အငှားကားဒရိုင်ဘဘာ၏မျက်ရည်စက်များ
အဝေးပြေးကားလမ်းမကြီး
တစ်ခုပေါ်မှာ လူငယ်တစ်
ယောက်ကားကိုခပ်မြန်မြန်
မောင်းနေသည်၊ မန္တလေးကို
ပြန်ရောက်ရန်မိုင်(၁၀၀)ကျော်လောက်ခရီးနှင်ရဦးမည်။ ဒီခရီးဟာကားဒ
ရိုင်ဘာတစ်ယောက်အတွက်
မူလောက်သည့်ခရီးမဟုတ်ပါ၊အလွန်ဆုံးကြာလှအချိန်
တစ်နာရီခွဲပေါ့၊ ပူပန်စရာ
နောက်ဆံတင်းစရာရှိလို့သာ
သက်ပြင်းအခါခါချနေမိ
သည်။ သူ့နာမည်ကမြင့်ထွေး
မန္တလေးဘုရားကြီးအနီးက
မာလကာခြံဘက်မှာနေသည်
အိမ်ထောင်သည်ဖြစ်ပြီးမိန်းမ
ကမွေးဖွားခါနီးနေ့စေ့လစိ
ကိုယ်ဝန်ဆောင်လွယ်ထား
ရသည်၊ ရပ်ကွက်ထဲမှာအိမ်
ငှားနေပြီး တက္ကစီကားအငှား
မောင်းသည် ပုံသေမောင်းနေရသည်မျိုးမဟုတ်ဘဲတစ်
ခါတရံရပ်ကွက်ထဲမှ ပိုက်ဆံချမ်းသာသူများကနံပါတ်အနက်ကားများကိုအငှား
လိုက်အော်ဒါငှားလျှင် မြင့်ထွေးကိုခေါက်စားဖြင့် အငှား
မောင်းခိုင်းကြသည်၊ အနီးအနားရှိသလိုအဝေးသို့
လည်းမောင်းပေးရသည်၊
ယခုတစ်ခေါက်မြင့်ထွေးကား
အငှားမောင်းလိုက်သည့်အချိန်မိန်းမကလည်းနေ့စိချိန်နေ့လားညလားသိ
ပေမဲ့မိန်းမဖြစ်သူတားသည့်
ကြားမှာ မွေးစရိတ်လေးမှ
ကာမိပါစေဆိုပြီး ဇွတ်မှိတ်
လိုက်မောင်းခဲ့သည်၊၊ခရီး
သည်ကလည်းအပို့သက်သက်အပြန်မပါလို့တော်သေးသည်၊ပြန်ခါနီးဖုန်းတခါ
ဝင်လာသည် နယ်မှအစ်မဖြစ်သူကဇနီးဖြစ်သူဖွားခါနီးလာ
ကူပေးနေရင်းအိမ်ရောက်နေ
သည်မို့အစ်မအသံကဖုန်း ထဲမှာကြားရသည်၊ "မြင့်ထွေးရေနင့်မိန်းမဗိုက်နာလာလို့
ငါဆေးခန်းသွားလိုက်ပီရောက်ရောက်ခြင်းမြန်မြန်
လာနော်" မှာကာဖုန်းချသွား
သည်။ မြင့်ထွေးတစ်ယောက်
အတွေးနယ်ချဲ့ရင်း ကားမောင်းလာနေသည်၊ ခေါင်း
ထဲမှာငွေအကြောင်းတွေးမိ
နေသည်၊ နယ်မှမိဘများထံ
ကလည်းအလုပ်သိပ်မဖြစ်
သည့်အချိန်ဆိုမိမိရသည့်ဖြင့်
မလောက်တိုင်း ချေးလိုက်
တစ်ခါအလကားတောင်း
လိုက်နှင့်မျင်နှာပူပြီ၊ ထပ်မချေးရဲတော့မိဘတွေက
လည်း သိပ်အပြေလည်ကြီး
မဟုတ်ရပ်ကွက်လေးထဲဈေး
ဆိုင်သေးသေးမွားမွားလေး
ဖြင့်တနိုင်စားယုံရပ်တည်နေ
ရသည်၊ မိမိကမိဘလုပ်ကြွေး
မည်စိတ်ကူးခဲ့သော်လည်း
ယခုအခါစိတ်ကူးနှင့်လက်
တွေ့ကတစ်ခြားစီဖြစ်နေရ
သည်။
မိတ္ထီလာအထွက်ဝမ်းတွင်း
မရောက်ခင်အပေါအပါးသွား
ရင်းလ္ဘက်တခွက်လောက်
သောက်လိုက်မည်ဟူသော
အတွေးကြောင့်ဆိုင်တစ်ဆိုင်
ကားသမားများနားနေကြ
ဆိုင်ရှေ့မှာကားကိုရပ်လိုက်သည်။အပေါ့အပါးသွားရင်း
လ္ဘက်ရည်တစ်ခွက်ခပ်သွက်
သောက်ရင်းဇနီသည်မျက်နှာ
ပြေးမြင်မိလာကာ စားသောက်ထားတာလေးတွေ
ရှင်းရန် စားပွဲထိုးခေါ်နေစဉ်
