညို
အသားလတ်ပေမဲ့ စတစ်
ကော်လံအဖြူနဲ့ သပ်သပ်ရပ်
ရပ်ဝတ်ထားပြီး စကားပြော
ညင်သာလို့ခင်မင်စရာမျိုး
ပေါ့၊ချောစုကမိဘတွေက
နယ်ကဈေးဆိုင်တွေဖွင့်ထား
ပြီး သူကမြို့ပေါ်မှာနေ လို
အပ်တဲ့ပစ္စည်းတွေတင်ပို့ပေး
တစ်ဖက်ကလည်းသင်တန်း
တက်ဘာညာပေါ့ အချမ်း
သာကြီးမဟုတ်ပေမဲ့ချို့တဲ့သူ
မဟုတ် အနေထိုင်ပိရိသူပါ။
ဒီလိုနဲ့ချောစုနဲ့စည်သူတို့
ယုံကြည်မူဖြစ်လာပြီး ချစ်သူ
ဖြစ်လာကြသည်။ စည်သူက
အဒေါ်အိမ်မှာ မသထာရေစာ
စားနေရပြီး အဒေါ်လင်ဖြစ်
သူကအမြဲပြသနာရှာနေသူ
ဟု သိရသဖြင့် စည်သူတစ်
ယောက် ချောစုအိမ်မှာအနေ
များလာသည်။ဈေးဝယ်တာတွေ ပစ္စည်းတင်ပို့တာတွေ
စည်သူကကူညီလုပ်ပေးလာ
ပါသည်။ ချောစုနယ်သို့ခဏ
ပြန်ရင်တောင် ပစ္စည်းတင်
ပေးဈေးဝယ်ပေးစိတ်ချရပြီး
ချောစုတို့ လူရွေးမှန်ပြီဟု
ပီတိဝေရလေပြီ၊ စည်သူတစ်
ယောက်လဲအချိန်တိုင်းလိုလို
ချောစုအိမ်ရောက်နေရာမှ
တစ်ခါတစ်ရံညပိုင်းပါဂျူတီ
ဝင်လာသည်။နှစ်ဖက်မိဘ
များကိုဖွင့်ပြောပြီး လက်ထပ်ရန်စီစဉ်ကာ စည်သူအတွက်
အဝတ်အစားဝယ်ပေး ငွေ
ကြေးကိစ္စများပါကိုင်ခိုင်း
လာသည်။စည်သူကလည်း
ကြွေးတာယူပေးတာစားပြီး
ပြောစရာမရှိပါ ယူမထား
သေးပေမဲ့လင်မယားလိုဖြစ်
နေပြီး ချောစုတစ်ယောက်
စည်သူကိုမရှက်တမ်းပြောရ
ရင်ချစ်ခင်စွဲလန်းနေပါပြီ၊
နောက်လနယ်ပြန်လျှင်စည်
သူကိုအလည်ခေါ်မည်မိဘ
များနှင့်တွေ့ပေးမည်၊ စီစဉ်ထားပြီးကျေနပ်ပီတိဖြစ်နေ
ချိန်ချောစုတစ်ယောက်ကြာ
ကြာပျော်ချိန်မရလိုက်ပါ။
တစ်နေ့မနက်စောစော (၈း၀၀)နာရီခန့်အချိန် ချောစု
အိမ်ရှေ့သို့အမျိုးသမီးတစ်
ဦးကလေးငယ်တစ်ယောက်
လက်ဆွဲပြီးရောက်လာသည်
"ဘယ်သူနဲ့တွေ့ခြင်လို့ပါလဲ"ချောစုကလှမ်းမေးလိုက်ရာ
"မချောစုနဲ့တွေ့ချင်လို့ပါ"
"ဟုတ်ကဲ့ကျမပါဘာကိစ္စရှိ
လို့ပါလဲအိမ်ထဲဝင်ပါ"
မမြင်ဘူးသောဧည့်သည်မို့
ပျူပျူငှာငှာကြိုဆိုရင်းက
"ညီမရယ်မပြောမဖြစ်လို့သာ
လိုက်လာရတာညီမကိုလဲ
အားနားတယ် ညီမအိမ်ကို
ဝင်ထွက်နေတဲ့စည်သူဆိုတာ
အစ်မယောင်္ကျားပါ အကျိုး
