Than Than Soe avatar

အမေ့အိမ်သို့ 

tthanthansoe

Published: 14 Apr 2018 › Updated: 14 Apr 2018အမေ့အိမ်သို့ 

အမေ့အိမ်သို့ 

တစ်နေကုန်FBပေါ်ကသင်္ကြန်liveလွင့်တာလေးတွေကြည့်နေဖြစ်တယ်။ဒီလိုအချိန်မျိုးမြန်မာနိုင်ငံကိုတော့အလည်ပြန်လာချင်မိတယ်။ပြန်လာပီးရေပတ်ခံထွက်မလား၊Mandat ထိုင်မလားဆိုတော့လည်း မလုပ်ချင်ပြန်ဘူးလေ။အချိန်ရရင်တရားစခန်းတော့ဝင်ချင်သား။အသက်အရွယ်ရလာတာနဲ့ အပျော်အပါးတွေ သိပ်မမက်တော့တာလားစဉ်းစားရာ။သူငယ်ချင်းတွေ ကလည်းအိမ်တွင်းပုန်းတွေဆိုတော့ အပြင်ထွက်ဖို့ တောင်သိပ်မသေချာဘူး။သင်္ကြန်အလည်ပြန်ဖြစ်ရင်တောင်အိမ်တွင်းပုန်းဖြစ်မှာသေချာသည်။ဘယ်လိုဘဲနေနေ သင်္ကြန်တွင်းတွင်မိသားစုနဲ့ အတူရှိနေချင်သည်။တစ်နည်းအားဖြင့်အိမ်ပြန်ချင်သည်။တစ်နှစ်တစ်ခေါက်လောက်မိသားစုနဲ့ အတူအချိန်ကုန်ဆုံးရန်ဆုံးဖြတ်ထားသည်။အဝေးကပိုက်ဆံထောက်ပံနိုင်ရုံဖြင့် သားသမီးတာဝန်ကျေပွန်လှသည်မဟုတ်။မိဘကိုအနီးကပ်ပြုစုစောင့်ရှောက်ရန်လိုအပ်သည်။ပထမအရွယ်မှာပညာရှာပီးပီ။အခုဒုတိယအရွယ်တွင်စီးပွားဥစ္စာရှာနေရသည်။တတိယအရွယ်ရောက်ပြန်ရင်တရားရှာရအုံးပေမယ်။ထားပါတော့လေ အမေ့အိမ်သို့ အလည်ပြန်ဖို့ လက်မှတ်ဝယ်ထားပီးပီ ဆိုတဲ့ အတွေးနဲ့ ခွင့်ရက်မြန်မြန်ရောက်အောင်စောင့်မျှော်ရင်း အမေ့အိမ်သို့ ...........။
IMG_5181.JPG
Photo Credit By Original Upload
Author@tthanthansoe(steemit)

Leave အမေ့အိမ်သို့  to:

Written by

Read more #myanmar posts


Best Posts From Than Than Soe

We have not curated any of tthanthansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Than Than Soe