AungThura avatar

ဓမ္မ

wealthmaster

Published: 28 Jun 2018 › Updated: 28 Jun 2018ဓမ္မ

ဓမ္မ

🌅စိတ်ကောင်းနဲ့ မိတ်ကောင်း🌅

ကိုယ့်မှာ ဗီဇ အင်မတန်ကောင်းခဲ့တယ်။ အတိတ်က အကြောင်းတွေလည်း ကောင်းခဲ့တယ်။ အခုလည်း အရပ်ဒေသကောင်းကောင်းမှာ နေခဲ့ရဲ့သားနဲ့ ဆရာကောင်းသမားကောင်း မိကောင်းဖကောင်း မိတ်ဆွေသင်္ဂဟကောင်းနဲ့ အပေါင်းအသင်းကောင်းကောင်း မရဘူးဆိုရင်တော့ တိုးတက်သင့်သလောက် မတိုးတက်ပါဘူး။ ကြီးပွါးသင့်သလောက် မကြီးပွါးပါဘူး။ လိမ္မာသင့်သလောက် မလိမ္မာပါဘူး။

အားလုံးပဲ သာဓက အများကြီးရှိပါတယ်။ အဇာတသတ်ဆိုတာ မင်းသားဖြစ်လာတာပဲ။ အဲ့-ရှေးကံရှိပါတယ်။ ရှေးကံရှိလို့ မင်းသားဖြစ်လာပါသော်လည်း အပေါင်းအသင်းကောင်း မရတဲ့အတွက် ဆုံးရှုံးပျက်စီးတဲ့ဘဝရောက်သွားတယ်။ 

အဲလိုပဲ အပေါင်းအသင်းကောင်း, မိကောင်းဖကောင်း, ဆရာသမားကောင်း, မိတ်ဆွေကောင်းရဖို့ဆိုတာ အင်မတန်အရေးပါအရာရောက်တဲ့ အရေးကြီးတဲ့အကြောင်းတစ်ခုပဲ။ အဲဒီလို အပေါင်းအသင်းကောင်းတွေရမှ အတ္တသမ္မာပဏိဓိမင်္ဂလာဆိုတဲ့ ကိုယ့်ဘက်က စိတ်ကောင်းရှိတဲ့ မင်္ဂလာတစ်ခုတိုးတက်လာတယ်။ 

စိတ်ကောင်းရှိမှ စိတ်ကောင်းမရှိရင် လူကောင်းမဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲတော်တော် မတော်တော် စိတ်ကောင်းမရှိရင် လူကောင်းမဖြစ်နိုင်ဘူး။ စိတ်ကောင်းရှိမှ လူကောင်းဖြစ်တယ်။ အဲ့ဒီစိတ်ကောင်းကလည်း မွေးရာပါလေးနဲ့ မလုံလောက်သေးဘူး။ မိဘကောင်း၊ ဆရာသမားကောင်း၊ အပေါင်းအသင်းကောင်းတွေရဲ့ကျေးဇူးကို အများကြီး ခံယူနိုင်မှသာ သားကောင်းသမီးမွန်တွေ ဖြစ်လာကြမယ်။

စိတ်ကောင်း မိတ်ကောင်းဟာ ချမ်းသာကြီးပွါးကြောင်းပဲ။
သားကောင်းရတနာ၊ သမီးကောင်းရတနာ ဖြစ်ဖို့အတွက်
တော်လည်းတော်၊ ကောင်းလည်းကောင်းဖို့အတွက် အတွင်းမှာလည်း စိတ်ကောင်းရှိရမယ်။ အပြင်မှာလည်း စိတ်ကောင်းရှိကြရမယ်နော်။

🍁အတွင်းစိတ်ကောင်း၊ ပြင်မိတ်ကောင်း၊ အပေါင်းရှိမှ ချမ်းသာရ🍁

🙏ရွှေဥမင်ဆရာတော်ဘုရားကြီး🙏

Leave ဓမ္မ to:

Written by

Read more #good-karma posts


Best Posts From AungThura

We have not curated any of wealthmaster's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From AungThura