thatkozaw avatar

ကောက်​ရိုးရဲ့ သင်္ကြန်​ ဘစ်​စနစ်

thatkozaw

Published: 19 Mar 2019 › Updated: 19 Mar 2019​ကောက်​ရိုးရဲ့ သင်္ကြန်​ ဘစ်​စနစ်

ကောက်​ရိုးရဲ့ သင်္ကြန်​ ဘစ်​စနစ်


မြောင်းကျဉ်း​လေးတစ်​ခု​ဘောင်​​ပေါ်တွင်​ ကိုရင်​သုံးပါးသည်​ အထက်​​ရေစီးရာသို့ မမှိတ်​မသုံ စိုက်​ကြည့်​ရင်း တစုံတခုကို ​မျှော်​လင့်​ချက်​ကြီးစွာ ​စောင့်​​မျှော်​​နေသည်​။
တ​ယောက်​မှာ ပျင်းရိ​လေးတွဲ့စွာ ငိုက်​​နေပီး နှစ်​​ယောက်​​သောကိုရင်​မှာမှု အရန်​သင့်​အ​နေအထားဖြင့်​ ​စောင့်​​မျှော်​​နေသည်​။
များမကြာမှီ ​မြောင်းအထက်​ပိုင်းမှ တစုံတခုသည်​ ​ရေစီးနှင့်​အတူ မြုပ်​ချည်​ ​ပေါ်​ချေ ​ပေါ​လော​ပေါ​လော ​မျောပါလာ​လေသည်​။
ထိုအခြင်းရာကို ပထမဦးဆုံးမြင်​​တွေ့​သော ​ကောက်​ရိုး​ပေါက်​စ သံဝရသည်​ ဝင်းလက်​သွား​သော မျက်​လုံးတစ်​စုံနဲ့အတူ ရုတ်​တရက်​ထရပ်​လိုက်​သည်​။
နံ​ဘေးတွင်​ထိုင်​​နေ​သော ​ရွှေပ​လောင်​သည်​လည်း တပြိုင်​တည်း အတူထရပ်​ကာ သံဝရ​မျှော်​ကြည့်​ရာသို့ လိုက်​​လံရှာ​ဖွေ​တော့သည်​။

ဟား ​တွေ့ပီကွ
ဖျက်​ခနဲ​အော်​ရင်း သံဝရ ​မြောင်း​ဘောင်​​ဘေးမှ​နေ၍ ​မြောင်းအထက်​ပိုင်းသို့ ​ခြေသုတ်​တင်​​ပြေး​လေသည်​။
ရွှေပ​လောင်​လည်းမ​နေ သံဝရ​နောက်​​ပြေးလိုက်​ရင်း ​ခြေဖြင့်​လှမ်းခတ်​သည်​။ သံဝရ​ပြေးရင်း ဖယ်​လိုက်​သည်​။ ​ရွှေပ​လောင်​ ပုပ်​သည်​။ သံဝရ​ရှောင်​သည်​။ ​ရွှေပ​လောင်​ ​ထောင်းသည်​။ သံဝရတိမ်းသည်​။ ​ရွှေပ​လောင်​ ချုပ်​သည်​။ သံဝရ​ ​ဖြေသည်​သည်​။ သိုင်းကွက်​​လေးကွက်​​လောက်​ကစားအပြီး သံဝရ ဆုတ်​​ခြေနှစ်​ကွက်​​လောက်​ခင်းကာ ​ရေထဲသို့ ခုန်​ချ​လေသည်​။ ​ရွှေပ​လောင်​သည်​ ​သံဝရ​လေထဲအ​ရောက်​ သင်းပိုင်​ကို လှမ်းကာဆွဲထားသည်​။ သင်းပိုင်​မှာ တပတ်​ပတ်​ဝတ်​ထား​သော​ကြောင့်​ ​ရွှေပ​လောင်​လက်​ထဲသို့ တထည်​လုံးပါသွား​လေသည်​။ သံဝရ ခါးပန်းစီးကြိုး​လေးသာကျန်​​တော့သည့်​ ခန္ဓာကိုယ်​ဖြင့်​ ​ရေထဲသို့​ရောက်​ကျသွားသည်​။
ပလုံ
ဝုန်း
သင်းပိုင်​ပါသွား​သော်​လည်း ကိစ္စမရှိ ​ရေထဲ​ရောက်​​နေ​လေပီ။
ရေထဲ​ရောက်​​ရောက်​ခြင်းပင်​ ​မျောပါလာ​သော ကြွတ်​ကြွတ်​အိပ်​​လေးကိုဖမ်းဆုတ်​မိ​လေသည်​။
ချက်​ခြင်းလက်​ငင်း ​ဖြေကြည့်​​တော့သည်​။
``အိုး နှစ်​ရာတန်​ ဆယ်​ရွက်​ကြီး​တောင်​မှကွာ´´ ယခုမှမှီလာ​သော ​ရွှေပ​လောင်​ တပ်​မက်​စိတ်​ဖြင့် ​ရေရွတ်​လိုက်​သည်​။

