ABOUT TAX
လွန်ခဲ့ သောတစ်ပတ်ခန့်ကမြန်မာနိုင်ငံအလည်ခဏပြန်သည်။လမ်းကြုံရင်း ရွှေပလ္လင်လက်ဖက်ရည်ဆိုင်ထဲ ဝင်ဖြစ်သည်။မုန့် ဟင်းခါးတစ်ပွဲ လက်ဖက်ရည်တစ်ခွက် မှာလိုက်သည် ပိုက်ဆံရှင်းတော့မြန်မာကျပ်၂၀၀၀ကျော်ကျပါ၏။မေးမြန်းကြည့်တော့အခွန်ဆောင်ရတာကြောင့်ကျသင့်တာထက်ပိုကျကြာင်းဆိုင်အကူကောင်လေးကရှင်းပြပါသည်။ကဲထားပါလေ အခွန်အကြောင်းနဲ့ ပတ်သက်ပီးနည်းနည်းလောက်ပြောပါရစေ။ဂျပန်နိုင်ငံတွင်မိမိဝင်ငွေရဲ့ 8%အခွန်ဆောင်ရသည်။အလွန်များသောပမာဏမဟုတ်ပေ။ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်ရင်းကျောင်းတတ်နေသောသူငယ်ချင်းတစ်ချို့ ရှိသည်။သူတို့ ကကျေနပ်စွာဝင်ငွေရဲ့ 8%ကိုအခွန်ဆောင်သည်။အဘယ်ကြောင့်ဆိုသော် ကျန်းမာရေးအာမခံရရှိသည်။အလုပ်အကိုင်တန်းတူအခွင့်အရေးရရှိသည် စသည်ဖြင့်အစိုးရထံမှလုံလောက်သောထောက်ပံ့မှုရရှိသောကြာင့် အခွန်ဆောင်ရသူတို့ အဖို့ ကျေနပ်မှုရရှိသည်ဟုကြားဖူးသည်။ထိုနည်းတူစွာစင်ကာပူနိုင်ငံတွင်လည်းဘာပစ္စည်းဝယ်ဝယ်7%အခွန်ဆောင်ရသည်။အခွန်တွေကိုအစိုးရကပြည်သူလူထုအကျိုးအတွက်ဘဲပြန်လည်အသုံးချစီစဉ်ပေးသည်။
ကျန်းမာရေးတွင်လည်း
နိုင်ငံသားကတ်ဖြင့်ဈေးနှုန်းသက်သာစွာဆေးကုသမှုခံယူနိုင်သည်။ပညာရေးတွင်လည်းကြိုးစားသူတိုင်းအဆင့်မြင့်ပညာရေးသင်ကြားနိုင်သည်။အစိုးရစရိတ်ဖြင့်သင်ယူနိုင်သည်။ဆင်းရဲချမ်းသာခွဲခြားဆက်ဆံခြင်းမရှိ။တန်းတူဟူသောအခွင့်အရေးရ၏။ချမ်းသာ၊ဆင်းရဲအိမ်ပိုင်ဖြင့်နေနိုင်အောင်အစိုးရကဆောင်ရွက်ပေးသည်။အသက်အရွယ်အိုမင်းလာသောအခါအစိုးရကထောက်ပံကြေးအဖြစ်ပင်စင်သဘောမျိုးထုတ်ပေးသည်စသည်ဖြင့် ကြားနဖူး၏။
မြန်မာနိုင်ငံတွင်လည်းနိုင်ငံသားတိုင်းထိုက်တန်သောအခွန်ကိုမဖြစ်မနေပေးဆောင်ကြပီး၊အစိုးရအနေဖြင့်လည်းထိုက်တန်သော ပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊လူမှုရေးစသည်ဖြင့်နိုင်ငံသားများအပေါ်တန်းတူအခွင့်ရေးပေးမည်ဆိုလျှင် နိုင်ငံသားတိုင်းကြည်ဖြူစွာပေးဆောင်မည်ဟု ထင်မြင်ယူဆမိသည်။အထူးသဖြင့်အဂတိလိုက်စားဖြင်းများကင်းဝေးအောင်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားတိုင်းတန်းတူအခွင့်အရေးစသည်ဖြင့် ရရှိမည်ဆိုလျှင်မြန်မာနိုင်ငံကြီးအနာဂတ်နောင်တစ်ချိန်ခတ်မီဖွံဖြိုးတိုးတတ်သောနိုင်ငံအဖြစ်သို့ ဧကန်မုချဖြစ်လာမည်ဟုထင်မြင်ယူဆမိပါသည်။
Photo Credit By Google Image
Author:@tthanthansoe(Steemit)
Leave ABOUT TAX to:
Read more #myanmar posts
Best Posts From Than Than Soe
We have not curated any of tthanthansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.