"ညီလေးမန္တလေးပြန်မှာလား"ဆိုမေးလာသည့်
လင်မယားဟုထင်ရသော
စုံတွဲထိုင်နေသည့်အမျိုးသား
နှင့်အမျိးသမီးတို့စူးစမ်းဟန်
မေးလာသည်၊ "ဟုတ်တယ်
အကို ခရီးသည်ပို့ပြန်လာ
တာပါ"ကြည့်ရတာလမ်းကြုံ
လိုက်ခြင်သည့်ဟန်တူသည်
ကိုယ်ကားကလည်းနံပါတ်အနက်ဆိုတော့တစ်ချို့
လည်းကိုယ်ပိုင်ကားတွေက
မတင်ကြပေမဲ့မြင်ထွေးအ
တွက်တော့ရေငတ်တုန်းရေတွင်းထဲကြသလိုမျိုးပါ၊
ဒီလိုနဲ့ကြုံကောက်သဘော
ဈေးနှုန်းသင့်သလိုကြေးနဲ့
ကောက်တင်လာခဲ့သည်၊
တစ်ယောက်တစ်သောက်
နှစ်ယောက်ကိုတစ်သောင်းခွဲ
ယူပါဆိုတော့လဲကိုယ်က
ပျောပျော်ဘဲတင်လာခဲ့သည်။
ရန်ကုန်မန္တလေး ကားလမ်းမ
ကြီးအတိုင်းမောင်းနေလာ
သောမြင့်ထွေးသည် အတွေး
နယ်ချဲ့ရင်း အပြန်ကားကြုံ
ခရီးသည်လင်မယားကို
သိပ္ပံလမ်းမကြီးမြောက်ဖက်
မဟာမြိုင်ရပ်ကွက်အတွင်း
အိမ်တစာအိမ်တွင်ချထားပေးခဲ့သည်။ ဇနီးဖြစ်သူ
ရှိနေသည့်ဆေးခန်းသို့ကား
ကိုဦးတည်လိုက်ရင်း ဆေးခန်းရှေ့အရောက်ကား
ရပ်ရင်းတံခါးအပိတ်မှာ
နောက်ခံထိုင်ခုံပေါ်တွင်ပိုက်
ဆံအိတ်အနက်ရောင်အလတ်
စားတစ်လုံးကိုတွေ့လိုက်ရသဖြင့် ယူပြီးဖွင့်ကြည့်
လိုက်ရာ တစ်သောင်းတန်
ငွေစက္ကူတစ်အုပ်နှင့် မှတ်ပုံ
တင်တစ်ခု ဖုန်းတစ်လုံး ပြီး
တော့ငါးထောင်တန်အချို့
တစ်တန်နည်းနည်း ရွှေလက်စွပ်တစ်ကျပ်သားခန့်ခပ်လေး
လေးတစ်ကွင်းကိုမြင်လိုက်
ပြီး မြင့်ထွေးရင်မောလာပါ
သည်။ အကြောင်းကြောင်း
ဖြင့်မန္တလေးသို့လာသော
လင်မယားနှစ်ယောက်ဒုက္ခ
ရောက်နေကြမလား ပူပင်မူ
တစ်ခုဖြစ်လာပြီး ဘယ်ရှာရမလဲအတွေးများနှင့်
ဇနီးသည်ရှိရာဆေးခန်းသို့
အဝင် အစ်မဖြစ်သူမှဆီးပြော
လိုက်သောစကားကြောင့်
"မြင့်ထွေးရေမင်းမိန်းမရိုးရိုး
မွေးလို့ခွဲမွေးရမယ်လို့ဆရာ
ဝန်ကပြောတယ်ပိုက်ဆံကလည်းပိုကုန်မယ်ငွေ
လေးဘာလည်းထက်ရှာဦး
မှထင်တယ်"ကြားလိုက်ရပြီး
ပိုက်ဆံအိတ်ထဲမှတစ်သောင်း
တန်များကိုမြင်လာသည်။
ပိုင်ရှင်ကိုပြန်သာမပေးရရင်
ကောင်းမှာဘဲဟူသောအတွေးများနေရာယူလာကြ
သည်။မြင့်ထွေးရင်မှာဘလောင်ဆူနေကြသည် အား
ပြိုင်လွန်ဆွဲလာသည်။ အမှန်
မှာမြင့်ထွေးသည် ဆင်းရဲသူ
မှန်သောလည်းရပ်ကွက်ထဲတွင် ရိုးသားသူကြိုးစား
သူတစ်ဦးဖြစ်ပြီး ရပ်ရေးရွာ
ရေးများတွင် အာတက်သရောကူညီတတ်သူ စာရိတ္တ
ကောင်းသူ တစ်ဦးဖြစ်ပြီး
မတရားရရှိသောငွေကြေး
မျိုးကိုမနှစ်သက်သူမျိုးဖြစ်
ပြီး ယခုလိုဘေးကြပ်နံကြပ်
ဖြစ်ချိန်တွင်မို့သာ စိတ်ကစား
နေခြင်းသာဖြစ်ပါသည်။
မြင့်ထွေးနားထဲတွင် ဖုန်းမြည်