``သံဝရ မင်းလွန်​လာပီ။ ​နေ့တဝက်​မကျိုး​သေးဘူး မျက်​မှန်​နှစ်​လက်​နဲ့ ပိုက်​ဆံ ​ထောင့်​​လေးရာရှိပီကွာ။ ငါနဲ့ ​နေမင်းခန့်​ညား ဘာမှမရ​သေးဘူး။ မင်းအလှည့်​​လေးဘာ​လေး​ပေးပါဦးကွ။´´
ရွှေပ​လောင်​ မ​ကျေနပ်​ကာ​ပြော​လေသည်​။

``ဟုတ်​တယ်​သံဝရ ငါဆို တပြားမှမရ​သေးဘူး​ဟျောင့်​။ ´´
နေမင်းခန့်​ညား​ခေါ် ဒက်​​ချေးလည်း မ​ကျေမနပ်​ဝင်​​ပြော​လေသည်​။

``ငါမျက်​မှန်​ တစ်​​ယောက်​တလက်​​ပေးမယ်​လို့​ပြောပီးပီ​လေ။ မင်းတို့ရတုန်းက​တော့ ငါ့ကိုဘာမှ​တောင်​မ​ပေးဘူး။ ငါပိုက်​ဆံပဲယူမယ်​ ကျန်​တာ​ပေးမယ်​​ကျေနပ်​​ရင်​​ကျေနပ်​ မ​ကျေနပ်​မယူနဲ့ဒါပဲ။ ´´
သံဝရ ပြန်​​ပြောလိုက်​သည်​။

``​ပြောသားပဲ ​ခေါင်းရိတ်​ခဲ့ပါ လက်​ကီး​ကောင်း​အောင်​ပါဆို အပျင်းကြီးပီး မရိတ်​ကြတာ​လေ။ အခုမှလာပီး သူများလက်​ကီး​ကောင်း​နေတာ မနာလို​နေကြတာ။ မရဘူး ​ဟျောင့်​​တွေ ဘစ်​စနစ်​ က ဘစ်​စနစ်​ပဲ ကိုယ်​ရကိုယ်​ယူ။´´
ဗျစ်​​တောက်​ဗျစ်​​တောက်​နဲ့သံဝရ ထပ်​​ပြောလိုက်​သည်​။

ဟိုနှစ်​​ကောင်​​ခေါင်း​လေး​တွေပွတ်​ကာ ဟုတ်​များဟုတ်​​လေမလား စဉ်းစားရင်း ​နောက်​ထပ်​​မျှောလာမည့်​ ကြွပ်​ကြွပ်​အိတ်​​တွေကို သံဝရထက်​လက်​ဦးရန်​ ​စောင့်​ကြ​တော့သည်​။

လွန်​ခဲ့​သော ဆယ့်​ရှစ်​နှစ်​ခန့်​က ဖြစ်​သည်​။
မန္တ​လေးမြို့ကျုံး​ထဲသို့ ပို့​သော ​ရေနီ​မြောင်း​ဘေးတွင်​ဖြစ်​သည်​။ ထိုစဉ်​က ​ရေနီ​မြောင်းသည်​ ဆည်​​တော်​ကြီးမှတဆင့်​ ​​ရေနီ​မြောင်းတ​လျောက်​စီးလာပီး နန်း​ရှေ့​ရေစစ်​ကန်​သို့ဝင်​​လေသည်​။ ​ရေစစ်​ကန်​တွင်​ လမ်းတ​လျောက်​ ပါလာခဲ့​သော အမှိုက်​သရိုက်​များကို ရှင်းထုတ်​ သန့်​စင်​ပီး ကျုံးအှေရ့ဘက်​မှတဆင့်​စီးဆင်းကာ ကျုံးထဲသို့ ဝင်​​စေသည်​။ ထိုကျုံး​ရေကို မန်းသူမန်းသားများက မီတာ​ရေအဖြစ်​ ​သောက်​သုံးကြ​လေသည်​။

