Than Than Soe avatar

လှ​တောသားပုံပြင်​များ

tthanthansoe

Published: 09 Apr 2018 › Updated: 09 Apr 2018လှ​တောသားပုံပြင်​များ

လှ​တောသားပုံပြင်​များ

လှတောသား စကားကပ်တော့ ဆရာတော်က လှည်းကြုံမတင်ချင်ဘူး။
စကားမများပါဘူးဆိုတဲ့ ကတိနဲ့ လိုက်ခွင့်တော့ ပြုလိုက်သတဲ့။
လမ်းမှာ ဖွတ်တကောင်ဖြတ်ပြေးတာ​တွေ့တော့ ဆရာတော်က ''တွင်းအောင်းသတ္တဝါ​များ ကျောရိုး တယ်ရှည်သကိုး'' လို့ ပြော​တော့ လှတောသားက
''တွင်းအောင်း သတ္တဝါတိုင်း ကျောရိုးရှည်ရမယ်ဆို ကဏန်းတွေဆို ရထားတွဲလိုနေမှာဗျ'' လို့ ကပ်​ပြောသတဲ့။
ဆရာတော် မျက်စောင်းထိုးတော့ လှတောသား ငြိမ်ပု သွားရော။

တစ်နေရာ​ရောက်တော့ ရေတိုက်စားလို့ ကမ်းပါးပြိုနေတာကို မြင်တော့
''သံစောင်းထက် ရေစောင်းထက်ဆိုတာ အဲဒါပေါ့'' လို ဆိုပြန်သတဲ့။
လှတောသား ပါးစပ်ပြင်လိုက်သေးတယ်၊ ပြီးမှ ပြန်ထိန်းပြီး​နေလိုက်သတဲ့။
မနေလဲ နွားရိုက်တဲ့ ကြိမ်က သူ့ကျောပြင်​ကို ​ဗျောတင်​​တော့မှာကိုး။

လမ်းခုလတ်မှာ လှည်းကိုရပ် ဆရာ​တော်ကိုလဲ ဆွမ်းကပ်ဖို့နဲ့ နွားတွေလဲ အနားပေးရင်း ဇရပ်တစ်ခုမှာ စခန်းချကြသတဲ့။

''ဟေ့ဒကာ မင်းလဲ အလကားမနေနဲ့ သွား ရေနွေးတည်ဖို့ ထင်းရှာချေ'' လို့ဆိုတော့ လှ​တောသား ထွက်သွားတယ်။
တော်တော်နဲ့ ပြန်မရောက်။
ဆရာတော်က ဆွမ်းဘုန်းပြီးလို့ ရေနွေးသောက်ချင်နေပြီ။ ဒင်းက​ပေါ်မလာ။
ဒါနဲ့​နောက်​ကလိုက်သွားကြည့်တော့မှ ဒင်းက ထင်းတုံးကို ရေနဲ့​လောင်းနေတာ တွေ့ရသတဲ့။
ဒါနဲ့ ​မေးကြည့်တော့ ''ဆရာတော်ပဲ သံစောင်းထက် ရေစောင်းထက်ဆို၊ အာ့ကြောင့် ဓားနဲ့မခွဲပဲ​ ရေနဲ့ပက်ခွဲ​နေတာ" လို့ဖြေသတဲ့။
ဆရာတော်လဲ သူ့စကားနဲ့သူဆိုတော့ အံကြိတ်​​နေလိုက်​ရတယ်။
ရေနွေးမသောက်ရတော့ စိတ်ကမကျေနပ်ဘူး။

ဒါနဲ့ သူ့ဒကာကပ်တဲ့ သင်္ဘေားသီးလေး အချိုတည်းရင်းက ''ပင်မှည့်သီးများ တယ်ချိုသကိုးကွယ့်'' လို့ ရေရွတ်သတဲ့။

ဆရာတော် ဆွမ်းကျန်ကို ကပ္ပိယနဲ့အတူဝါးနေတဲ့ လှတောသားက ကိုက်လက်စ ငရုပ်သီးမှည့်လေးပြပြီး "ဆရာ​တော်​ အဲဒါဆို ဒါမျိုး​လေးဘုန်း​ပေးပါလား" လို့ဆိုသတဲ့။

ဆရာတော့် ဒေါသဒီဂရီက မရတော့ဘူး။

နွားရိုက်တဲ့ ကြိမ်ပြေးဆွဲပြီးဆော်တော့တာ​ပေါ့။
ဒါကို ဆရာသမားက ပါးစပ်​က​နေ ''ရတနာ နှစ်ပါးကယ်တော်မူပါ'' လို့ အော်သတဲ့။

ရတနာဆိုတာ သုံးပါးရှိတာဟ ကဲဟာ ကဲဟာ ဆိုပြီး ဆက်တီးတာ​ပေါ့။
ဒါကို
''ရတနာတစ်ပါးက ကိုယ့်ကို​ဆော်နေတာ ဘယ်လိုလုပ် ကယ်နိုင်မှာလဲဘုရာ့"
လို့ ပြန်ပြောသတဲ့။ ။

😂😂😂

လှ​တောသားပုံပြင်​စာအုပ်မှကောက်နှုတ်တင်ပြလိုက်ပါတယ်။
tthanthansoe@tthanthansoe(Steemit)

Leave လှ​တောသားပုံပြင်​များ to:

Written by

Read more #myanmar posts


Best Posts From Than Than Soe

We have not curated any of tthanthansoe's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Than Than Soe