အကြောင်းသိရအောင်လာ
မေးတာပါအစ်မနဲ့စိတ်ဆိုးပြီး
အိမ်ကနေဆင်းသွားတာ(၃)
လလောက်ရှိပြီ မနေ့ကမှ
ဒီရပ်ကွက်ထဲမှာနေတဲ့ အစ်မ
အသိတစ်ယောက် စည်သူ
ကိုတွေ့နေတာကြာပြီ ဒီအိမ်ကိုအဝင်အထွက်ရှိနေတယ်
ကြည့်ရတာ ညိနေတယ်
ထင်တာဘဲ ပြောလို့ လိုက်တာပါညီမရယ် ညီမကို
အနှောက်အယှက်လဲမပေးပါ
ဘူး သားလေးကလဲ ဖေဖေ
ကြီးပြန်မလာသေးဘူးလား
နေ့တိုင်းမေးနေလို့ သားစိတ်
နဲ့လိုက်လာမိတာပါ သူစိတ်ချမ်းသာမယ်ဆိုရင်အစ်မ
ကွာပေးပါမယ်"ဆိုပြီးငိုနေပါ
တော့သည်။
ချောစုရင်ထဲမှာဆို့နင့်ကြေ
ကွဲလာသည် ။အပြစ်မဲ့သော
ကလေးငယ်နှင့်အစ်မကို
ကြည့်ရင်းစည်သူကိုဒေါသ
ဖြစ်လာသည်။ ကာမပိုင်ဇနီး
မယားရှိပါလျှက်လိမ်လည်
ပြီးမိမိကိုယ်ဖြားယောင်းသူ
လူယုတ်မာကြည့်ရတော့သူမဟုတ်သလိုမျိုး
စောစောသိရလို့ပေါ့ ယူပီးမှများသိရလျှင်မတွေး
ရဲစရာ မိဘနှင့်ဆွေမျိုးကြား
မှာခေါင်းဖော်ရဲမည်မထင်
တွေ့ကြသေးတာပေါ့စည်သူ
ရယ်။
"ကဲလူယုတ်မာ ဖြန်း"
အိမ်သို့ရောက်လာသော
စည်သူကိုတွေ့တွေ့ခြင်း
စိတ်မထိန်းနိုင်ဘဲပါးရိုက်သည့်ချောစု လက်ညိုး
ငေါက်ငေါက်ထိုးပြီးပြော
မိသည်။"နင့်မိန်းမနဲ့ကလေး
အိမ်လာသွားတယ် အကုန်လုံးငါသိပြီ နင်လူယုတ်မာ
နင်မျက်နှာမကြည့်ချင်ဘူး
ထွက်သွားအခုထွက်သွား"
ခေါင်းငိုက်စိုက်ချရင်းထွက်သွားသောစည်သူကိုကြည့်
ရင်း ချောစုမျက်ရည်တွေ
ကြလာသည်။အွန်လိုင်းပေါ်
မှာတွေ့ပြီး မစူးစမ်းမလေ့
လာဘဲအပေါ်ယံကြည့်ပြီး
ဘဝနဲ့ပုံပြီးမှားခဲ့သည်။
အွန်လိုင်းပေါ်က အချစ်ဆို
တာဖြူစင်ရိုးသားမူမပါ
ကြဘူးဆိုတာသိလိုက်ရလို့
နောင်တရလိုက်မိရင်း စိုစွတ်
နေသောမျက်ရည်များကို
သုတ်ရင်းဘဝသစ်ကိုတည်
ဆောက်ဖို့ချေလှမ်းသစ်များ
ကိုဆက်လျှောက်ရပါတော့မည်။
winnaingoo.Msu.No.74
Leave အွန်လိုင်းပေါ်ကချစ်ဒဏ်ရာ to:
Read more #myanmar posts
Best Posts From winnaingoo
We have not curated any of winnaingoo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.