ရေစစ်​ကန်​သို့မဝင်​မှီ လမ်းခရီးကြာရှည်​​သော​ကြောင့်​ သန့်​စင်​စွာထားရန်​ ခက်​ခဲ​သော်​လည်း ​ရေစစ်​ကန်​မှတဆင့်​ ကျုံးထဲသို့အဝင်​လမ်း၌လည်း ​မြောင်းတ​လျောက်​ အကာအရံမထား​သော​ကြောင့်​ သင်္ကြန်​တွင်း မှုးရစ်​​သောက်​စားကာ ​ရေနီ​မြောင်းအတွင်း ​ရေဆင်းစိမ်​ကြသည်​။ (၂၀၀၅)ခုနှစ်​မှသာ စတင်​ကာ သံဇကာဖြင့်​ကာရံခဲ့သည်​)
ထို​ခေတ်​က လည်​ရင်းပတ်​ရင်းသုံးရန်​ထည့်​လာ​သော ​ငွေများအား ဂျင်း​ဘောင်းဘီထဲသို့ ကြိပ်​ကြိပ်​အိပ်​ဖြင့်​ ထည့်​လာကြသည်​။ ​မဏ္ဍပ်​​ရှေ့တွင်​ မကျ​သော်​လည်း ​ရေထဲသို့ဆင်းရာတွင်​ ကြွတ်​ကြွတ်​အိပ်​သည်​ ​ရေ​ပေါ်သို့​ပေါ်ကာ ​မျောပါ​လေ့ရှိသည်​။ မျက်​မှန်​များ ဦးထုတ်​များလည်း ပါလာတတ်​သည်​ကို သံဝရတို့သုံး​ပါးသည်​ ​ကျုံးထိပ်​တွင်​​စောင့်​၍ ဂွင်​​ကျော​တွေ့​နေ​လေသည်​။

ထိုဘိကိုစတင်​​တွေ့သူမှာ ​ရွှေပ​လောင်​ဖြစ်​သည်​။ သူသည်​မနှစ်​က ကိုရင်​မဟုတ်​။ ​ရေသန့်​ဘူးလိုက်​​ကောက်​ရင်း ထို​နေရာကိုသိလာသည်​။ ယခုနှစ်​တွင်​မှု သံဝရနှင့်​ ​နေမင်းခန့်​ညား ​ခေါ် ဒက်​​ချေးကို​ခေါ်၍ သင်္ကြန်​တွင်းစီးပွား​ရေး လာလုပ်​ကြခြင်းဖြစ်​သည်​။

ထိုစဉ်​က ညစာ အခက်​အခဲရှိကြ​သော သံဝရတို့ သင်္ကြန်​ပီးတာနဲ့ နဒီ​ချောင်း​ဘေးတွင်​ ​ပေါက်​​သော ကစွန်းရွက်​နဲ့ တထုတ်​ငါးကျပ်​တန်​ ငါးပိကို အရည်​​ဖျော်​ဟင်းအား မ​ထေမဲ့မြင်​ပြုခဲ့ကြ​သောအချိန်​ဖြစ်​သည်​။ ည​နေတိုင်းအုပ်​စက်​ဟု​ခေါ်​သော ရပ်​ကွက်​ထဲသို့သွား၍ တပွဲ တစ်​ဆယ်​တန်​ ရှမ်း​ခေါက်​ဆွဲ နှစ်​ပွဲမှာကာ ဗိုက်​​ခွေးနမ်း​အောင်​ စား​သောက်​ပလိုက်​​လေ့ရှိသည်​။
တကားသုံးကျပ်​တန်​ ဗီဒီယိုလည်း အဝကြည့်​ပလိုက်​သည်​။

ယခုလို တူးပို့တူးပို့သံ​လေးများကြားရင်​ ထိုစဉ်​က လွမ်း​မောစရာ​လေး​တွေ လွမ်း​မောမိ​သည်​။
မန်းသင်္ကြန်​ကို ထိုစဉ်​ကတည်းက ​ကောက်​ရိုးချစ်​ခဲ့တာပါ။
အခုထိလည်း သင်္ကြန်​ဆို ​ရေနီ​မြောင်းသွား​နေဆဲပဲ။
အရင်​လို​တော့ ဘစ်​စနစ်​လုပ်​လို့မရတာပဲကွာတယ်​။

MSC 005
That Ko Zaw

Leave ​ကောက်​ရိုးရဲ့ သင်္ကြန်​ ဘစ်​စနစ်​ to:

Written by

I love Steemit

Read more #myanmar posts


Best Posts From thatkozaw

We have not curated any of thatkozaw's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From thatkozaw