သံလိုလို မတိုးမကျယ်အသံ
တစ်ခုကြားလိုက်မိသလိုလို
မကြာခင် နောက်ထပ်စောစောကအသံမျိုးဖုန်းမြည်သံ
ကြာလိုက်မိချိန် သတိရမိတာ
က ပိုက်ဆံအိတ်ထဲကဖုန်း
ကိုပြေးမြင်လိုက်သည်။
ပိုက်ဆံအိတ်ပိုင်ရှင်လင်မယား သူတို့မှာအခြားဖုန်း
ဖြင့်ဖုန်းကိုင်လိုကိုင်နိုး ပိုက်ဆံ
အိတ်ပြန်ရလိုရနိုး ဖုန်းဆက်နေခြင်းဖြစ်မည်။
ဒီလိုနဲ့ချီတုံချီချဖြစ်နေပြီး
ဖုန်းလဲမကိုင် နိုင်ဘဲဆေးခန်း
ဘက်ကိုမြင့်ထွေး ပြန်ရောက်လာပြန်တယ်၊ အစ်မဖြစ်သူကလဲ မြင့်ထွေးအဆင်ပြေလားမေးလာတယ် ဆေး
ခန်းကလည်းပိုက်ဆံထပ်ပေး
ရမယ် မြင့်ထွန်းအံကြိတ်လိုက်ပီး တစ်သောင်းတန်
ငါးရွက်ပိုက်ဆံအိတ်ထဲမှထုပ်
ယူလိုက်ပီး အစ်မဖြစ်သူကို
ပေးလိုက်သည်။ ဆေးခန်းအပြင်သို့ရောက်လာပြီး
တုန်ရီသောခြေလှမ်းများဖြင့်
တဖြည်းဖြည်းလှမ်းလာရင်း
ပိုက်ဆံအိတ်ထဲမှဖုန်းကိုယူ
လိုက်ပြီးစောစောက အကြိမ်
ကြိမ်ခေါ်ထားသော ဖုန်းနံ
ပါတ်ကိုနှိပ်လိုက်မိသည်။
ပိုက်ဆံအိတ်ပိုင်ရှင်လင်မယားမြင့်ထွန်းဖုန်းပြန်ခေါ်
လိုက်သဖြင့်ဆေးခန်းထိလိုက်
လာကြသည်။ မြင့်ထွန်းက
မိမိဇနီးခွဲစိတ်ခန်းဝင်ရမည်
အရေးကြီးသဖြင့်ငွေငါး
သောင်းမတတ်သာလို့ယူ
သုံးမိသည်ကိုခွင့်လွတ်ရန်
တောင်းပန်ရှာသည်။ပိုင်ရှင်
လင်မယားကစိတ်မရှိပါ
ကြောင်းယခုလိုအခက်အခဲ
များကြားမှပင်ပြန်လည်
ဆက်သွယ်ပြီးပေးသည်ကို
ချီးကျုးကြောင်းပြောပြီး
မြင့်ထွေးမိန်းမအတွက်
ကုသိုလ်ယူပါရစေပြောပြီး
ဆေးခန်းကုန်ကြစရိတ်အား
တစ်သိန်းတိတိထပ်ကူညီ
လိုက်သည်။ ယူသုံးထား
သည်ငွေငါးသောင်းကိုလည်း
ပေးရန်မလိုကြောင်းပြော
ရင်း မိမိတို့သည်နယ်မှ
ထိုက်သင့်သည်ချမ်းသာသူ
များဖြစ်ပြီး အဆင်မပြေပါက
မိမိတိုထံအလုပ်လာလုပ်ရန်
ပြောပြီး နှုတ်ဆက်ခါပြန်သွား
ကြသည်။
နှုတ်ဆက်နေရင်းမြင့်ထွေး
မျက်ဝန်းမှမျက်ရည်စတစ်ချို့စီးကြလာသည်။ ဆရာမ
လက်ထဲမှအောင်မြင်စွာခွဲ
စိတ်ပြီးသဖြင့် လာပေးသော
ကလေးကို မြင့်ထွေးပွေ့ချီ
လိက်ရင်း မျက်ရည်တစ်ချို့
စီးကြလာပြန်တယ်၊
ဝမ်းနည်းလို့ကြတာလား
ဝမ်းသာလို့ကြတာလားတော့
အငှာကားမောင်းသမားလေး
မြင့်ထွန်းမှလွဲပြီးမည်သူမှမသိနိုင်ပြီထင်ပါသည်။
ရိုးဖြောင်သောကာသမား
လေးမြင့်ထွန်းများစွာပေါ်
ပေါက်ပါစေလို့ဆုတောင်း
လိုက်ပါသည်။(
Leave အငှားကားဒရိုင်ဘဘာ၏မျက်ရည်စက်များ to:
Read more #mynamar posts
Best Posts From winnaingoo
We have not curated any of winnaingoo's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.